မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်
Myanma Foreign Trade Bank
အမျိုးအစားအစိုးရဘဏ်
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်ဇူလိုင် ၄၊ ၁၉၉၀ (၁၉၉၀-၀၇-၀၄)
ဌာနချုပ်အမှတ်၊ ၈၀-၈၆၊ မဟာဗန္ဓုလပန်းခြံလမ်းကျောက်တံတားမြို့နယ်ရန်ကုန်မြို့မြန်မာနိုင်ငံ
ဝက်ဘ်ဆိုက်mmftb.com

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် သည် မူရင်းအစ ၁၉၅၄ခုနှစ်တွင်တည်ထောင်ခဲ့သော နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ် ၏ နိုင်ငံခြား လုပ်ငန်းဌာန မှ စတင်ပေါက်ဖွား လာခြင်းဖြစ်သည်။ ၁၉၆၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တိုင်းရင်းသားပိုင်နှင့် နိုင်ငံခြားသားပိုင် ကူးသန်းရောင်းဝယ်ရေးဘဏ်များအားလုံးကို နိုင်ငံပိုင်ပြုလုပ်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်၊ နိုင်ငံတော် စိုက်ပျိုးရေးဘဏ်နှင့် နိုင်ငံပိုင်ပြုလုပ်ထားသော ပုဂ္ဂလိကဘဏ်များအား ထပ်မံ ပေါင်းစည်းဖွဲ့စည်းခဲ့သည်။ ၎င်းအချိန်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ဘဏ်၊ နိုင်ငံခြားငွေဌာန အမည်ဖြင့် နိုင်ငံခြားငွေ လုပ်ငန်းများကို ဆောင်ရွက်ပေးသော တစ်ခုတည်းသော ဘဏ်လုပ်ငန်းဌာနဖြစ်သည်။ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများအား စီးပွားရေး ဆန်ဆန် ဆောင်ရွက်ရန်ချမှတ်ပေးခဲ့သော လမ်းညွှန်ချက်များနှင့် အညီဘဏ်စနစ်အနေဖြင့်လည်း စီးပွားရေး ဆန်ဆန် ဆောင်ရွက်နိုင်ရန် ၁၉၇၅ ခုနှစ် တွင် ဘဏ်ဥပဒေအသစ် ကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဘဏ်ဥပဒေ အသစ်အရ ၁၉၇၆ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ စတင်၍ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်မြန်မာ့စိုက်ပျိုးရေးဘဏ် နှင့် မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် ဟူ၍ ဘဏ်(၄)ခု ခွဲကာ ဘဏ်လုပ်ငန်း များကို လုပ်ကိုင်ခဲ့သည်။ ၁၉၉၀ပြည့်နှစ်၊ ဇူလိုင်လ(၄)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံတော် ငွေရေး ကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် ထိုနေ့တွင် ဖွဲ့စည်းတည်ထောင်ပြီး ဖြစ်သည်ဟု ပြဋ္ဌာန်း ပါရှိသဖြင့်၊ ယင်း ဥပဒေနှင့် အညီ နိုင်ငံတကာ ဘဏ်လုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိသော နိုင်ငံတော်ပိုင် ဘဏ်တစ်ခု ဖြစ်သည်။

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် သည် နိုင်ငံတကာ ဘဏ်လုပ်ငန်းများ ကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သည့် နိုင်ငံတော်ပိုင် ဘဏ်တစ်ခု ဖြစ်သည့် အားလျော်စွာ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိက ကုမ္ပဏီများ ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ၊ နိုင်ငံသားများ၊ သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ ၏ နိုင်ငံခြားငွေပေးငွေယူ ကိစ္စများကို မိမိ၏ကြီးမား ကျယ်ပြန့်ပြီး ခိုင်မာစွာ ဆက်ဆံခဲ့သော ပြည်ပ အဆက် အသွယ် ဘဏ်များမှတဆင့် ဖြစ်ပေါ်တိုးတက်လျှက်ရှိသော ခေတ်မီ နည်းစနစ်များနှင့် အညီ ချောမွေ့ လျင်မြန်စွာ ဆောင်ရွက်နိုင်မည့် အပြည်ပြည် ဆိုင်ရာ ဘဏ်လုပ်ငန်း စနစ်များဖြင့် နိုင်ငံတော်၏ ငွေရေးကြေးရေး ဝန်ဆောင်မှုကဏ္ဍ တိုးတက်မြင့်မားရေး ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။

ဖွဲ့စည်းမှု[ပြင်ဆင်ရန်]

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် အောက်ဖော်ပြပါအတိုင်း ဌာနခွဲ(၁၁)ခု ဖွဲ့စည်းထားရှိပြီး ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စအဝဝကို ဆောင်ရွက်လျက်ရှိသည်။

