တောင်သမန် စစ်ဆင်ရေး
| ||||||||||||||||||||||||||||||||
တောင်သမန် စစ်ဆင်ရေးသည် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ မတ္တရာမြို့နယ်တွင် ပြုလုပ်လျက်ရှိသော စစ်ဆင်ရေးတစ်ခု ဖြစ်သည်။[၁][၂][၃]
နောက်ခံ
[ပြင်ဆင်ရန်]ပြည်သူ့ခုခံတော်လှန်စစ်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ပြုလုပ်လျက်ရှိသော ၁၀၂၇ စစ်ဆင်ရေးအား ထောက်ခံသည့်အနေဖြင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က တောင်သမန်စစ်ဆင်ရေးကို ဆင်နွဲမည်ဟု အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။[၄]
အချိန်မှတ်တမ်း
[ပြင်ဆင်ရန်]၁၀၂၇ စစ်ဆင်ရေးအား ထောက်ခံကာ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်များတွင် တိုက်ပွဲများဖြင့် တောင်သမန်စစ်ဆင်ရေးကို အောက်တိုဘာလနှောင်းပိုင်းတွင် စတင်ခဲ့သည်။[၁][၅]
နိုဝင်ဘာလ ၁၃ ရက်နေ့က မတ္တရာမြို့နယ် အရှေ့ပိုင်းတွင် TNKL ၏ ထိုးစစ်တစ်ခု စတင်ခဲ့သည်။ ထိုနေ့မှာပင် စစ်ကောင်စီက ကင်းရွာကို လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ နိုဝင်ဘာ ၁၆-၁၇ တွင် ရွာအား စစ်ကောင်စီတပ်များက မီးရှို့ခဲ့ရာ အိမ်ခြေ ၇၀၀ ကျော် လောင်ကျွမ်းခဲ့သည်။ မတ္တရာမြို့နယ်အတွင်း စစ်ဘေးရှောင်လူဦးရေမှာ ၈,၀၀၀ ခန့် ရှိခဲ့သည်။[၂][၃]
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မတ္တရာနှင့် စဉ့်ကူးမြို့နယ်အကြားရှိ စစ်ကောင်စီ၏ စစ်ဆေးရေးစခန်းတစ်ခုကို TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဖမ်းဆီးခံထားရသော စစ်ကောင်စီတပ်သားများအား ကယ်တင်ရန်ကြိုးပမ်းသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် အနီးနားရှိ လက်ဘက်ရည်ဆိုင်ထိုင်နေသော အရပ်သား ၁၁ ဦး သေဆုံးခဲ့သည်။[၃]
နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မတ္တရာမြို့နယ်တွင်းရှိ စစ်ကောင်စီစခန်းတစ်ခုကို PDF နှင့် TNLA တို့ ဝင်ရောက် သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။[၁]
အခြားကြည့်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ "Myanmar Junta Base Seized in Mandalay: PDF"၊ 28 November 2023။
- ↑ ၂.၀ ၂.၁ ၂.၂ "Operation Taungthaman: Civilians Urged to Flee Township in Myanmar’s Mandalay Region"၊ 21 November 2023။ 17 December 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 2 December 2023။
- ↑ ၃.၀ ၃.၁ ၃.၂ "Operation Taungthaman: Civilians Urged to Flee Township in Myanmar’s Mandalay Region"၊ 20 November 2023။
- ↑ DVB | ညီနောင်မဟာမိတ် ၃ ဖွဲ့ကို ထောက်ခံပြီး မန္တလေး PDF က “တောင်သမန်စစ်ဆင်ရေး” ဆင်နွှဲမည် (in my-MM)။ 6 December 2023 တွင် ပြန်စစ်ပြီး။
- ↑ “တောင်သမန် စစ်ဆင်ရေး” တစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၅ ယောက်သေပြီး PDF ၁၀ ဦး ကျဆုံး (in my-MM) (27 November 2023)။ 5 December 2023 တွင် ပြန်စစ်ပြီး။