မာတိကာသို့ ခုန်သွားရန်

ဂျပန်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ

ဝီကီပီးဒီးယား မှ
ဂျပန်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ
အတိုကောက်JLPT
အမျိုးအစားLanguage proficiency test
စတင်နှစ်၁၉၈၄
ဘာသာစကားများဂျပန်ဘာသာစကား
ဝဘ်ဆိုဒ်jlpt.jp

ဂျပန်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ(ဂျပန်: 日本語能力試験 နိဟွန်ငိုနိုးလျောခုရှိခဲင်)သည် မိခင်ဘာသာစကားအဖြစ် ဂျပန်ဘာသာကို အသုံးပြုမှု မရှိသူများအတွက် ဂျပန်ဘာသာစကားကျွမ်းကျင်မှုကို စစ်ဆေးသည့် စာ‌မေးပွဲ ဖြစ်သည်။ စစ်ဆေးရာတွင် ပတ်သက်သည့် ဗဟုသုတ၊ ဖတ်နိုင်စွမ်းနှင့် နားထောင်မှုစွမ်းရည်တို့ကို ခြုံငုံကာ စစ်ဆေးသည်။ ဤစာမေးပွဲကို တစ်နှစ်လျှင် နှစ်ကြိမ် ဂျပန်နှင့် အခြားသော ရွေးချယ်သတ်မှတ်ထားသည့် နိုင်ငံများတွင် ကျင်းပကြသည်။ ကျင်းပသည့်ရက်မှာ ဇူလိုင်လနှင့် ဒီဇင်ဘာလတို့၏ ပထမဆုံး တနင်္ဂနွေနေ့တွင် ဖြစ်သည်။ အခြားသောဒေသများတွင်မူ တစ်နှစ်လျှင် တစ်ကြိမ် ဒီဇင်ဘာလ၏ ပထမဆုံး တနင်္ဂနွေနေ့တွင် ကျင်းပသည်။

JLPT တွင် အဆင့်ငါးဆင့် ပါဝင်သည်။ ၂၀၀၉ ခုနှစ်မတိုင်ခင်အထိ စာမေးပွဲကို အဆင့်လေးဆင့်ဖြင့်သာ ကျင်းပခဲ့သည်။ လေးအဆင့်သည် အနိမ့်ဆုံး ဖြစ်သည်။ အဆင့်တစ်သည် အမြင့်ဆုံး ဖြစ်သည်။ JLPT ၏ အသိအမှတ်ပြု အောင်လက်မှတ်သည် သက်တမ်းကုန်ဆုံးခြင်း သို့မဟုတ် အချိန်ပေါ်မူတည်ကာ တရားမဝင်ဖြစ်ခြင်းတို့ မရှိပေ။

သမိုင်းနှင့် စာရင်းအင်းများ

[ပြင်ဆင်ရန်]

