လော့စ်အိန်ဂျယ်လိစ်မြို့
| လော့စ်အိန်ဂျယ်လိစ် | |||
|---|---|---|---|
| မြို့တော် | |||
|
ထိပ်မှစ၍ လက်ယာရစ်: အက်ကိုးဥယျာဉ်မှ မြင်ရသော လော့စ်အိန်ဂျယ်လိစ် မြို့လယ်ခေါင်၊ ဟောလီးဝုဒ် ဘော်လီဘတ်၊ သင်းမ် အဆောက်အဦး၊ လော့စ်အိန်ဂျယ်လိစ် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဗင်းနစ် ကမ်းခြေ၊ ဗင်းဆင့် သောမတ်စ် တံတား၊ လော့စ်အိန်ဂျယ်လိစ် မြို့တော်ခန်းမ၊ ဟောလိဝုဒ် ဆိုင်းဘုတ် | |||
| |||
| တင်စားခေါ်ဝေါ်သည့်အမည်များ: "အယ်လ်အေ"၊ "နတ်သမီးတို့၏ မြို့တော်"၊ "နတ်သမီးမြို့"၊[၁] "လိမ္မော်သီးကြီး"[၂][၃] "လာလာလန်း"၊ "တင်ဆဲလ်တောင်း"[၄] ပန်းများနှင့် နေရောင်ခြည်ဖြာသော မြို့ [၅] | |||
ကယ်လီဖိုးနီးယား ပြည်နယ်အတွင်းမှ လော့စ်အိန်ဂျယ်လိစ် ကောင်တီ၏ နေရာပြပုံ | |||
| ပြည်နယ် | ကယ်လီဖိုးနီးယား | ||
| ကောင်တီ | လော့စ်အိန်ဂျယ်လိစ် ကောင်တီ | ||
| အုပ်ချုပ်ရေး | |||
| • အမျိုးအစား | မြို့တော်ဝန် ကောင်ဆယ်လ် | ||
လော့စ်အိန်ဂျယ်လိစ်မြို့ (အင်္ဂလိပ်: Los Angeles; အတိုကောက် LA) သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ အကြီးဆုံးမြို့ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် နယူးယောက်မြို့ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးမြို့ ဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ် မြစ်ပေါ်တွင် တည်ရှိကာ အမေရိကန်အနောက်ပိုင်း၏ အကြီးဆုံးမြို့လည်း ဖြစ်သည်။ အတိုကောက်အားဖြင့် L.A. ဟု ခေါ်ဆိုလေ့ရှိကြပြီး "နတ်သမီးတို့၏မြို့တော်" (City of Angels) ဟုလည်း တင်စားခေါ်ဆိုကြသည်။
မြို့တွင် နေထိုင်သူများကို အိန်ဂျယ်လီနို (Angelenos) ဟု ခေါ်ဝေါ်ကြသည်။
ပထဝီဝင်နှင့် လူဦးရေ
[ပြင်ဆင်ရန်]ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် ၄၉၈.၃ စတုရန်းမိုင် (၁,၂၉၀.၆ စတုရန်းကီလိုမီတာ) ကျယ်ဝန်းစွာ ဖြန့်ကျက်တည်ရှိသော လော့စ်အိန်ဂျယ်လိစ်မြို့သည် မြို့တွင်းလူဦးရေ ၃.၈ သန်းခန့်နှင့် မြို့ပြဧရိယာတွင် နေထိုင်သူ ၁၂.၉ သန်းခန့်ရှိပြီး ဘာသာစကားပေါင်း ၂၂၄ မျိုးအထိ ပြောဆိုသည့် ကမ္ဘာအရပ်ရပ်မှ ပြောင်းရွှေ့လာသူများ စုဝေးရာ ဒေသတစ်ခုဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် လူဦးရေအများဆုံးနှင့် ယဉ်ကျေးမှုအစုံလင်ဆုံးဖြစ်သော လော့စ်အိန်ဂျယ်လိစ်ကောင်တီ၏ ရုံးစိုက်ရာမြို့ဖြစ်သည့်အားလျော်စွာ မက္ကဆီကန်၊ ဂျပန်၊ တရုတ်နှင့် ဖိလစ်ပိုင်လူမျိုးများအတွက် သီးခြားရပ်ကွက်များစွာ တည်ရှိပြီး၊ ကမ္ဘာပေါ်တွင် မက္ကဆီကန်လူမျိုး အများဆုံးနေထိုင်ရာ ပဉ္စမမြောက်မြို့အဖြစ်ပါ သတ်မှတ်ခံထားရသည်။
