ပဉ္စသီခနတ်သား

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
Pañcaśikha
သင်္သကရိုက်पञ्चशिख
Pañcaśikha
ပါဠိपञ्चसिख
Pañcasikha
မြန်မာပဉ္စသီခ; ပၪၥသိခ
တရုတ်五結樂子
(Pinyin: Wǔjiélèzi)
波遮旬
(Pinyin: Bōzhēxún)
般遮翼
(Pinyin: Bānzhēyì)
五髻
(Pinyin: Wǔjì)
ဂျပန်တမ်းပလိတ်:Ruby-ja
(romaji: Goketsugakushi)
တမ်းပလိတ်:Ruby-ja
(romaji: Hashajun)
တမ်းပလိတ်:Ruby-ja
(romaji: Hanshayoku)
တမ်းပလိတ်:Ruby-ja
(romaji: Gokei)
ကိုရီးယား오결락자
(RR: Ogyeollagja)
파차순
(RR: Pachasun)
반차익
(RR: Banchaig)
빤차시카
(RR: Ppanchasika)
ထိုင်းพระปัญจสิขะ
တိဘက်ཕུད་པུ་ལྔ།
Wylie: phud pu lnga
ཟུར་ཕུད་ལྔ་པ།
Wylie: zur phud lnga pa
ဗီယက်နမ်Ngũ Kế
Script error: No such module "portal-inline".

ပဉ္စသီခနတ်သား ဆိုသည်မှာ ပဉ္စသီခ ဦးစွန်း(ရောင်ထုံး) ငါးခုရှိသော နတ်သား ဟုအဓိပ္ပာယ်ရှိသည်။ ဂေါတမ မြတ်စွာဘုရား တာဝတိံသာတွင် ဝါတွင်းသုံးလပတ် တရားဟော၍ လူ့ပြည်သို့အဆင်းတွင် ပဉ္စသီခ နတ်သားက တေးဖြင့်ဖျော်ဖြေသည်ဟု ဖော်ပြထားသည်။[၁][၂]


ပဉ္စသီခနတ်သား[ပြင်ဆင်ရန်]

အတိတ်လူ့ဘဝ[ပြင်ဆင်ရန်]

ပဉ္စသီခနတ်သားသည် အတိတ်လူ့ဘဝက ဦးစွန်းငါးခုရှိ၍ ကျောဘက်၌ ဆံစည်းငါးခုချထားသည့် လူငယ်တစ်ဦး ဖြစ်သည်။ နွားကျောင်းသားတို့၏ ခေါင်းဆောင်ဖြစ်သည်။ အခြားသော လူငယ်များကို ခေါ်ဆောင်၍ ရွာအပြင်ဘက် လမ်းဆုံလမ်းခွတို့၌ ဇရပ်ဆောက်လုပ်ခြင်း၊ ရေကန်တူးခြင်း၊ တံတားခင်းခြင်း၊ လမ်းများကို ပြေပြစ်အောင် ပြုပြင်ခြင်း စသည်တို့ကို ပြုလုပ်ပေးခဲ့သည်။ ငယ်ရွယ်စဉ်ကပင် ကွယ်လွန်ခဲ့ပြီး စတုမဟာရာဇ်နတ်ဘုံသို့ ရောက်ရှိခဲ့သည်။[၂]

နတ်ဘဝ[ပြင်ဆင်ရန်]

ပဉ္စသီခနတ်သားသည် စတုမဟာရာဇ်နတ်ဘုံတွင် သက်တမ်းအားဖြင့် တူတို့၏ နှစ်အရေအတွက်အားဖြင့် အနှစ်ကိုးသန်းရှည်မည် ဖြစ်၏။ ကိုယ်ခန္ဓာမှာ သုံးဂါဝုတ် (၈ မိုင်) ရှိကာ ရွှေတုံးသဖွယ် တင့်တယ်၏။ ခန္ဓာကိုယ်တွင်လည်း လှည်းအစီးတစ်ထောင်တိုက်စာမျှှ ပမာဏရှိသည့် နတ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည်။ ကိုးကုမ္ဘ (ဆယ်တင်း) မျှရှိသည့် အမွှေးနံ့သာတို့ကို လိမ်းကျံထား၏။ နီမြန်းသည့် နတ်ဝတ်ပုဆိုးကို ဝတ်ဆင်ကာ နီမြန်းသော ရွှေနားတောင်းကို ပန်းဆင်ထားသည်။[၂]

လူ့ပြည်မှာကဲ့သို့ပင် ဦးစွန်းငါးခုရှိ၍ နောက်ကျောဘက်တွင် ဆံစည်းငါးခု ချထားကာ လူငယ်အသွင်ဖြင့်ပင် လှည့်လည်သွားလာ၏။ (ပဉ္စ = ငါးခု + သီခ = ဦးစွန်း။ ပဉ္စသီခ မှ မြန်မာလို ပဉ္စသီ ဖြစ်လာသည်။)[၂]

ဗေလုဝစောင်း[ပြင်ဆင်ရန်]

