ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်

ဝီကီပီးဒီးယား မှ
ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်
Shwe (Rural and Urban) Development Bank
အမျိုးအစားပုဂ္ဂလိက
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၂၈ ဇူလိုင် ၂၀၁၄
ဌာနချုပ်ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များဦးကျော်ဝင်း (ဥက္ကဋ္ဌ)
ဝက်ဘ်ဆိုက်shwebank.com/mm/
ရန်ကုန်မြို့ ကုန်သည်လမ်းနှင့်ပန်းဆိုးတန်းလမ်းထောင့်ရှိ ရွှေဘဏ်ရုံးချုပ်အား တွေ့မြင်ရစဉ်။

ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (အင်္ဂလိပ်: Shwe (Rural and Urban) Development Bank; အတိုကောက် SHWE Bank)[၁] သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏ပုဂ္ဂလိကဘဏ်များထဲမှတစ်ခုဖြစ်သော ရွှေကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဘဏ် (SHWE Bank) ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၄ ဇူလိုင်လ ၂၈ရက် တွင် ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးခဲ့သည်။ ဘဏ်ရုံးချုပ်ကို အမှတ်(၆၆-၇၆)၊ ကုန်သည်လမ်း နှင့် ပန်းဆိုးတန်းလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည်။ ရုံးချုပ်ဘဏ်ခွဲကိုလည်း အဆိုပါနေရာတွင်ပင် ဖွင့်လှစ်ထားကာ ရုံးချုပ်နှင့်ဘဏ်ခွဲကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာစာရင်းများအရ နေပြည်တော်ဘဏ်ခွဲ အပါအဝင် ဘုရင့်နောင်ဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲ၊ ရာဇဓိရာဇ်ဘဏ်ခွဲ၊ ရွှေဂုဏ်သူဘဏ်ခွဲနှင့် မော်လမြိုင်ဘဏ်ခွဲ စသည်ဖြင့် စုစုပေါင်း ဘဏ်ခွဲ(၇)ခု ဖွင့်လှစ်ထားပြီးဖြစ်သည်။[၂]ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ် သည် UOB, OCBC, Maybank, Krungthai Bank, Kasikorn Bank, Shinhan Bank, United Bank of India နှင့် Bank of Investment and Development of Vietnam တို့နှင့်အတူ ဘဏ်လုပ်ငန်းဆိုင်ရာအခြေအနေများကို ပူးပေါင်းဆောင်ရွက်သည်။[၃] ဘဏ်၏ အကြီးအကဲဖြစ်သူမှာ ရွှေသံလွင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်းဖြစ်သည်။[၄] [၅]ဘဏ်ကို ရွှေသံလွင်ကုမ္ဗဏီပိုင်ရှင်လည်းဖြစ်၊Sky Net ရုပ်သံလိုင်း ပိုင်ရှင်လည်းဖြစ်သည့် ဦးကျော်ဝင်း အပါအဝင် ရှယ်ယာရှင် ၁၁ ဦးက ဗဟိုဘဏ် က မတည်ရင်းနှီးငွေအဖြစ် ခွင့်ပြုသော ကျပ်ဘီလီယံ ၁၀၀ တွင် ကနဦး မတည်ငွေ ကျပ်ဘီလီယံ ၂၀ ဖြင့် ဖွင့်လှစ်ခဲ့သည်။[၆]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 3 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 December 2022 တွင် ပြန်စစ်ပြီး။
  2. ရွှေဘဏ် နေပြည်တော်ဘဏ်ခွဲဖွင့်လှစ်
  3. About shwe bank။ 2 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 December 2022 တွင် ပြန်စစ်ပြီး။
  4. ထိပ်သီး လုပ်ငန်းရှင်များ ပါဝင်သော မြန်မာ့စီးပွားရေး အသင်းသစ် ဖွဲ့စည်း
  5. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ
  6. ရှယ်ယာရှင် ၁၁ ဦး၏ မတည်ငွေ ကျပ် ဘီလီယံ ၂၀ ဖြင့် ရွှေဘဏ်စဖွင့်