ဝမ်းဘဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဝမ်းဘဲ (သို့) ကျားမ
သဘာဝထိမ်း​သိမ်းခြင်းအခြေအနေ
Status iucn3.1 LC.svg
Least Concern
(IUCN Red List Ver.3.1 (2001))[၁]
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Aves]]
မျိုးစဉ် [[Anseriformes]]
မျိုးရင်း [[Anatidae]]
မျိုးစု [[Anas]]
မျိုးစိတ် '''''A. poecilorhyncha'''''
ဒွိနာမ
''Anas poecilorhyncha''

ဝမ်းဘဲ (သို့) ကျားမ

ဝမ်းဘဲ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံ အမြို့မြို့အရွာရွာတွင် ဝမ်းဘဲကိုတွေ့နိုင်သည်။ အမြီး နှင့် အနောက်ဘက်ပိုင်းတွင် အလွန်နက်သည့် အရောင်ရှိပြီးလျှင် အတောင် များကို ပိတ်ထားသောအခါတွင် အဖြူစင်းကြီးရှိသဖြင့် ဝမ်းဘဲသည်ထူးခြား သည်။ ခြေထောက်များမှာ တောက်ပသည့် အနီရောင်၊ လိမ္မော်ရောင်အထိ ရှိတတ်သည်။ ဝမ်းဘဲ၏ သာမန်အော်သံမှာ 'ဂတ်ဂတ်ဂတ်' ဖြစ်သည်။ ဧရာဝတီနှင့် ရွှေလီကဲ့သို့သော မြစ်ကြီးများတွင် ဝမ်းဘဲကို တွေ့ နိုင်ပေသည်။ ဝမ်းဘဲသည် အခြားငှက်များနှင့် ရော၍နေလေ့မရှိချေ။ သို့ သော် ဘဲခေါင်းစိမ်း (ဘဲခြေနီ)နှင့်ကား ရော၍နေထိုင်သည်ကို တွေ့ရသည်။ ထုံးအိုင်များ၌လည်း ဝမ်းဘဲကို တွေ့မြင်နိုင်သည်။ ဝမ်းဘဲသည် ရေမျက်နှာ ပြင်တွင်သာ အစာရှာဖွေသော ငှက်မျိုးဖြစ်သည်။ ထုံးအိုင်ပတ်ဝန်းကျင်ရှိ စပါးပင်များကို စားပစ်သည်ထက် ခြေနှင့်နင်း၍ပစ်ခြင်းကြောင့် ပို၍ပျက်စီး စေသည်။ ဝမ်းဘဲ၏ အနှစ်သက်ဆုံးအစာမှာ ရေပိုးရေမွှားများ၊ ဖားများနှင့် တီကောင်များဖြစ်သည်။

ဝမ်းဘဲသည် အသိုက်ကို အပင်များ ဖုံးအုပ်နေသော မြေကြီးပေါ် တွင် ပြုလုပ်လေ့ရှိသည်။ ထိုအသိုက်များသည် ရေနှင့်အတော်ဝေးဝေးတွင် ရှိတတ်သည်။ ဘဲရိုင်းများသည် သားပေါက်ချိန်၌ အတောင်နှင့် အမြီးရှိ အတောင်ရှည်များ လဲလှယ်ရန် ကျွတ်ကုန်ကြလေသည်။ ထိုသို့ အတောင် များကျွတ်နေစဉ်တွင် ဝမ်းဘဲသည် အသိုက်မှ အလွန်ထွက်ခဲသည်။ တစ်ခါ အုလျှင် ဝမ်းဘဲသည် ရှစ်ဥမှ ဆယ်ဥအထိ အုတတ်သော်လည်း တစ်ခါ တစ်ရံတွင်မူ ၁၄ ဥအထိ အုတတ်လေသည်။