JLPT စာမေးပွဲကို ၁၉၈၄ ခုနှစ်တွင် ဂျပန်ဘာသာစကားအသိအမှတ်ပြုမှု တိုးတက်လာစေရန်အတွက် ပထမဆုံးအဖြစ် ကျင်းပခဲ့သည်။ လူပေါင်း ၇၀၀၀ ဦး စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခဲ့သည်။ ၂၀၀၃ ခုနှစ်မတိုင်ခင် JLPT စာမေးပွဲသည် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလိုသည့် နိုင်ငံခြားသားများအတွက် လိုအပ်သည့် စာမေးပွဲတစ်ခု ဖြစ်ခဲ့သည်။ ၂၀၀၃ ခုနှစ်ကတည်းက အပြည်ပြည်ဆိုင်ရာကျောင်းသားအများအတွက် ဂျပန်တက္ကသိုလ်အသိအမှတ်ပြုစာမေးပွဲ (EJU) ကို တက္ကသိုလ်အများစုသည် အသုံးပြုခဲ့ကြသည်။ ထိုစာမေးပွဲတွင် JLPT နှင့် မတူညီသည်မှာ အပိုင်းများပါဝင်ပြီး၊ ဂျပန်ဘာသာစကားကို ရေးကာဖြေဆိုရသည်များ ပါဝင်သည်။ JLPT စာမေးပွဲမှာမူ ရွေးချယ်ကာ ဖြေဆိုရသည့် ရွေးချယ်မှုပုံစံ ဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် JLPT စာမေးပွဲကို ဂျပန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၀ တွင် ကျင်းပခဲ့သည်။ ထိုနှစ်တွင်ပင် ဝင်ရောက်ဖြေဆိုသူ ၃၀၂၁၉၈ ဦးရှိခဲ့ပြီး ဖြေဆိုသူများ၏ ၄၇ % (၁၄၀၀၀၀ ဦးဝန်းကျင်) သည် သက်ဆိုင်ရာ အဆင့်အလိုက် အသိအမှတ်ပြုလက်မှတ်များ ရရှိခဲ့ကြသည်။ ၂၀၀၈ ခုနှစ်တွင် ဖြေဆိုသူ ဆက်လက်မြင့်တက်လာခဲ့ပြီး ၅၅၉၀၅၆ ဦးရှိကာ ၃၆ % အောက်သည် ကျရှုံးခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အရှေ့အာရှရှိ နိုင်ငံများတွင် တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပခဲ့ပြီး စာမေးပွဲဖြေဆိုသူ စုစုပေါင်း ၇၆၈၁၁၄ ဦးရှိသည်။ ၂၀၁၀ ခုနှစ်တွင် စာမေးပွဲဖြေဆိုသူ ၆၁၀၀၀၀ ဦး ရှိခဲ့သည်။

ဂျပန်နိုင်ငံရှိ လက်ခံမှုများ

[ပြင်ဆင်ရန်]
  • JLPT N1 အောင်မြင်ထားသူများသည် အမှတ် ၁၅ မှတ် ရရှိသည်။ N2 အောင်မြင်ထားသူများသည် ၁၀ မှတ်ရရှိ၏။ ထိုအမှတ်များသည် ဂျပန်အစိုးရ၏ “ဂျပန်ဘာသာစကားကို မြင့်မားကျွမ်းကျင်စွာပြောဆိုနိုင်သည့်သူများကို နေထိုင်စောင့်ရှောက်မှုစနစ်အရ ပေးသည့် အမှတ်များ” ဖြစ်သည်။ ပုဂ္ဂလိကများအနေဖြင့် စုစုပေါင်းအမှတ် ၇၀ အထိ ရရှိပြီး မြင့်မားသည့် နေထိုင်မှုအတွက် စောင့်ရှောက်မှုတို့ကို ရရှိသည်။
  • ဆေးပညာနှင့်ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်းမှုလုပ်ကိုင်သည့် သူများသည် N1 အရည်အရချင်း ရှိရန် လိုအပ်သည်။ ထို့ပြင် ဂျပန်နိုင်ငံ၏ ခွင့်ပြုသည့်လိုင်စင်ရရန် စာမေးပွဲ ဖြေဆိုရန် လိုအပ်သည်။ ထို့ပြင် သူနာပြုခြင်းနှင့် ပတ်သက်သည့် ကျောင်းများတက်ရောက်မည့် နိုင်ငံခြားသားများသည်လည်း စာမေးပွဲဖြေဆိုရန် လိုအပ်သည်။
  • N1 သို့မဟုတ် N2 အောင်မြင်ထားသူများ(နိုင်ငံသားအခွင့်အရေးရသူများ မပါ) သည် ဂျပန်နိင်ငံရှိ အလယ်တန်းကျောင်းအဆင့်နှင့် တူညီသည့်စာမေးပွဲမှ လွတ်ကင်းခွင့် ရသည်။ ဂျပန်နိုင်ငံရှိ အထက်တန်းကျောင်းတစ်ခုတွင် သင်ကြားရန် အလယ်တန်းကျောင်းမှ အသိအမှတ်ပြုမှု လိုအပ်သည်။
  • တစ်ခါတရံ ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလိုသည့် နိုင်ငံခြားသားများသည် N1 အဆင့် လိုအပ်သည်။ ထိုအဆင့်ရှိမှသာ ဂျပန်နိုင်ငံတက္ကသိုလ်များ စာမေးပွဲစီမံခန့်ခွဲမှုမှ လက်ခံသည်။
  • အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့မှ သူနာပြု သို့မဟုတ် စီးပွားရေးအရသတောတူညီမှု (EPA) များ ရှိသည်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့သည် ခန့်မှန်းခြေ N5 အဆင့် သို့မဟုတ် ထိုနှင့်အထက် အောင်မြင်ထားရန် လိုအပ်သည်။ ဗီယက်နမ်တို့သည် သူနာပြု လုပ်ကိုင်ရန် N3 နှင့် အထက်လိုအပ်သည်။

