မြန်မာ့ခရီးသွားဘဏ်

ဝီကီပီးဒီးယား မှ
မြန်မာ့ခရီးသွားဘဏ်
Myanma Tourism Bank
အမျိုးအစားပုဂ္ဂလိကဘဏ်
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၆ မေ ၂၀၁၉
ဌာနချုပ်ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များဦးရန်ဝင်း (ဥက္ကဋ္ဌ)
မန္တလေးမြို့ရှိ မြန်မာ့ခရီးသွားဘဏ်ခွဲတစ်ခုအား ညပိုင်းမြင်တွေ့ရစဉ်

မြန်မာ့ခရီးသွားဘဏ် (အင်္ဂလိပ်: Myanma Tourism Bank; အတိုကောက် MTB)သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်နေသည့် ဘဏ်တစ်ခုဖြစ်သည်။[၁] ဘဏ်ရုံးချုပ်ကို ရန်ကုန်မြို့ ၊ ပြည်လမ်းမကြီးပေါ်ရှိ စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် ဖွင့်လှစ်ထားသည်။[၂] ၂၀၂၂ စက်တင်ဘာလနောက်ဆုံးစာရင်းများအရ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မူဆယ်နှင့် မြဝတီ စသည့်မြို့များတွင် စုစုပေါင်းဘဏ်ခွဲ ၁၂ ခုဖြင့် ဘဏ်လုပ်ငန်းများဆောင်ရွက်နေသည်။[၃][၄]

ဘဏ်သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာ့ခရီးသွားဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၈ တွင် ဘဏ်လုပ်ငန်းလိုင်စင်ကို ရရှိခဲ့သည်။ ဘဏ်ရုံးချုပ်ကို ၂၀၁၉ ခုနှစ် မေလ ၆ ရက်နေ့က ရန်ကုန်တွင် ဖွင့်လှစ်ခဲ့သည်။ ခရီးသွားလုပ်ငန်းများနှင့်ဆက်စပ်နေသည့် ဘဏ်ဖြစ်သည့်အလျောက် မြန်မာနိုင်ငံ၏ခရီးသွားကဏ္ဍအား ချေးငွေများ အဓိကထား ထုတ်ပေးသည်။[၅][၆] ယင်းအပြင် အခြားသောစီးပွားရေးကဏ္ဏများကိုပါ ငွေကြေးအရကူညီထောက်ပံ့မှုလည်း ဆောင်ရွက်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့ ခရီးသွားလုပ်ငန်းတွေအတွက် ချေးငွေ ထုတ်ပေးနေတဲ့ မြန်မာ့ခရီးသွားဘဏ်။ ဧရာဝတီ (19 ဩဂုတ် 2019)။ ၃ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  2. "မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံများကို အထောက်အကူပြုစေမည့် မြန်မာ့ခရီးသွားဘဏ် ဖွင့်လှစ်မည်" (in my)၊ MDN - Myanmar DigitalNews 
  3. "မြဝတီနှင့် မူဆယ်တို့တွင် မြန်မာ့ခရီးသွားဘဏ်ခွဲများ ဖွင့်လှစ်မည်"၊ ကေအိုင်စီ - KIC News၊ ၃၀ မေ ၂၀၁၉။ 
  4. မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank – MTB) မနော်ဟရီ နှင့် စျေးချို(မန္တလေးတိုင်းဒေသကြီး)တို့တွင် ဘဏ်ခွဲများဖွင့်လှစ်ခြင် - Myanma Tourism Bank (in my-MM) (5 ဩဂုတ် 2022)။ ၃ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  5. မြန်မာ့ ခရီးသွားဘဏ်တွင် ခရီးသွားလုပ်ငန်း ချေးငွေများကို ကျပ်သိန်း ၅၀ မှစ၍ သိန်း တစ်သောင်းအထိ ချေးမည် (in my)။ Eleven Media Group Co., Ltd။ ၃ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  6. ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး မြန်မာ့ခရီးသွားဘဏ်က ငွေစတင်ထုတ်ချေး (in en)။ ၃ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။