သာယာသော မြေထဲပင်လယ် ရာသီဥတုရှိသည့် လော့စ်အိန်ဂျယ်လိစ်မြို့သည် ၄၆၄ ပေမြင့်သော မြို့တော်ခန်းမ၊ ၁၈ ထပ်မြင့် စာတိုက်နှင့် ၁၉၅ ပေမြင့် နာရီစင်ရှိသော ဗရင်ဂျီကသီဒရယ် ဘုရားရှိခိုးကျောင်းတို့ကဲ့သို့ ရှေးစပိန်လက်ရာနှင့် ခေတ်အမျိုးမျိုး ပေါင်းစပ်ထားသည့် ဗိသုကာဟန်များဖြင့် ထင်ရှားသည်။ ပစိဖိတ်ကမ်းခြေတွင် စက်မှုလက်မှု အထွန်းကားဆုံးမြို့ဖြစ်သည့်အားလျော်စွာ ကမ္ဘာကျော် ဟောလီဝုဒ် ရုပ်ရှင်လုပ်ငန်း၏ အချက်အချာဒေသ ဖြစ်ရုံသာမက လေယာဉ်တည်ဆောက်ခြင်း၊ မော်တော်ကားတပ်ဆင်ခြင်း၊ အစားအသောက်စည်သွတ်ခြင်းနှင့် တာယာထုတ်လုပ်ခြင်းလုပ်ငန်းများလည်း ကြီးကျယ်စွာ လည်ပတ်နေသည်။
ထို့အပြင် ကယ်လီဖိုးနီးယားပြည်နယ် ရေနံထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့်ကို ထုတ်လုပ်ပေးနေသလို မြို့ရှိ စန်ပီဒရိုဆိပ်ကမ်းသည်လည်း ပစိဖိတ်ကမ်းခြေ၏ ဒုတိယအကြီးဆုံး ဆိပ်ကမ်းအဖြစ် ရပ်တည်လျက်ရှိသည်။
လော့စ်အိန်ဂျယ်လိစ်မြို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ရှိသည်။ [၆]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]စပိန်လူမျိုးတို့က စတင်တွေ့ရှိခဲ့ပြီး ၁၇၈၁ ခုနှစ်တွင် လူနေအိမ်ခြေ စတင်တည်ဆောက်ခဲ့သည်။ မက္ကဆီကိုပိုင် ကယ်လီဖိုးနီးယား၏ မြို့တော်ဖြစ်ခဲ့ဖူးပြီး ၁၈၄၇ ခုနှစ်တွင် အမေရိကန်ရေတပ်က သိမ်းပိုက်ခဲ့သည်။ ၁၈၅၀ ပြည့်နှစ်တွင် မြို့တည်စာချုပ် ရရှိခဲ့သည်။
မြို့အမည်မှာ စပိန်အမည်ဖြစ်သော El Pueblo de Nuestra Señora la Reina de los Ángeles de Porciúncula ကို အတိုကောက် ခေါ်ဆိုခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ "ပေါ်စီအွန်စူလာ ကောင်းကင်တမန်တို့၏အရှင် ကျွန်ုပ်တို့သခင်မ၏မြို့တော်" ဟူ၍ ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Smith၊ Jack။ "A Teflon Metropolis Where No Nicknames Stick"၊ Los Angeles Times၊ October 12, 1989၊ စာ- 1။ October 1, 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 13 December 2011။
- ↑ U.S. City Monikers, Tagline Guru website, accessed January 5, 2008
- ↑ , VOA, accessed June 26, 2014
- ↑ "Tinseltown" is in reference to the glitz and glamour of the entertainment industry in Los Angeles. More specifically, "Tinseltown" refers to world-famous Hollywood.
- ↑ Motto ought to be boffo 2 July 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., Irvine World News, February 22, 2004. accessed August 11, 2014
- ↑ Consul-General။ 2026-03-13 တွင် ပြန်စစ်ပြီး။