စီမံခန့်ခွဲမှု

[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံတွင် JLPT သည် ပညာရေး၊ အားကစား၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာ (MEXT) တို့က စီမံခန့်ခွဲလျက် ရှိသည်။ ဂျပန်နိုင်ငံ၏ ပညာရေးလဲလှယ်မှုနှင့် ဝန်ဆောင်မှုများ (JEES) ပေါ်တွင် မူတည်ကာ ဆောင်ရွက်သည်။

စစ်ဆေးမှုပုံစံ

[ပြင်ဆင်ရန်]

စာမေးပွဲ၏ စစ်ဆေးမှုလမ်းစဉ်ကို ၂၀၁၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။ စာမေးပွဲတွင် အဆင့်ငါးဆင့် N1, N2, N3, N4 နှင့် N5 တို့ ပါဝင်ကြသည်။ N1 သည် အမြင့်ဆုံးအဆင့် ဖြစ်သည်။ N5 သည် အနိမ့်ဆုံးအဆင့် ဖြစ်သည်။

အမှတ်ပေးခြင်း

[ပြင်ဆင်ရန်]

အအောင်အကျတွက်ချက်ရာတွင် item-response-theory ကို အသုံးပြုကာ တွက်ချက်သည်။ ရမှတ်များကို အအောင်အကျတွက်ချက်ရာတွင် တိုက်ရိုက်အသုံးမပြုပေ။ ထိုအမှတ်များကို စံနှုန်းအတိုင်းအတာတစ်ခုအဖြစ်သို့ ပြောင်းလဲသည်။ စံနှုန်းအတိုင်းအတာသည် မတူညီသည်နှစ်များ၊ မတူညီသည့် အဆင့်များ၏ တူညီသည့် တူညီသည့် သတ်မှတ်သည့် အမှတ်ဖြစ်သည်။ ထိုအမှတ်ကို အစီရင်ခံပြီး အအောင်အကျသတ်မှတ်ရာတွင် အသုံးပြုသည်။

ထို့ပြင်ဖြေဆိုသူများအား အဆင့်သတ်မှတ်ချက်များဖြင့် ပြုလုပ်ထားသည်။ အောင်မြင်သူများသည် နောင်တွင် လေ့လာရာတွင် အထောက်အကူ ဖြစ်စေရန် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုအဆင့်သတ်မှတ်ချက်သည် ဖြေဆိုသူ၏ စာမေးပွဲအောင်မြင်မှုကို တိုင်းတာရန် မဟုတ်ပေ။ အဆင့်သတ်မှတ်ချက်သည် A, B, C သုံးမျိုးရှိ၏။ A သည် ၆၇ % နှင့် အထက်ရရှိသူ ဖြစ်သည်။ B သည် ၃၄ % နှင့် ၆၆ % အောက် ရရှိသူ ဖြစ်သည်။ C သည် ၃၄ % အောက် ရရှိသူ ဖြစ်သည်။

အောင်မှတ်

[ပြင်ဆင်ရန်]

