သတ္တုဖွံ့ဖြိုးရေးဘဏ်
အမျိုးအစား | အများပိုင် |
---|---|
လုပ်ငန်း | ဘဏ် |
တည်ထောင်သည့်နှစ် | ၆ ဇူလိုင် ၂၀၁၈ |
ဌာနချုပ် | ![]() |
အရေးပါ ပုဂ္ဂိုလ်များ | ဦးရုံးမူ (ဥက္ကဋ္ဌ) |
ဆောင်ပုဒ် | ခေတ်မှီဖွံ့ဖြိုး ပြည်သူ့အကျိုး၊အားထားယုံကြည်MDB |

သတ္ထုဖွံ့ဖြိုးရေးဘဏ် (အင်္ဂလိပ်: Mineral Development Bank; အတိုကောက် MDB)<[၁]သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။ကျောက်မျက်၊သတ္ထုနှင့်ရွှေလုပ်ငန်းဖွံ့ဖြိုးရေးအတွက် တည်ထောင်ဖွင့်လှစ်ထားသော ဘဏ်တစ်ခုလည်းဖြစ်သည်။
သမိုင်းကြောင်း[ပြင်ဆင်ရန်]
၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အများပိုင်ဘဏ်လီမိတက်အဖြစ် စတင်ဖွဲ့စည်းခဲ့သည့် ဘဏ်တစ်ခုဖြစ်ကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၈ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ဘဏ်လုပ်ငန်းလိုင်စင်ချထားပေးခဲ့သည်။ဘဏ်၏ အဓိကလုပ်ငန်းဆောင်တာများမှာ မြန်မာနိုင်ငံဘဏ္ဍာရေးအဖွဲ့အစည်းဥပဒေပုဒ်မ ၅၂ အရ သတ်မှတ်ထားသည့် ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုများ ပေးဆောင်ရန်ပင်ဖြစ်သည်။ ဘဏ်ရုံးချုပ်အား အမှတ် ၆၆၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တွင် ဖွင့်လှစ်ထားသည်။ ၂၀၂၂ နိုဝင်ဘာနောက်ဆုံးထုတ်ပြန်မှုအရ ရန်ကုန်တွင် ဘဏ်ခွဲသုံးခု၊ နေပြည်တော်တွင် ဘဏ်ခွဲတစ်ခုနှင့် မန္တလေးတွင် ဘဏ်ခွဲ လေးခုရှိသည်။ ။ ရန်ကုန် (ကမ္ဘာအေးဘဏ်ခွဲ) ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်ဘဏ်ခွဲ[၂] ကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် လည်းကောင်း၊ မန္တလေး ဘဏ်ခွဲ[၃]ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် လည်းကောင်း၊ရွှေဘုံသာဘဏ်ခွဲသစ်(ရန်ကုန်)ကို ၂၀၂၂ ဇန်နဝါရီ ၂၄ရက်နေ့တွင် လည်းကောင်း၊ ရန်ကုန် Junction City ဘဏ်ခွဲကို ၂၀၂၂ နိုဝင်ဘာလ၂ရက်နေ့တွင် လည်းကောင်း အသီးသီးဖွင့်လှစ်ထားသည်။ ဘဏ်၏ အရေးပါပုဂ္ဂိုလ်မှာ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဟောင်း ဦးရုံးမူ ဖြစ်သည်။[၄] [၅]
ကိုးကား[ပြင်ဆင်ရန်]
- ↑ List of Private Banks။
- ↑ သတ္တုဖွံ့ဖြိုးရေးဘဏ်လီမိတက် နေပြည်တော် သပြေကုန်းဈေး၌ ဖွင့်လှစ်။
- ↑ မန္တလေးမြို့တွင် သတ္တုဖွံ့ဖြိုးရေးဘဏ်လီမိတက်(မန္တလေးဘဏ်ခွဲ) ဖွင့်လှစ်။
- ↑ ကျောက်မျက်အသင်း ရန်ပုံငွေပျောက်ဆုံးမှုအတွက် ကော်မရှင်ဖွဲ့ စစ်ဆေးမည်။
- ↑ အပေါင်ပစ္စည်းမပါဘဲ ငွေချေးပေးနိုင်ရန်စီစဉ်ထားဟု သတ္တုဖွံ့ဖြိုးရေးဘဏ်ဆို။ 1 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 December 2022 တွင် ပြန်စစ်ပြီး။