  • ၁။ စီမံရေးရာနှင့်ငွေကြေးဌာန
  • ၂။ ဘဏ်တွင်းစာရင်းစစ်ဌာန
  • ၃။ နိုင်ငံခြားငွကြေီးကြပ်ဌာန
  • ၄။ လေ့ကျင့်ရေးနှင့်လုပ်ငန်းဖွံ့ဖြိုးရေးဌာန
  • ၅။ သုတေသနနှင့်စာရင်းအင်းဌာန
  • ၆။ စာရင်းဌာန
  • ၇။ သွင်းကုန်ဌာန
  • ၈။ ပို့ကုန်ဌာန
  • ၉။ ငွေလွှဲဌာန
  • ၁၀။ ချေးငွေနှင့်ဘဏ်အာမခံဌာန
  • ၁၁။ အဆက်အသွယ်ဘဏ်များနှင့် SWIFT / ကြေးနန်းဌာန

လုပ်ငန်းတာဝန်များ[ပြင်ဆင်ရန်]

  • (က) နိုင်ငံခြားသုံးငွေစာရင်းများဖွင့်လှစ်ပေးခြင်း

အမေရိကန်ဒေါ်လာ၊ ယူရို၊ FEC တို့ဖြင့် နိုင်ငံခြား သုံးငွေစာရင်း ဖွင့်လှစ်ခြင်းကို လက်ခံ ဆောင်ရွက်ပေးပါသည်။ နိုင်ငံခြားသုံးငွေ စာရင်းများ ဖွင့်လှစ် အပ်နှံရာ တွင် စာရင်းရှင် အပ်ငွေ နှင့် (၆)လ ပုံသေအပ်နှံငွေဟူ၍ စာရင်း(၂)မျိုး ဖွင့်လှစ် အပ်နှံ ထားရှိနိုင်ပါသည်။

ဖွင့်လှစ်ထားရှိသောနိုင်ငံခြားသုံးငွေစာရင်းအမျိုးအစားများ

    • ၁။ သံရုံးနှင့်သံရုံးဝန်ထမ်းများ၏စာရင်းများ
    • ၂။ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏စာရင်းများ
    • ၃။ နိုင်ငံသားပိုင်ကုမ္ပဏီစာရင်းများ
    • ၄။ နိုင်ငံသားတစ်ဦးချင်းပိုင်စာရင်းများ
    • ၅။ ဝန်ကြီးဌာနများနှင့်နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏စာရင်းများ
    • ၆။ နိုင်ငံခြားသားပိုင်ကုမ္ပဏီစာရင်းများ
    • ၇။ နိုင်ငံခြားသားတစ်ဦးချင်းပိုင်စာရင်းများ
    • ၈။ နိုင်ငံခြားသားအတတ်ပညာရှင်များကျမ်းကျင်မှုအကြံပေးပုဂ္ဂိုလ်များ၏စာရင်းများ
    • ၉။ ဖက်စပ်ကော်ပိုရေးရှင်းများ၏စာရင်းများ
  • (ခ)အစိုးရဝန်ထမ်းများနှင့် ဝန်ထမ်းမဟုတ်သူများ ပြည်ပသို့ သွားရောက်ရာတွင် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နိုင်ငံခြားသုံးငွေ လဲလှယ်ပေးခြင်း နှင့် ပြန်လည် ပါရှိလာသော နိုင်ငံခြားငွေများကို ပြန်လည်လက်ခံခြင်း။
  • (ဂ)သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပြည်ပနိုင်ငံများသို့ ငွေလွှဲပေးပို့ခြင်းနှင့် ပြည်ပမှ လွှဲပို့ငွေကိုလက်ခံခြင်း။
  • (ဃ)နိုင်ငံခြားသုံးငွေချက်လက်မှတ်များ၊ငွေလွှဲလက်မှတ်များ၊ ခရီးသွားချက်လက်မှတ်များနှင့် အကြွေးဝယ်ကဒ်ပြား (Credit Card) များအတွက် ငွေ ကောက်ခံပေးခြင်း။
  • (င)မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသော နိုင်ငံခြားငွေလက်မှတ် ( နဃ ) များကို လက်ခံခြင်းနှင့် ထုတ်ပေးခြင်း။
  • (စ)နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၏ ပို့ကုန်တန်ဖိုး နိုင်ငံခြားငွေကို ပို့ကုန်ငွေလွှဲစာ တမ်းအရသော် လည်းကောင်း၊ ပြည်ပမှ ငွေလွှဲပို့သည့်စနစ်အရသော်လည်းကောင်း လက်ခံဆောင်ရွက်ပေးခြင်း။
  • (ဆ)နိုင်ငံတော်ပို င်စီးပွားရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ပြည်ပမှ ဝယ်ယူတင်သွင်းလိုသော ပစ္စည်းများအတွက် သွင်းကုန်ငွေလွှဲစာတမ်းများ ဖွင့်လှစ်၍သော်လည်းကောင်း၊ ငွေလွှဲပို့သည့်စနစ်အရသော်လည်းကောင်း တန်ဖိုးငွေပေးချခြေင်း။
  • (ဇ)အစိုးရဌာနများ နှင့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ၏ ညွှန်ကြားချက်အရ ပြည်ပဘဏ်များ နှင့် ပြည်ပရှိ ငွေရေးကြေးရေး အဖွဲ့အစည်း များထံမှ ငွေချေးယူခြင်း၊ အာမခံခြင်း နှင့် ပြည်ပရှိ အဆက်အသွယ် ဘဏ်များ၏ ညွှန်ကြားချက်များအရ အာမခံ ထုတ်ပေးခြင်း။
  • (ဈ)မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကိုယ်စား နိုင်ငံခြားငွေ လဲလှယ်နှုန်းထားများ တွက်ချက် သတ်မှတ်ပေးခြင်း( နေ့စဉ်နိုင်ငံခြား ငွေလဲလှယ် နှုန်းထားများ၊ လစဉ်နှင့် (၆)လပျှမ်းမျှ နှုန်းထားများ တွက်ချက် သတ်မှတ်ပေးခြင်း)။
  • (ည) ပြည်ပနိုင်ငံအသီးသီးရှိ ဘဏ်ကြီးများနှင့် နိုင်ငံတကာ ဘဏ်လုပ်ငန်းကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်ခြင်း။