စာမေးပွဲအောင်ရန်အတွက် စုစုပေါင်းအောင်မှတ် ရရှိရန် လိုအပ်သလို အပိုင်းတစ်ခုချင်းစီတွင်လည်း အောင်မှတ်ရရန် လိုသည်။ ထိုအောင်မှတ်များသည် တိုင်းတာသတ်မှတ်ထားသည့် အမှတ်ပေါ်တွင် မူတည်ကာ သတ်မှတ်သည်။ အပိုင်းတစ်ခုချင်းစီတွင် ရရှိသည့်အမှတ်သည် ညီမျှမှုမရှိဘဲ တစ်ဖက်စောင်းနင်းဖြစ်နေပါကလည်း အောင်မြင်မှု ရရှိမည် မဟုတ်ပေ။ ဥပမာအားဖြင့် ရေးသားသည့်အပိုင်းတွင် ကောင်းမွန်စွာဖြေဆိုနိုင်သော်လည်း နားထောင်သည့်အပိုင်းတွင် ဆိုးရွားစွာ ညံ့ဖျင်းနေခြင်းမျိုး ဖြစ်သည်။ စုစုပေါင်းအောင်မှတ်သည် အဆင့်များအပေါ်မူတည်ကာ ပြောင်းလဲမှုများ ရှိသသည်။ N1 အတွက် ၁၀၀/၁၈၀ (၅၅.၅၅%) နှင့် N5 အတွက် ၈၀/၁၈၀ (၄၄.၄၄) ရာခိုင်နှုန်း ဖြစ်သည်။ N4 နှင့် N5 တွင် အပိုင်းတစ်ခုချင်းစီအတွက် အောင်မှတ်များမှာ ၁၉/၆၀ = ၃၁.၆၇ % ၊ ကြီ’သည့် အပိုင်းများအတွက် ၃၈/၁၂၀ = ၁၉/၆၀ တို့ ဖြစ်ကြသည်။ ဤတွင် မှတ်သားရန်မှာ အပိုင်းတစ်ခုချင်းစီ အောင်သည့်အဆင့်သည် အားလုံးအောင်သည့် အဆင့်ထက် နည်းပေသည်။ ၄၄.၄၄ % − ၅၅.၅၅ % ရရှိရမည့်အစား ၃၁.၆၇ % ရရှိသူသည် စာမေးပွဲ၏ အပိုင်းအားလုံးကို အောင်မြင်မှု ရရှိမည် မဟုတ်ပေ။ ဤစံနှုန်းများကို ၂၀၁၀ ခုနှစ်၊ ဇူလိုင်လတွင် အတည်ပြုခဲ့သည်။ ဤစံနှုန်းသည် တစ်နှစ်နှင့်တစ်နှစ် ပြောင်းလဲမှု မရှိပေ။ သို့သော် တိုင်းတာသည့်အမှတ်မှာမူ ပြောင်းလဲမှု ရှိသည်။

Pass marks for individual sections []
LevelOverall pass markLanguage Knowledge
(Vocabulary/Grammar)
ReadingListening
N1 100 points 19 points 19 points 19 points
N2 90 points 19 points 19 points 19 points
N3 95 points 19 points 19 points 19 points
Total possible 180 points 60 points 60 points 60 points
N4 90 points 38 points 19 points
N5 80 points 38 points 19 points
Total possible 180 points 120 points 60 points

စစ်ဆေးမှုအပိုင်းများ

[ပြင်ဆင်ရန်]
Level Test section []
(test time)
Total duration
N1 Language Knowledge (Vocabulary/Grammar)・Reading
(110 min)
Listening
(60 min)
170 min
N2 Language Knowledge (Vocabulary/Grammar)・Reading
(105 min)
Listening
(50 min)
155 min
N3 Language Knowledge (Vocabulary)
(30 min)
Language Knowledge (Grammar)・Reading
(70 min)
Listening
(40 min)
140 min
N4 Language Knowledge (Vocabulary)
(30 min)
Language Knowledge (Grammar)・Reading
(60 min)
Listening
(35 min)
125 min
N5 Language Knowledge (Vocabulary)
(25 min)
Language Knowledge (Grammar)・Reading
(50 min)
Listening
(30 min)
105 min
  • Note: "Vocabulary" includes kanji and vocabulary (previous 文字・語彙)

ခန့်မှန်းခြေလေ့လာချိန်

[ပြင်ဆင်ရန်]

ဂျပန်ဘာသာပညာရေးဌာနမှ ထုတ်ပြန်ထားသည့် ဂျပန်နိုင်ငံတွင် နေထိုင်သည့် ကျောင်းသားများအတွက် လေ့လာရမည့် အချိန်ဇယားကို ဖော်ပြထားမှု ဖြစ်သည်။

ထုတ်ဝေခဲ့ပြီးသည်များ

[ပြင်ဆင်ရန်]

