ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်

ဝီကီပီးဒီးယား မှ
ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် လီမိတက်
Ayeyarwaddy Farmers Development Bank
အမျိုးအစားပုဂ္ဂလိကဘဏ်
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၂၂ ဒီဇင်ဘာ ၂၀၁၄
ဌာနချုပ်ပုသိမ် ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များဦးဇော်ဝင်းရှိန် (ဥက္ကဋ္ဌ)
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ “A” Bank ရုံးချုပ်ပုံ

ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် (အင်္ဂလိပ်: Ayeyarwaddy Farmers Development Bank; အတိုကောက် A Bank) သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး ၂၂ ဒီဇင်ဘာ ၂၀၁၄ ခုနှစ်တွင် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာ နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ စတင် တည်ထောင်ခဲ့သည်။[၁] ဘဏ်ရုံးချုပ်များကို အမှတ်(၁၀၈)၊ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗိုလ်ချို (၁) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး နှင့်အမှတ်(၃၃)၊ မဟာဗန္ဓုလလမ်းနှင့် မြိုင်ဟေမာလမ်းထောင့်၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဖွင့်လှစ်ထားသည်။ ဦးဆောင်တည်ထောင်သူမှာ ဦးဇော်ဝင်းရှိန် ဖြစ်သည်။[၂][၃][၄] ၂၀၂၂ အချက်အလက်များအရ မူဆယ်၊ တာချီလိတ်၊ ကော့သောင်း၊ ပဲခူး၊ မကွေး၊ မော်လမြိုင်၊ မြဝတီ၊ နေပြည်တော်၊မန္တလေး စသည်တို့တွင် ဘဏ်ခွဲပေါင်း ၃၈ ခု ဖွင့်လှစ်ထားသည်။[၅]

ဘဏ်သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဧရာဝတီ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (ခေါ်) A bank (အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်) ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၃/၂ဝ၁၄ နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။[၆]

ဝန်ဆောင်မှုများ[ပြင်ဆင်ရန်]

ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ် ငွေလွှဲဝန်ဆောင်မှုအား ထိုင်းအခြေစိုက် Kasikorn Bank နှင့် ဆောင်ရွက်ခွင့်ရရှိထားသည်။[၇] ထိုင်း-မြန်မာ ဗဟိုဘဏ်များက Designated Bank အဖြစ် ရွေးချယ်ခြင်းအား ၂၀၂၂ မတ်လထဲတွင် ရရှိခဲ့၍ဖြစ်သည်။[၈] ယင်းအပြင် မြန်မာနိုင်ငံအတွင်း ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းနှင့် ဖွံ့ဖြိုးရေးဘဏ် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသော ပုဂ္ဂလိကဘဏ်များ | Central Bank of Myanmar။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်။ 3 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  2. U Zaw Win Shein (in my-MM)။ 1 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  3. https://burma.irrawaddy.com/business/2022/09/13/254486.html
  4. "အူရီဒူးမြန်မာပိုင်ရှင်သစ် ဧရာဟင်္သာလုပ်ငန်းစုမှ ဇော်ဝင်းရှိန်ဖြစ်နိုင်" (in my)၊ Myanmar NOW 
  5. Branches (in my-MM)။ ၁ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  6. Company Profile။ ၁ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  7. "မြန်မာ A Bank နှင့် ထိုင်း K Bank တို့ ဘတ်ငွေနှင့် ကျပ်ငွေတိုက်ရိုက်ပေးချေ ဆောင်ရွက်ခွင့်ရရှိ" (in en)၊ ဒီဗွီဘီ၊ ဒီဗွီဘီ၊ ၁၅ မတ် ၂၀၂၂။ 
  8. "ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် ဘတ်ငွေနှင့် ကျပ်ငွေတိုက်ရိုက် အသုံးပြုပေးချေနိုင်ပြီဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်" (in my)၊ Eleven Media Group Co., Ltd