နောင်အခါတွင် နတ်သားသည် ဗေလုဝစောင်းတော်ရှင် ပဉ္စသီခနတ်သားဟူ၍ နတ်လောက၌ ထင်ရှားလာသည်။[၂]

ဗေလုဝ (ဗေဠုဝ) ဟူသည့် ပါဠိသည် ဥသျှစ်သီးဟု အနက်ရှိ၏။ ဥသျှစ်သီးမှည့်ကဲ့သို့ ရွှေရောင်အဆင်းရှိသည့် ဗေလုဝပဏ္ဍုနတ်စောင်း ဟု ခေါ်၏။ စောင်းခွက်ကို ရွှေသားဖြင့် ပြုလုပ်ထား၏။ စောင်းလက်ရုံးသည် ဣန္ဒနီလာ ပတ္တမြားတို့ဖြင့် ပြုလုပ်ထားသည်။ စောင်းညှို့ကို ငွေဖြင့် ပြုလုပ်ထား၍ စောင်းညှို့ကို ဖွဲ့ရန် နှိပ်ရန် တပ်ထားသော ကြိုးငယ်တို့ကို သန္တာဖြင့် ပြုလုပ်ထားသည်။[၂]

အတိုင်းအတာပမာဏများအနေဖြင့် စောင်းခွက်သည် တစ်ဂါဝုတ်၊ စောင်းညှို့ဖွဲ့ရာ အရပ်သည် တစ်ဂါဝုတ်၊ အထက်စောင်းလက်၌ တပ်သော အထွတ်သည် တစ်ဂါဝုတ် ရှိသည်။ ဤသို့လျှင် ဗေလုဝပဏ္ဍုနတ်စောင်းသည် သုံးဂါဝုတ်ရှိသည်။ [၂]

နတ်သားသည် ထိုစောင်းဖြင့် ငါးဆယ်မျှသော စောင်းချင်းတို့ကို တီးခတ်၏။ ထိုတီးခတ်သည့်အခါတွင် ထွက်ပေါ်လာသည့် စောင်းသံသည် လေးလကြသည်အထိ အသံမစဲ အမြဲထွက်ပေါ်နေသည်ဟု ဆို၏။[၂]

ချစ်သူနတ်သမီး[ပြင်ဆင်ရန်]

ပဉ္စသီခနတ်သား၏ ချစ်သူသည် သူရိယဝစ္ဆသာနတ်သမီး ဖြစ်၏။ သူရိယဝစ္ဆသာနတ်သမီးသည် ပဉ္စသီခနတ်သားကို ကြိုက်နှစ်သက်ခြင်း မရှိဘဲ ရထားထိန်း မာတလိ၏သား သိခဏ္ဍီနတ်သားကိုသာ ချစ်ကြိုက်လျက်ရှိ၏။[၂]

သို့သော် ပဉ္စသီခနတ်သားသည် သိကြားမင်းအား မြတ်စွာဘုရားနှင့် တွေ့ဆုံဖူးမြော်ခွင့်ရစေရန်အတွက် အကျိုးဆောင်ဖူးသဖြင့် ကျေးဇူးသိတတ်သည့်အနေဖြင့် သိကြားမင်းက နတ်သမီးနှင့် လက်ထပ်ပေးခဲ့သည်။ ထို့အပြင် ပဉ္စသီခနတ်သားအား ဖခင်၏ရာထူးဖြစ်သည့် ဂန္ဓဗ္ဗနတ်မင်း ရာထူးလည်း ခန့်အပ်ခဲ့သည်။[၂]

ပဉ္စသီခနတ်သား၏ ကြင်ယာတော်သည် သူရိယဝစ္ဆသာနတ်သမီး ဖြစ်၍ တိမ္ဗရုနတ်မင်းကြီး၏ သမီးတော် ဖြစ်၏။ သူရိယဝစ္ဆသာ ဆိုသည်မှာ တက်သစ်စ နေဝန်း၏ အရောင်နှင့်တူသော ကိုယ်ရောင်ရှိသဖြင့် ခေါ်ဆိုခြင်း ဖြစ်သည်။ ဤနတ်သမီးသည်လည်း အနုပညာရှင် နတ်သမီးတစ်ဦး ဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. G.P. Malalasekera (၁ စက်တင်ဘာ ၂၀၀၃)။ Dictionary of Pali Proper Names1
  2. ၂.၀၀ ၂.၀၁ ၂.၀၂ ၂.၀၃ ၂.၀၄ ၂.၀၅ ၂.၀၆ ၂.၀၇ ၂.၀၈ ၂.၀၉ ၂.၁၀ ဓမ္မာစရိယဦးအေးနိုင် (ဘီအေ) (ဩဂုတ်လ ၂၀၁၀)။ ဗုဒ္ဓကျမ်းလာ နတ်ဒေဝါများ။ အခန်း - ၄၀၄၊ တိုက် - ၆၊ ညောင်တန်းအိမ်ရာ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့: အလင်းသစ်စာပေ။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)