အောက်ပါ ဇယားသည် ၂၀၀၉ ခုနှစ်မတိုင်မီ ၂၀၀၄ ခုနှစ်က ကျင်းပခဲ့သည့် ပုံစံ ဖြစ်သည်။

လျှောက်လွှာတင်ခြင်းနှင့် ရလဒ်

[ပြင်ဆင်ရန်]

လျှောက်လွှာတင်သည့် အချိန်သည့် ဇူလိုင်လတွင် ကျင်းပမည့် စာမေးပွဲအတွက် မတ်လ အစောပိုင်းနှင့် ဧပြီလနှောင်းပိုင်းမတိုင်ခင် လက်ခံလေ့ရှိသည်။ ဒီဇင်ဘာလတွင် ကျင်းပမည့် စာမေးပွဲအတွက်မူ ဩဂုတ်လ အစောပိုင်းနှင့် စက်တင်ဘာလ နှောင်းပိုင်းမတိုင်ခင်အထိ လက်ခံလေ့ ရှိသည်။

ဒီဇင်ဘာလတွင် ကျင်းပသည့် စာမေးပွဲ၏ ရလဒ်များကို ထုတ်ပြန်ကြေညာရာတွင် ဂျပန်နိုင်ငံရှိ ဖြေဆိုသူများအတွက် ဖေဖော်ဝါရီလတွင် ကြေညာသည်။ အခြားသော နိုင်ငံများအတွက် မတ်လတွင် ကြေညာသည်။ စာမေးပွဲရလဒ်များကို စာမေးပွဲကျင်းပသည့် အဖွဲ့ သို့မဟုတ် ဌာန သို့ ပေးပို့ပေးသည်။ ၂၀၁၂ ခုနှစ်မှ စတင်ကာ အွန်လိုင်းမှ စာရင်းပေးသွင်းခြင်း၊ ရလဒ်များ ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ဇူလိုင်လစာမေးပွဲအတွက် ကြည့်ရှုမည်ဆိုပါက ဩဂုတ်လ နှောင်းပိုင်းတွင် အီးမေးပေးပို့ရန် လိုအပ်သည်။ စာမေးပွဲဖြေဆိုသူများသည် ဖြေဆိုခဲ့သည့် ရလဒ်ကို အပိုင်းအလိုက် ဖော်ပြထားသည်ကို ရရှိမည်။ အောင်မြင်သူများသည် ဘာသာစကားစွမ်းရည်အောင်မြင်မှုအတွက် အသိအမှတ်ပြုလက်မှတ်တစ်ခု ရရှိမည် ဖြစ်သည်။

