မာတိကာသို့ ခုန်သွားရန်

ခရက်ဒစ် ကဒ်

ဝီကီပီးဒီးယား မှ
ပုံမှန် ခရက်ဒစ်ကဒ်တစ်ခု၏ ရှေ့ခြမ်းနမူနာပုံ
  1. ထုတ်ပေးသော ဘဏ်၏ လိုဂို
  2. EMV ချစ်ပြား ("စမတ်ကဒ်များ" တွင်သာ)
  3. ဟော်လိုဂရမ်
  4. ကဒ်နံပါတ်5598886015570046
  5. ကဒ်ကွန်ယက် လိုဂို
  6. ကုန်ဆုံးရက်22.02.2027
  7. ကဒ်ကိုင်ဆောင်သူ အမည်ThantZawOo
  8. ထိတွေ့မှုမလိုသော ချစ်ပ်
ပုံမှန် ခရက်ဒစ်ကဒ်တစ်ခု၏ နောက်ဘက်ခြမ်း နမူနာနံ
  1. ကဒ်လုံခြုံရေးကုဒ်က

ခရက်ဒစ် ကဒ် သို့မဟုတ် အကြွေးဝယ်ကဒ် သည် ငွေကြေးပေးဆောင်ရသည့် ကဒ်အမျိုးအစားဖြစ်ပြီး ဘဏ်များမှ ထုတ်ပေးလေ့ရှိကာ အသုံးပြုသူများအား ပစ္စည်းများ ဝယ်ယူရန် သို့မဟုတ် ငွေကြေးထုတ်ယူရန် ခွင့်ပြုပေးထားသည်။ ကဒ်ဖြင့် အသုံးပြုသည့် ငွေကြေးပမာဏအား အကြွေးအဖြစ် သတ်မှတ်ကာ နောက်ပိုင်းတွင် ပြန်လည် ပေးဆပ်ရန် လိုအပ်သည်။[] ခရက်ဒစ်ကဒ်များသည် ကမ္ဘာတစ်ဝန်း အသုံးပြုမှုများပြားသော ငွေကြေးပေးဆောင်မှုပုံစံများတွင် တစ်ခုအပါအဝင် ဖြစ်သည်။[]

ပုံမှန် အကြွေးဝယ်ကဒ်တစ်ခုသည် လစဉ်လတိုင်း သို့မဟုတ် ငွေစာရင်းရှင်းတမ်းတစ်ကြိမ်စီတွင် ပြန်လည်ပေးဆပ်ရန် လိုအပ်သည်။[] အကြွေးဝယ်ကဒ်သည် အသုံးပြုသူအား သုံးစွဲထားသော ငွေကြေးပမာဏအပေါ် အတိုးနှုန်းထပ်ပေါင်းကာ အကြွေးပမာဏကို စဉ်ဆက်မပြတ် ပေးဆပ်ရန် လိုအပ်သည်။

၂၀၁၈ ခုနှစ် ဇွန်လအရ ကမ္ဘာတစ်ဝန်းတွင် သုံးစွဲလျက်ရှိသော အကြွေးဝယ်ကဒ်ပေါင်း ၇.၇၅၃ ဘီလီယံ ရှိသည်။[] ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံတွင် သုံးစွဲလျက်ရှိသော အကြွေးဝယ်ကဒ်ပေါင်း ၁.၀၉ ဘီလီယံ ရှိကာ နိုင်ငံရှိ အရွယ်ရောက်သူ ၇၂.၅% တွင် အကြွေးဝယ်ကဒ် အနည်းဆုံးတစ်ကဒ် ပိုင်ဆိုင်ထားသည်။[][][][]

ကိုးကား

[ပြင်ဆင်ရန်]
  1. O'Sullivan၊ Arthur; Sheffrin၊ Steven M. (2003)။ Economics: Principles in action (Textbook)။ Upper Saddle River, New Jersey: Pearson Prentice Hall။ p. 261။ ISBN 0-13-063085-3
  2. The World Bank။ Credit card ownership (% age 15+) (in en)။ 2023-10-21 တွင် ပြန်စစ်ပြီး။
  3. Schneider၊ Gary (2010)။ Electronic Commerce။ Cambridge: Course Technology။ p. 497။ ISBN 978-0-538-46924-1
  4. Payment Cards in Circulation Worldwide Nilson Report (October 2018)။ 3 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2022 တွင် ပြန်စစ်ပြီး။
  5. Charts & Graphs Archive Nilson Report 12 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2022 တွင် ပြန်စစ်ပြီး။
  6. Payment Cards in the U.S. Projected Nilson Report 24 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2022 တွင် ပြန်စစ်ပြီး။
  7. Gabrielle၊ Natasha (19 April 2022)။ Credit and Debit Card Market Share by Network and Issuer 24 October 2022 တွင် ပြန်စစ်ပြီး။
  8. The Nilson Report (October 2019)။ 26 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 October 2021 တွင် ပြန်စစ်ပြီး။