နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

ဝီကီပီးဒီးယား မှ
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်
Naypyitaw Development Bank Limited (NDB)
အမျိုးအစားနေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင်
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၂၈ ဖေဖော်ဝါရီ ၂၀၁၃
ဌာနချုပ်နေပြည်တော်  မြန်မာ
ဝက်ဘ်ဆိုက်naypyitawbank.com

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် (အင်္ဂလိပ်: Naypyitaw Development Bank Limited) သည် နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ရာခိုင်နှုန်းပြည့် မတည်ရင်းနှီးငွေ ထည့်ဝင်ထားသော ဘဏ်ဖြစ်ကာ[၁] နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ သီရိရတနာအဆင့်မြင့်ဈေးဝင်း ၊ အမှတ် (၀၉) သီရိကျော်စွာလမ်းတွင် ဘဏ်ရုံးချုပ်ဖွင့်လှစ်ထားသည်။ ယခင်က နေပြည်တော်စည်ပင်ဘဏ်လီမိတက်အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့သော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏  ခွင့်ပြုချက်အရ နေပြည်တော် စည်ပင်ဘဏ်လီမိတက် (Naypyitaw Sibin Bank Limited) မှ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်(Naypyitaw Development Bank Limited) အမည်သို့ ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်နေ့တွင် ပြောင်းလဲခဲ့သည်။[၂]

ဘဏ်သမိုင်းကြောင်း[ပြင်ဆင်ရန်]

၂၀၁၃ ခုနှစ်တွင် နေပြည်တော်စည်ပင်ဘဏ်လီမိတက်အမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ဥတ္တရသီရိဘဏ်ခွဲကို ပထမဦးဆုံးဘဏ်ခွဲအဖြစ် ဖွင့်လှစ်ခဲ့သည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ ခွင့်ပြုမတည်ခွင့်ပြုငွေရင်း (Authorized Capital) ၏ မူလ ခွင့်ပြုငွေမှာ ကျပ်သန်း(၅,၀၀၀) ဖြစ်သည်။ ၂၀၁၃ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထည့်ဝင်ပြီး မတည်ငွေရင်း (Paid up Capital) အား ကျပ်သန်း (၂,၀၀၀) ဖြင့် စတင်ဆောင်ရွက်ခဲ့သည်။ ဗဟိုဘဏ်၏ ၂၀၁၅- ၂၀၁၆ ခွင့်ပြုချက်အရ ဘဏ်၏ ထည့်ဝင်ပြီးမတည်ငွေရင်း (Paid up Capital) ကို ကျပ်သန်း(၂၀,၀၀၀)အထိ တိုးမြှင့်ထည့်ဝင်ထားသည်။[၃] နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဇမ္ဗူသီရိဘဏ်ခွဲကို ဖွင့်လှစ်ခဲ့ပြီး ၂၀၂၂ ခုနှစ် နောက်ဆုံးစာရင်းများအရ  ဇမ္ဇူသီရိဘဏ်ခွဲ၊ ဥတ္တရသီရိဘဏ်ခွဲ၊ သပြေကုန်းဘဏ်ခွဲ၊[၄] မြို့မဈေးဘဏ်ခွဲ၊ အာဟာရသုခဈေးဘဏ်ခွဲ၊ ပျဉ်းမနားဘဏ်ခွဲ၊ တပ်ကုန်းဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲ၊ လယ်ဝေးဘဏ်ခွဲနှင့် ရန်ကုန်ဘဏ်ခွဲဟူ၍ ဘဏ်ခွဲ ၁၀ ခုအထိ ဖွင့်လှစ်ထားသည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Nay Pyi Taw DC။ ၃ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  2. နေပြည်တော်စည်ပင်ဘဏ်လီမိတက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး ကျင်းပခြင်းနှင့် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် အမည်ပြောင်းခြင်း အခမ်းအနားကျင်းပ (in my)။ MDN - Myanmar DigitalNews။ ၃ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  3. ကျွန်ုပ်တို့အကြောင်း (in en)။ Nay Pyi Taw Development Bank Ltd။ ၃ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  4. "နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက် သပြေကုန်းဘဏ်ခွဲဖွင့်လှစ်" (in my)၊ MDN - Myanmar DigitalNews 
  5. ဘဏ်ခွဲများ (in en)။ Nay Pyi Taw Development Bank Ltd။ ၃ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။