အသူရကာယ်

ဝီကီပီးဒီးယား မှ

ကာမဂုဏ်ချမ်းသာကို ပျော်ရွှင်စွာမခံစားရသော သတ္တဝါများဖြစ်ကြသည်။ ဘုံသီးခြားမရှိချေ၊ ၎င်းတို့နေသောအရပ်ကိုသာ အသူရကာယ်ဘုံ ဟု ခေါ်ကြသည်။ အသူရာများသည် ကာလကိဉ္စိက ပြိတ္တာ မျိုးပင်ဖြစ်သည်။ တောတောင်၊ သမုဒ္ဒရာ၊ မြစ်ကမ်း၊ သုဿန်များတွင် နေတတ်၍ အလွန်ဆာလောင်မွတ်သိပ်ကြသည်။ အချို့အသူရာများသည် ဘုရားနှစ်ဆူ၊ သုံးဆူ ပွင့်သည့်တိုင် တစ်ကြိမ်မျှ မစားမသောက်ကြရပေ။

အသူရာ (၅)မျိုးရှိသည်။

  1. ကာလကိဉ္စိက ပြိတ္တာ အသူရာ (ကာလကိဉ္စိက ပြိတ္တာများ)
  2. လောကန္တရိတ် အသူရာ (လောကန္တရိတ် ငရဲသားများ) စကြဝဠာတံတိုင်းကို လင်းနို့များကဲ့သို့ ကုတ်ကပ်နေရသော ငရဲသားများ
  3. ဝေမာနိကပြိတ္တာ အသူရာ (ငရဲထိန်း၊ ငရဲမင်းကြီးများ) စတုမဟာရာဇ်နတ်မှာ ပါဝင်သည်။
  4. ဝိနိပါတိက အသူရာ (ဘုမ္မဇိုးနတ်ကြီးများအား မှီခိုကပ်ယပ်ပြီးနေရသော တန်ခိုးဣဒ္ဓိပါဒ်နုံတဲ့ နတ်ကလေးများ) စတုမဟာရာဇ်နတ်မှာ ပါဝင်သည်။
  5. နတ် အသူရာ ( မြင်းမိုရ်တောင်ခြေ သီဒါအတွင်းမှာ နေသည်။) တာဝတိံသာနတ်မှာ ပါဝင်သည်။

သို့သော် မြင်းမိုရ်တောင်ထိပ်က တာဝတိံသာနတ်များနှင့် အမြဲ စစ်တိုက်နေကြရသည်။

နတ် အသူရာများတွင်လည်း-

  1. ဝေပစိတ္တီ နတ်အသူရာ
  2. သုဗလိ နတ် အသူရာ
  3. ရာဟု နတ် အသူရာ
  4. ပဟာရ နတ် အသူရာ
  5. သမ္ဗရတိ နတ် အသူရာ ဟု အမျိုးကွဲသေးသည်။

[၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ဦးမြတ်ကျော် ၃၁-ဘုံခရီးသည်