ဝမ်းဘဲသည် အာရှတိုက် အရှေ့တောင်ပိုင်း၊ ဩစတြေးလျ တိုက်၊ ပစိဖိတ်ကျွန်းစုများနှင့် မြောက်ဘက်တွင် တရုတ်နိုင်ငံနှင့် ဆိုက်ဗီး ရီးယား အရှေ့ပိုင်းအထိ ပျံ့နှံ့လျက်ရှိသည်။ ဝမ်းဘဲသည် အန်ဆာရီဖောမီး မျိုးစဉ်တွင် အနာတီဒီး မျိုးရင်းနှင့် အနာတီနီး မျိုးရင်းခွဲတို့တွင် ပါဝင်ပြီးလျှင် ယင်းကို ပါဏဗေဒအလိုအားဖြင့် အနပ် ပီစီလောရင်းချား ပီစီလောရင်းချား ဟုခေါ်သည်။ ဝမ်းဘဲနှင့် မျိုးစဉ်တူ၊ မျိုးရင်းတူနှင့် မျိုးရင်းခွဲတူ အခြားဘဲတစ် မျိုးမှာ ဘဲခေါင်းစိမ်းဖြစ်သည်။ ဘဲခေါင်းစိမ်း၏ အလျားမှာ ၂၃ လက်မ ဖြစ်သည်။ ဘဲခေါင်းစိမ်းဟုခေါ်ကြသည့်အတိုင်း ဦးခေါင်း၏ အရောင်သည် ကိုယ်အရောင်နှင့်မတူဘဲ အစိမ်းရောင်လွှမ်းလျက်ရှိသည်။ ဘဲခေါင်းစိမ်း အဖို၏အမြီးအလယ်ရှိ အမွှေးလေးချောင်းသည် အပေါ်သို့ တွန့်လိမ်လျက်ရှိ သဖြင့် အခြားဘဲများနှင့် ခြားနားသည်။ ဘဲခေါင်းစိမ်းအဖို၏အရောင်သည် များသောအားဖြင့် မွဲခြောက်ခြောက်ဖြစ်ပြီးလျှင် လည်ပင်းပတ်လည်တွင် အဖြူရစ်ရှိသည်။ ဘဲခေါင်းစိမ်းအမ၏အသံသည် ကျယ်လောင်၍ ကြမ်းတမ်း သော်လည်း အဖို၏အသံမှာ ခတ်အုတ်အုတ်ဖြစ်သည်။

ဘဲခေါင်းစိမ်းများကို ရေကန်များ၊ ထုံးအိုင်များနှင့် အသီးအနှံ စိုက်ပျိုးခင်းများရှိသည့် ရေဝပ်ဒေသများတွင် စုံတွဲဖြစ်စေ၊ အုပ်ကလေးများဖွဲ့ ၍ဖြစ်စေ တွေ့ရသည်။ များသောအားဖြင့် ဘဲခေါင်းစိမ်းသည် ရေမျက်နှာပြင် တွင်သာ ကျက်စားလေ့ရှိသော်လည်း တစ်ခါတစ်ရံတွင် အစာအတွက် နှစ်ပေ သုံးပေမျှ ရေတွင်ငုပ်လေ့ရှိသည် ။ ရေမှထ၍ ပျံရာတွင် တည့်တည့်မတ်မတ် ထလေ့ရှိသည်။ မြေကြီးပေါ်၌ လမ်းလျှောက်ရာတွင် သာမန်ဝမ်းဘဲထက် ပို၍ ကောင်းမွန်စွာ လျှောက်နိုင်သည်။ ဘဲခေါင်းစိမ်းအုပ်များသည် စား ကျက်သို့ဖြစ်စေ၊ စားကျက်မှဖြစ်စေ အချိန်မှန်မှန် ပျံသန်းလေ့ရှိကြသည်။ ဘဲခေါင်းစိမ်း ပျံသန်းရာတွင် လျှင်မြန်ပြီးလျှင် ထူးခြားသည့်လှုပ် ရှားမှုရှိသည်။ အတောင်များကိုခတ်ရာတွင် မမြန်လှသော်လည်း လေချွန်သံ ပေါက်သည်။ အစာရှာရန်ပျံသန်းစဉ်တွင် ပုံသဏ္ဌာန်ထား၍ ပျံသန်းလေ့မရှိ ကြသော်လည်း နယ်ပြောင်းကြသောအခါမှာမူ ပုံသဏ္ဌာန်နှင့်ဖြစ်စေ၊ အမြဲ သဖြင့် ပြောင်းလဲလေ့ရှိသော ရွှေရွှေအတန်းလိုက်ဖြစ်စေ ပျံသန်းလေ့ရှိကြ သည်။