YearLevelJLPT in JapanJLPT overseas
ApplicantsExamineesCertified (%)ApplicantsExamineesCertified (%)
2007[] 1 kyū 47,76142,92314,338 (33.4%)135,616110,93728,550 (25.7%)
2 kyū 34,78231,80511,884 (37.4%)186,226152,19840,975 (26.9%)
3 kyū 16,80815,7108,664 (55.1%)143,252113,52653,806 (47.4%)
4 kyū 3,9083,3832,332 (68.9%)64,12753,47627,767 (51.9%)
2008[] 1 kyū 52,99246,95318,454 (39.3%)138,131116,27138,988 (33.5%)
2 kyū 41,92438,04016,289 (42.8%)187,482157,14258,124 (37.0%)
3 kyū 22,01620,35113,304 (65.4%)147,435120,56969,605 (57.7%)
4 kyū 4,5243,9032,765 (70.8%)65,87755,82831,227 (55.9%)
2009-1[] 1 kyū 29,27426,57811,738 (44.2%)103,34987,10428,230 (32.4%)
2 kyū 26,43724,7939,279 (37.4%)130,753110,26627,543 (25.0%)
2009-2[] 1 kyū 46,64841,99812,293 (29.3%)137,708114,72526,427 (23.0%)
2 kyū 36,52833,80712,462 (36.9%)176,628147,32841,488 (28.2%)
3 kyū 17,70316,6759,360 (56.1%)131,733108,86751,903 (47.7%)
4 kyū 3,2122,9322,155 (73.5%)61,99553,04129,529 (55.7%)
2010-1[] N1 26,22523,6949,651 (40.7%)73,86362,93819,402 (30.8%)
N2 24,73823,12613,768 (59.5%)87,88974,87432,530 (43.4%)
N3 6,9476,2803,051 (48.6%)42,22732,10012,574 (39.2%)
2010-2[၁၀] N1 40,04136,81012,774 (34.7%)100,68987,76325,781 (29.4%)
N2 27,94726,02011,679 (44.9%)106,40291,99630,460 (33.1%)
N3 8,3637,6653,501 (44.9%)56,23645,90618,883 (41.1%)
N4 7,7647,3173,716 (50.8%)48,61341,48419,235 (46.4%)
N5 2,0651,8701,458 (78.0%)43,67638,12822,846 (59.9%)
2011-1[၁၁] N1 24,71622,7826,546 (28.7%)89,74476,99120,519 (26.7%)
N2 19,20317,9579,057 (50.4%)92,01579,71630,216 (37.9%)
N3 5,6425,2112,511 (48.2%)36,84129,50713,230 (44.8%)
N4 3,6433,3581,431 (42.6%)19,01015,4535,802 (37.5%)
N5 716649464 (71.5%)12,34610,5106,108 (58.1%)
2011-2[၁၂] N1 36,42633,46011,849 (35.4%)100,87388,51427,452 (31.0%)
N2 22,87521,2698,695 (40.8%)94,53882,94428,679 (34.6%)
N3 8,1497,5803,073 (40.5%)49,91741,66516,576 (39.8%)
N4 7,0086,5963,083 (46.7%)38,88833,40214,722 (44.1%)
N5 1,6031,4811,045 (70.6%)33,24529,15916,986 (58.3%)
2012-1[၁၃] N1 26,05124,14211,074 (45.9%)78,90569,08223,789 (34.4%)
N2 20,04118,8439,683 (51.4%)78,55369,41829,191 (42.1%)
N3 7,3176,8783,232 (47.0%)38,65031,94114,391 (45.1%)
N4 5,4375,1162,388 (46.7%)22,43118,5908,489 (45.7%)
N5 1,004925679 (73.4%)16,36113,9118,129 (58.4%)
2012-2[၁၄] N1 32,91730,2967,998 (26.4%)86,00475,25017,411 (23.1%)
N2 21,13919,6127,919 (40.4%)79,51369,79025,617 (36.7%)
N3 10,0859,4222,668 (28.3%)47,30139,76312,722 (32.0%)
N4 6,9616,5622,371 (36.1%)36,79931,62011,783 (37.3%)
N5 1,4161,307945 (72.3%)34,17829,70016,225 (54.6%)
2013-1[၁၅] N1 27,09925,1178,503 (33.9%)74,67465,22520,139 (30.9%)
N2 20,95619,7129,117 (46.3%)73,72964,88529,725 (45.8%)
N3 9,9889,3373,623 (38.8%)39,87032,89513,063 (39.7%)
N4 5,6375,2972,485 (46.9%)23,74619,9419,823 (49.3%)
N5 1,000905696 (76.9%)18,72016,0169,957 (62.2%)
2013-2[၁၆] N1 31,69128,92910,031 (34.7%)81,79471,49025,524 (35.7%)
N2 22,85921,2118,410 (39.6%)73,93564,98928,148 (43.3%)
N3 12,43611,5013,911 (34.0%)48,87541,12917,901 (43.5%)
N4 6,9636,4302,871 (44.7%)38,07832,75214,290 (43.6%)
N5 1,5191,392983 (70.6%)37,31331,92218,248 (57.2%)
2014-1[၁၇] N1 26,77724,3959,513 (39.0%)73,78264,40921,108 (32.8%)
N2 22,22620,8559,359 (44.9%)73,82964,69929,313 (45.3%)
N3 14,84213,7494,362 (31.7%)42,74635,25115,535 (44.1%)
N4 6,6436,2083,028 (48.8%)27,27122,94410,657 (46.4%)
N5 1,3181,175885 (75.3%)23,15419,65810,726 (54.6%)
2014-2[၁၈] N1 30,06127,3098,663 (31.7%)76,51666,61020,260 (30.4%)
N2 27,72525,5488,785 (34.4%)73,27463,49425,361 (39.9%)
N3 18,41516,7674,796 (28.6%)51,36542,64217,189 (40.3%)
N4 8,1237,5162,482 (33.0%)40,29234,26513,142 (38.4%)
N5 1,8621,6961,119 (66.0%)42,17235,49217,002 (47.9%)
2015-1[၁၉] N1 27,21824,9718,958 (35.9%)70,45360,64220,625 (34.0%)
N2 28,78826,78810,819 (40.4%)74,93164,76428,538 (44.1%)
N3 22,38920,8676,398 (30.7%)46,79938,48916,081 (41.8%)
N4 9,8749,3323,556 (38.1%)32,59727,2419,383 (34.4%)
N5 1,7961,6341,190 (72.8%)29,20124,56912,940 (52.7%)
2015-2[၂၀] N1 32,20029,3058,911 (30.4%)74,05964,35517,768 (27.6%)
N2 36,14733,37410,922 (32.7%)76,20265,80426,408 (40.1%)
N3 27,04724,6836,839 (27.7%)55,10345,58919,739 (43.3%)
N4 11,87410,9693,325 (30.3%)45,62338,56614,794 (38.4%)
N5 2,4082,1461,398 (65.1%)45,54338,43119,203 (50.0%)
2016-1[၂၁] N1 30,21827,81010,340 (37.2%)69,14759,79019,396 (32.4%)
N2 39,13636,52514,037 (38.4%)79,20868,64232,324 (47.1%)
N3 36,55934,36811,447 (33.3%)50,85741,81619,531 (46.7%)
N4 13,43512,5474,272 (34.0%)36,63730,49811,960 (39.2%)
N5 2,1911,9771,282 (64.8%)32,28627,10613,671 (50.4%)
2016-2[၂၂] N1 37,49234,06510,152 (29.8%)74,58464,86620,041 (30.9%)
N2 49,62045,68712,962 (28.4%)86,64974,94929,826 (39.8%)
N3 39,88136,53611,966 (32.8%)63,18752,40423,389 (44.6%)
N4 15,21913,9374,076 (29.2%)52,62644,39315,444 (34.8%)
N5 2,9892,6861,577 (58.7%)54,37345,20021,515 (47.6%)

