အတပ္မါ
အတပ္ပါဘုံဆိုသည် ချမ်းချမ်းသာသာ ဖိုလ်ချမ်းသာများကို ခံစား၍ မရောင့်ရဲနိုင်သော ဗြဟ္မာများ၏ နေရာဘုံဖြစ်သည်။ အတပ္ပါဘုံသည် အဝိဟာဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင်ကွာဝေးသည်။
အတပ္ပါဘုံသို့ ကသိုဏ်း(၁၀)ပါး၊ အာနာပါနဿတိ၊ ဥပေက္ခာ ဗြဟ္မဝိဟာရ စသောကမ္မဌာန်းတရား (၁၂)ပါးထဲမှ တစ်ပါးပါးကို အားထုတ်၍ ပထမဈာန်ကိုရလာသော အနာဂါမိဖလဋ္ဌာန်၊ အရိယာပုဂ္ဂိုလ်များမှ ရောက်နိုင်သည်။ ထိုပုဂ္ဂိုလ်များသည် မိမိတို့ရရှိထားသော ပထမဈာန်ကို ပွားများသောအခါ ဝီရိယိန္ဒြေလွန်ကဲသူများ ဖြစ်ကြသည်။ ထို့ကြောင့် အတပ္ပါဘုံကို ရောက်လာခြင်း ဖြစ်သည်။ အတပ္ပါဘုံ၏ ပဋိသန္ဓေစိတ်သည် ရူပပဥ္ဖမဈာဉ် ဝိပါက်စိတ်ဖြစ်သည်။ ထိုဘုံတွင် အနာဂါမိဖလဋ္ဌာန်၊ အရဟတ္တဖလဋ္ဌာန်၊ အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်(၃)ယောက်ရသည်။ သက်တမ်းအားဖြင့် ကမာ္ဘပေါင်း နှစ်ထောင် အသက်ရှည်သည်။ အတပ္ပါဘုံသည်လည်း ကမာ္ဘကြီးပျက်သည့် အထဲတွင် မပါဝင်ပေ။ [၁]
ကျမ်းကိုး [ပြင်ဆင်ရန်]
- ↑ ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)`၃၁-ဘုံ ခရီးသည်´