ဘဲခေါင်းစိမ်းသည် မြန်မာနိုင်ငံတွင် အမြဲနေထိုင်သော ငှက်မျိုး မဟုတ်ချေ။ မြန်မာနိုင်ငံနှင့် အနီးဆုံး ဘဲခေါင်းစိမ်း၏ သားပေါက်သောနေရာ များမှာ တိဗက်နှင့် ကသ္မီယပြည်တို့ဖြစ်သည်။ ဆောင်းရာသီ၌ မြန်မာနိုင်ငံ မြောက်ပိုင်းသို့ အုပ်ကလေးများဖွဲ့၍ မှန်မှန်လာပုံရသည်။ ချင်းတွင်းအထက် ပိုင်း၊ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်း တို့တွင်လည်း ဘဲခေါင်းစိမ်းကိုတွေ့ရသည်။ ဘဲခေါင်းစိမ်းသည် ကြောက်တတ်သဖြင့် သေနတ်သံကို ကြား သည်နှင့်တစ်ပြိုင်နက် ရှေးဦးစွာပျံသန်းသွားလေ့ရှိသည်။ ဘဲခေါင်းစိမ်းကို ပါဏဗေဒ အလိုအားဖြင့် အနပ်ပလက်တိုင်းရင်းချား ပလက်တိုင်းရင်းချာ ဟု ခေါ်သည်။

ဝမ်းဘဲနှင့်မျိုးစဉ်တူ၊ မျိုးရင်းတူနှင့် မျိုးရင်းခွဲတူသော အခြားဝမ်း ဘဲတစ်မျိုးလည်း ရှိသေးသည်။ ယင်းမှာ ဘဲရစ်ဖြစ်သည်။ ဘဲရစ်သည် မြန်မာနိုင်ငံတွင် အမြဲနေထိုင်သော ငှက်မျိုးမဟုတ်သော်လည်း အောက်တို ဘာလမှ ဖေဖော်ဝါရီလလယ်အထိ လာရောက်နေထိုင်သောငှက်ဖြစ်သည်။ မြန်မာနိုင်ငံသို့ ဒေသပြောင်း၍ လာရောက်နေထိုင်သော ငှက်များတွင် ဘဲရစ် သည် အများဆုံးတွေ့နိုင်သော ငှက်မျိုးဖြစ်ကောင်းဖြစ်နိုင်သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ဘဲရစ်ကိုတွေ့နိုင်သော်လည်း မြန်မာနိုင်ငံ၏မြောက်ဘက်နှင့် အလယ်ပိုင်းတို့တွင် ပို၍အတွေ့ရများသည်။

ဘဲရစ်၏ကိုယ်အလျားသည် ၂၂ လက်မရှိ၍ ဘဲရစ်ဖို၏အမြီး အတောင်များသည် သာမန်ဝမ်းဘဲ၏ အမြီးအတောင်ထက် လေးလက်မ ပို၍ ရှည်သည်။ ဘဲရစ်၏ ကိုယ်ထည်သည် သေးသေးသွယ်သွယ်ရှိပြီးလျှင် လှပ သည်။ လည်ပင်းရှည်ပြီးလျှင်အမြီးချွန်သည်။ အရွယ်မရောက်သေးသော ဘဲရစ်အဖိုသည် ဘဲရစ်အမနှင့်တူ၏။ ရေမှအထတွင် အတန်ငယ်ခဲယဉ်းသော်လည်း ပျံသန်းရာတွင်လည်း အလွန် လျှင်မြန်သည်။ အတောင်ရိုက်ခတ်ရာတွင်လည်း လျှင်မြန်ပြီးလျှင် သွားကြား လေသံကဲ့သို့ အသံထွက်ပေါ်သည်။