ယခင်ကျင်းပခဲ့သည့် ပုံစံ (၁၉၈၄ − ၂၀၀၉)

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Overseas
  2. List of Local Host Institutions of JLPT Japanese Ministry of Foreign Affairs။ 2010-02-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 31, 2009 တွင် ပြန်စစ်ပြီး။
  3. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named newfaq
  4. Composition of Test Sections and Items The Japan Foundation။ March 16, 2011 တွင် ပြန်စစ်ပြီး။
  5. 2007年結果の概要,実施国・地域別応募者数・受験者数 2009-12-28 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . JEES. Retrieved 5 April 2010.
  6. 2008年結果の概要,実施国・地域別応募者数・受験者数 2009-08-23 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . JEES. Retrieved 5 April 2010.
  7. 2009年度1回日本語能力試験実施状況 21 July 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . JEES. Retrieved 5 March 2010.
  8. 2009年度2回日本語能力試験実施状況 29 October 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . JEES. Retrieved 5 March 2010.
  9. Data of the test in 2010 (July) JEES. Retrieved 27 November 2010.
  10. Data of the test in 2010 (December) JEES. Retrieved 12 February 2011.
  11. Data of the test in 2011 (July) JEES. Retrieved 13 September 2011.
  12. Data of the test in 2011 (December) JEES. Retrieved 14 March 2012.
  13. Data of the test in 2012 (July) JEES. Retrieved 29 August 2012
  14. Data of the test in 2012 (December) JEES. Retrieved 29 August 2012
  15. Data of the test in 2013 (July) JEES. Retrieved 3 May 2015
  16. Data of the test in 2013 (December) JEES. Retrieved 3 May 2015
  17. Data of the test in 2014 (July) JEES. Retrieved 27 June 2017
  18. Data of the test in 2014 (December) JEES. Retrieved 27 June 2017
  19. Data of the test in 2015 (July) JEES. Retrieved 27 June 2017
  20. Data of the test in 2015 (December) JEES. Retrieved 27 June 2017
  21. Data of the test in 2016 (July) JEES. Retrieved 27 June 2017
  22. Data of the test in 2016 (December) JEES. Retrieved 27 June 2017