ဂုဏ်ထူးဆောင်တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ်

ဝီကီပီးဒီးယား မှ
ဂုဏ်ထူးဆောင်တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်
Glory Farmer Development Bank
အမျိုးအစားအများနှင့်သက်ဆိုင်သော
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၈ ဇွန်၂၀၁၈
ဌာနချုပ် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များဦး မောင်ကို (ဥက္ကဋ္ဌ)
ဝက်ဘ်ဆိုက်gbank.com
ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းနှင့်ဗိုလ်မြတ်ထွန်းလမ်းထောင့်ရှိ G Bank ဘဏ်ခွဲအားတွေ့မြင်ရစဉ်

တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်-မန္တလေး (အင်္ဂလိပ်: Glory Farmer Development Bank Limited; အတိုကောက် G Bank)[၁] သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဂုဏ်ထူးဆောင်တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၈ ခုနှစ် ဇွန် ၆ ရက်နေ့တွင် ဘဏ်လုပ်ငန်းလိုင်စင်ခွင့်ပြုခဲ့သည်။ ဂုဏ်ထူးဆောင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ ပထမဆုံး ဘဏ်ခွဲကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ စတင်ဖွင့်လှစ် ခဲ့သည်။ ဘဏ် ဥက္ကဋ္ဌ ဖြစ်သူမှာ ဦးမောင်ကို ဖြစ်သည်။ ဘဏ်ခွဲများကို ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ကရင်ပြည်နယ်နှင့်ရှမ်းပြည်နယ် တို့တွင် ဖွင့်လှစ်ထားပြီး ၂၀၂၂ နိုဝင်ဘာလအထိ စာရင်းများအရ ဘဏ်ခွဲ ၁၉ ခုအထိရှိသည်။[၂] [၃] ဘဏ်ရုံးချုပ်များကိုမူ အမှတ် (၁၄၉)၊ ဗိုလ်ချုပ်လမ်းနှင့် မြို့ပတ်လမ်းထောင့်၊ မုံရွာတောင် ရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး နှင့်ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် အိမ်ရာ၊ ည/၄၃၊ ယုဇနလမ်း တို့တွင် ဖွင့်လှစ်ထားသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. List of Private Banks
  2. ဘဏ်ခွဲများ
  3. ကလေးမြို့တွင် ဂုဏ်ထူးဆောင်တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ်ခွဲ ဖွင့်