မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်

ဝီကီပီးဒီးယား မှ
မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်
Myanma Investment and Commercial Bank
အမျိုးအစားနိုင်ငံတော်ပိုင်ဘဏ်
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၁၅ ဖေဖော်ဝါရီ ၁၉၉၆
ဌာနချုပ်အမှတ်၊ ၁၇၀-၁၇၆၊ ဗိုလ်အောင်ကျော်လမ်းဗိုလ်တထောင်မြို့နယ်ရန်ကုန် မြန်မာ
ဝက်ဘ်ဆိုက်micb.gov.mm

မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(အင်္ဂလိပ်: Myanma Investment and Commercial Bank; အတိုကောတ် MICB)သည် နိုင်ငံတော်ပိုင် ဘဏ်တစ်ခု[၁]ဖြစ်ပြီး အဓိကအားဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဘဏ်ခွဲများထားရှိသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်သည် စီးပွားရေးလုပ်ငန်းများ၊ ပြည်တွင်းငွေကြေးကို စီးပွားရေးလုပ်ငန်းများအတွက် ချေးငှားခြင်း၊ ရင်းနှီးမြှပ်နှံခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကအားဖြင့် လုပ်ဆောင်သည်။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံခြားငွေများကို ထိန်းသိမ်းခြင်းဆောင်ရွက်သည်။[၂] မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်သည်လည်း နိုင်ငံခြားသားများ ရင်းနှီးမြှပ်နှံမှုအတွက် ဘဏ်အကျိုးတော်ဆောင်အဖြစ် ကြားဝင်ဆောင်ရွက်ပေးသည်။[၂]

၁၉၉၀ပြည့်နှစ်၊ ဇူလိုင်လ(၄)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံတော် ငွေရေး ကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်အား မြန်မာ့စီးပွားရေးဘဏ်မှ ခွဲ၍တည်ထောင်ခဲ့ပြီး၊ ယင်း ဥပဒေနှင့် အညီ နိုင်ငံတကာ ဘဏ်လုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်ပိုင် ဘဏ်တစ်ခု ဖြစ်သည်။[၁]

ကာကွယ်ရေးဝန်ကြီးဌာနမြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့အား အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။[၃][၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Myanma Foreign Trade BankMinistry of Finance and Revenue (2015)။ 8 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 July 2015 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Nehru၊ Vikram (April 2015)။ Developing Myanmar’s Finance Sector to Support Rapid, Inclusive, and Sustainable Economic GrowthAsian Development Bank။ 1 July 2015 တွင် ပြန်စစ်ပြီး။
  3. "နိုင်ငံပိုင်ဘဏ်နှစ်ခုနှင့် ကာကွယ်ရေးဌာနကို အမေရိကန် ပိတ်ဆို့ – Myanmar Now"၊ မြန်မာနောင်း၊ ၂၁ ဇွန် ၂၀၂၃။ 
  4. Treasury Sanctions Burma’s Ministry of Defense and Regime-Controlled Financial Institutions (in en) (9 ဇွန် 2023)။ ၂၂ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။