ရန်ကုန်မြို့တော်ဘဏ်လီမိတက်

ဝီကီပီးဒီးယား မှ
ရန်ကုန်မြို့တော်ဘဏ်
Yangon City Bank (YCB)
အမျိုးအစားရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၂ ဧပြီ ၁၉၉၃
ဌာနချုပ်ရန်ကုန် မြန်မာ

ရန်ကုန်မြို့တော်ဘဏ်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရာခိုင်နှုန်းပြည့် မတည်ရင်းနှီးငွေ ထည့်ဝင်ထားသော ဘဏ်ဖြစ်ကာ ရန်ကုန်မြို့တော်ဘဏ်ရုံးချုပ်အား ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ မြို့တော် ခန်းမအနီးတွင် ဖွင့်လှစ်ထားသည်။[၁] စတင်တည်ထောင်စဉ်က  စည်ပင်သာယာရေး ကော်မတီမှ မတည်ရင်းနှီးငွေ ကျပ် ၃၂ သန်းဖြင့် ဆောင်ရွက်ခဲ့သည်။ [၂]

ဘဏ်သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းများအား ငွေရေးကြေးရေးဆိုင်ရာ အကူအညီအထောက်အပံ့ရနိုင်ရန်၊ မြို့တော်နေပြည်သူများ၏ စီးပွားရေးတိုးတက်မှုကို အထောက်အပံ့ပြုနိုင်ရန် နှင့် ဘဏ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အတွက် ရန်ကုန်မြို့တော်ဘဏ်အား ရန်ကုန်မြို့တွင် ၂ ဧပြီ ၁၉၉၃ ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့သည်ဟုဆိုသည်။ စာရင်းများအရ ဘဏ်ရုံးချုပ် အပါအဝင် ဗိုလ်တထောင်ဘဏ်ခွဲ၊ဘုရင့်နောင်ဘဏ်ခွဲ၊မင်္ဂလာဈေးဘဏ်ခွဲ၊အောင်မင်္ဂလာဘဏ်ခွဲငယ် တို့ဖွင့်လှစ်ထားသည်။[၃]

ဘဏ်ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ရန်ကုန်မြို့တော်ဘဏ်လီမိတက်ကို (က) စီမံရေးရာဌာန

(ခ) စာရင်းဌာန

(ဂ) ငွေစုဘဏ်ဌာန

(ဃ) သတင်းနှင့် နည်းပညာဌာန

(င) ငွေကြေးဌာန

(စ) ချေးငွေဌာန

(ဆ) အတွင်းစာရင်းစစ်ဌာန

(ဇ) နိုင်ငံခြားငွေ ဝယ်ယူ/ ရောင်းချ/ လဲလှယ်ရေးဌာန

(ဈ ) လေ့ကျင့်ရေးနှင့် သုတေသနဌာန စသည်ဖြင့် ဌာန (၉) ခုနှင့် ဖွဲ့စည်းထားသည်။

ဘဏ်၏ဝန်ဆောင်မှုလုပ်ငန်းများ[ပြင်ဆင်ရန်]

ငွေစုဘဏ်အပ်ငွေလက်ခံခြင်း၊[၄] စာရင်းရှင်အပ်ငွေလက်ခံခြင်း၊စာရင်းသေအပ်ငွေလက်ခံခြင်း၊ငွေပေးအမိန့်လွှာနှင့် အာမခံလက်မှတ်ဆောင်ရွက်ပေးခြင်း၊ချေးငွေထုတ်ချေးပေးခြင်း၊ငွေလွှဲလုပ်ငန်းများဆောင်ရွက်ခြင်း၊ATM ကတ်စာရင်းဖွင့်လှစ်ပေးခြင်း၊[၅] Bank Guarantee ဆောင်ရွက်ခြင်း၊Electronic ချလံ ဖြင့် ဝင်ငွေပေးသွင်းခြင်း၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ အခွန်အခ ပေးသွင်းငွေများအား e-ချလံ ဖြင့်လက်ခံခြင်း / Online မှတဆင့် My City application ဖြင့် လက်ခံဆောင်ရွက်ပေးခြင်း၊စာရင်းဌာန လုပ်ငန်းတာဝန်များ ဖြစ်သည်။[၆]

အခြားဘဏ်များနှင့်ပူးပေါင်းခြင်း[ပြင်ဆင်ရန်]

ရန်ကုန်မြို့တော်ဘဏ်နှင့် အကျိုးတူ ငွေလွှဲလုပ်ငန်းဆောင်ရွက်သော ဘဏ်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(က) ဧရာဝတီဘဏ်

(ခ) ကမ္ဘာ့ရတနာဘဏ်

(ဂ) မြဝတီဘဏ်

(ဃ) ရိုးမဘဏ်

(င) ကျေးလက်ဖွံ့ဖြိုးရေးဘဏ်

(စ) ရတနာပုံဘဏ်

ငွေလွှဲလုပ်ငန်းများကို CBM Net မှတဆင့် အခြားဘဏ်များအားလုံးသို့ ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. [https://web.archive.org/web/20220928054541/https://www.ycdc.gov.mm/content.php?page=%E1%81%80%E1%80%94%E1%80%BA%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%98%E1%80%8F%E1%80%BA ရန်ကုန်မြို့တော်ဘဏ်လိမိတက် ရန်ကုန်မြို့]။ 28 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 January 2023 တွင် ပြန်စစ်ပြီး။
  2. ရန်ကုန်မြို့တော်ဘဏ်လုပ်ငန်းတိုးချဲ့ရေး တိုင်းအစိုးရနှင့် လွှတ်တော် အငြင်းပွားနေ
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 28 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 September 2022 တွင် ပြန်စစ်ပြီး။
  4. မော်ကွန်းတင်ပြီးမိတ္တူ။ 28 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 September 2022 တွင် ပြန်စစ်ပြီး။
  5. ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အငြိမ်းစား ဝန်ထမ်းများအား မေလပင်စင်လစာမှ စတင်ကာ ငွေသားဖြင့် မထုတ်ပေးတော့ဘဲ ဘဏ်စာရင်းဖွင့်လှစ်ပေးပြီး ATM ကတ်ဖြင့် ထုတ်ပေးမည်
  6. ရန်ကုန်မြို့တော်ဘဏ်၏ဝန်ဆောင်မှုများ