ပို့ကုန်သွင်းကုန်ဆိုင်ရာဘဏ်လုပ်ငန်းများ[ပြင်ဆင်ရန်]

  • (က) ပို့ကုန်လုပ်ငန်းရှင်များသည် အောက်ဖော်ပြပါ စာရွက်စာတမ်းများအား ဘဏ်သို့တင်၍ ပို့ကုန်နှင့်သက်ဆိုင်သော ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်သည်။
    • ၁။ လျှောက်လွှာ
    • ၂။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်
    • ၃။ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
    • ၄။ ပို့ကုန်လိုင်စင်
  • (ခ) သွင်းကုန်လုပ်ငန်းရှင်များသည် အောက်ဖော်ပြပါ စာရွက်စာတမ်းများအား ဘဏ်သို့တင်ပြ၍ သွင်းကုန်နှင့် သက်ဆိုင်သော ဘဏ်လုပ်ငန်း ဆောင်ရွက်နိုင်သည်။
    • ၁။ လျှောက်လွှာ
    • ၂။ သွင်းကုန်လိုင်စင်
    • ၃။ Proforma Invoice
    • ၄။ နိုင်ငံခြားငွေစာရင်းမှငွေနှုတ်ယူခွင့်

နိုင်ငံတကာအသိအမှတ်ပြုဆုတံဆိပ်ချီးမြှင့်ခံရခြင်း[ပြင်ဆင်ရန်]

မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် သည် စပိန်နိုင်ငံ မက်ဒရစ်မြို့ အခြေစိုက် Business Initiative Directions ( BID ) မှ ၂၀၀၇ ခုနှစ်အတွက် Century International Quality Era Award(CQE) Gold Category ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။

နိုင်ငံတော်အကျိုးသယ်ပိုးထမ်းဆောင်နိုင်မှု[ပြင်ဆင်ရန်]

နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၊ သမဝါယမကဏ္ဍမှ စီးပွားရေး အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ပို့ကုန် သွင်းကုန် လုပ်ငန်းများ၊ နိုင်ငံတကာ ကူးသန်းရောင်းဝယ်မှု လုပ်ငန်းများကို တိုးချဲ့ လုပ်ကိုင်လာကြသည်နှင့်အညီ အဆိုပါ လုပ်ငန်း များ၏ ငွေရေးကြေးရေး ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေး အတွက် နိုင်ငံတော်ပိုင်ဘဏ် တစ်ခုအနေဖြင့် အစွမ်းကုန် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါသည်။[၁]

ဆက်သွယ်ရန်[ပြင်ဆင်ရန်]

  • လိပ်စာ : ၈၀-၈၆၊ မဟာဗန္ဓုလပန်းခြံလမ်း ရန်ကုန်မြို့
  • E-mail : MFTB.HOYGN@mptmail.net.mm
  • ဖုန်း : ၀၉၅-ဝ၁-၃၈၀၆၁၄၊ ၃၈၀၆၁၆
  • ဖက်စ် : ဝ၉၅-ဝ၁-၂၅၄၅၈၆၊ ၃၈၀၆၁၄

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်။ ၂၄ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။