ဘဲရစ်သည် များသောအားဖြင့် ဆိတ်ညိမ်စွာ နေလေ့ရှိသော်လည်း ဘဲရစ်အမကမူ တစ်ခါတစ်ရံ အသံပြုတက်သည်။ ဘဲရစ်သည်အလွန် ကြောက်တတ်သော ငှက်မျိုးဖြစ်သည်။ အကောင် ၂ဝ မှ ရာပေါင်းများစွာ အထိ ရှိသော ဘဲရစ်အုပ်ကို ထုံးအိုင်၏အလယ်တွင် တွေ့တတ်ရာ သေနတ် ပစ်ဖောက်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်အုပ်လုံး ပျောက်ကွယ်သွားလေ့ရှိ သည်။ ရခိုင်နယ်တွင် လူမရောက်နိုင်သည့် လမုတောစိမ့်များအတွင်း၌ နေ့ အခါတွေ့ရ၍ ညဉ့်အခါတွင် မှော်များရှိသည့် တိမ်သောရေချိုရေအိုင်များတွင် ကျက်စားသည်။

ဘဲရစ်ကို ပါဏဗေဒအလိုအရ အနပ်အကူတာ အကူတာ ဟုခေါ် သည်။ ဘဲအသည်လည်း ဝမ်းဘဲနှင့် အမျိုးစဉ်တူ၊ မျိုးရင်းခွဲတူ ငှက်ဖြစ် သည်။ ဘဲအသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလမှ မတ်လအထိ လာ ရောက်လေ့ရှိသော ငှက်မျိုးပင်ဖြစ်သော်လည်း ယင်းကိုတွေ့ရခဲသည်။ ဘဲအ၏ အလျားမှာ ၁၉ လက်မရှိသည်။ ဘဲအ အမ၏ အရောင် မှာ အညိုရောင်အနုတွင် အညိုရင့်ရောင် အကွက်များရှိသည်။ နှုတ်သီးမှာ အခြားဘဲမျိုးများထက်တိုပြီးလျှင် အမွှေးအတောင်၏ အရောင်မှာ အနီရောင် ပို၍ ထနေလျက် အမြီးချွန်လည်းရှိသဖြင့် ခွဲခြား၍သိနိုင်လေသည်။ ဘဲအ တွင် အဖိုရော အမ၌ပါ ရင်ပတ်ဖြူများရှိသဖြင့် ထူးခြားလေသည်။

ဘဲအ အဖို၏အသံမှာ ကျယ်လောင်ပြတ်သား၍ သာယာသော လေချွန်သံမျိုးဖြစ်သည်။ အမ၏အသံမှာ ညည်းသံမျိုးဖြစ်သည်။ ဘဲအသည်လည်း ဘဲရစ်နှင့် ဘဲခေါင်းစိမ်းတို့ကဲ့သို့ပင် ကြောက် တတ်သဖြင့် သေနတ်သံကြားသည်နှင့်တစ်ပြိုင်နက် ပျောက်ကွယ်သွားလေ့ရှိ သော ငှက်မျိုးဖြစ်သည်။ ပျံသန်းသောအခါ များသောအားဖြင့် တန်း၍ပျံ သန်းလေ့ရှိကြသော်လည်း မညီမညာနှင့် ပုံသဏ္ဌာန်ကိုပြောင်းလဲ၍ ပျံသန်း တတ်ကြသည်။ ဘဲအကို ပါဏဗေဒ အလိုအားဖြင့် အနပ်ပင်နဲလုပ် ဟုခေါ်သည်။ [၂]



Male (front) and female Chinese Spotbills (A. (p.) zonorhyncha)

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Template:IUCN2006 Database entry includes justification for why this species is of least concern
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)