ချစ်သူများနေ့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကမ္ဘာတွင် ချစ်သူများနေ့ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ဟု သတ်မှတ်သည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ရောမပြည်မှ အချစ်အကြောင်းသည် ချစ်သူများနေ့ ဖြစ်ပေါ်ခြင်း၏ သမိုင်းအစဖြစ်သည်။ ရောမဘုရင်တစ်ပါး လက်ထက်တွင် စစ်တိုက်ထွက်ကြသော စစ်သည်တော်များသည် ချစ်သူရည်းစားနှင့် ဇနီးမယားများကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရှုံးနှိမ့်ခဲ့ကြသည်။ ထိုအကြောင်းကို ဘုရင်ကြီးသိသောအခါ ရောမမြို့တွင် ချစ်သူရည်းစား မထားရ။ အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတော်ကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမိန့်ထုတ်ခဲ့သည်။

နှလုံးသားရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့၏ အချစ်ကို နေ့တစ်နေ့အတွက် မရည်စူးပါ။ ချစ်တတ်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း (St. Valentine) ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း သည် ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတတ်သူမို့ မိမိအသက်ကို ပဓာနမထားပဲ လက်ထပ်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်သိသောအခါ ထိုနေ့ ဖေဖေါ်ဝါရီ (၁၄)ရက်တွင် ဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်ပါသည်။ ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း ကို ဂုဏ်ပြုသောအားဖြင့် Valentine's Day (သို့မဟုတ်) ချစ်သူများနေ့ဟု ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။

ကမ္ဘာတဝန်းကျင်းပကြပုံ[ပြင်​ဆင်​ရန်​]

ဂျပန်နိုင်ငံ[ပြင်​ဆင်​ရန်​]

ကျွန်တော်တို့ နိုင်ငံ၌ Valentine's Day ဟာ ချစ်သူစုံတွဲအတွက်သာ သီးသန့် ဆင်နွှဲဖို့ရာ ဖြစ်နေပြီး တစ်ကိုယ်တည်းသမားများအတွက်တော့ မသက်ဆိုင်တဲ့ နေ့လေးတနေ့လို ဖြစ်နေပါသည်။ ဂျပန်နိုင်ငံမှာတော့ ထိုကဲ့သို့မဟုတ်ပဲ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာတော့ လူကြီးလူငယ်မရွေး၊ ချစ်သူရှိသူကော၊ မရှိသူကော အားလုံးပါဝင်ဆင်နွှဲကြတဲ့ နေ့လေးတနေ့ ဖြစ်ပါသည်။ ပိုပြီးထူးခြားနေတာကတော့ Valentine's Day မှာ မိန်းကလေးဘက်ကနေ ယောက်ျားလေးဘက်ကို ချောကလက်လက်ဆောင် ပေးလေ့ရှိတဲ့ ဓလေ့ပဲဖြစ်သည်။ ဒါပေမယ့် ချောကလက်ပေးတိုင်း ချစ်ကြိုက်တယ်ဆိုတဲ့ သဘောမျိုးမဟုတ်ပဲ ခင်မင်သူအမျိုးသား သူငယ်ချင်း မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေကို ခင်မင်မှုနဲ့ ကျေးဇူးတရားကို ဖော်ကျူးတဲ့ Giri-choko (Obligation chocoloate) ပဲ ဖြစ်ပါသည်။ မိန်းကလေးဘက်ကနေ အချစ်ကို ဖွင့်ဟဝန်ခံတဲ့အဓိပ္ပါယ်ဆောင်တဲ့ ချောကလက်ကိုတော့ Honmei-choko (True Love chocolate) လို့ခေါ်ကြသည်။ အခုလို မိန်းကလေးဘက်ကနေ ချောကလက်ပေးတဲ့ ဓလေ့ဖြစ်ပေါ်လာပုံက ဂျပန်ပြည်တွင်းမှ Valentine's Day ကို စတင်မိတ်ဆက်ပြီး ရောင်းအားမြှင့်တင်ဖို့ ကြိုးစားတဲ့ခေတ်တွေတုန်းက ဝန်ထမ်းတစ်ယောက်ရဲ့မှားယွင်းဘာသာပြန်ခဲ့မှုကနေ စတင်ခဲ့တာဟု ဆိုကြသည်။ အခုနောက်ပိုင်းတွင် Gyaku-choko (Reverse chocolate) လို့ခေါ်တဲ့ အမျိုးသားဖက်က ချောကလက်ပြန်ပေးတာမျိုးနှင့် ဂျပန်မိန်ကလေးတွေကြားမှာ အပေးများတဲ့ Tomo-choko (Friendship chocolate) တို့ စသော ဓလေ့အချို့လည်း အခုနောက်ပိုင်းတွင် ခေတ်စားလာကြသည်။

ထို့အပြင် ဂျပန်တွေရဲ့ ကိုယ်ပိုင် သတ်မှတ်ထားတဲ့ နေ့ရက်ကလေးရှိပြီး Valentine's Day အပြီး တစ်လအကြာဖြစ်တဲ့ မတ်လ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ အဖြူရောင်နေ့ (White Day) ဖြစ်ပြီး ဒီWhite Day မှာတော့ Valentine's Day တုန်းက ချောကလက်လက်ဆောင်ရထားတဲ့ အမျိုးသားတွေဘက်က ပေးသူအမျိုးသမီးကို ပြန်လည်တုံ့ပြန်တဲ့အနေနဲပ လက်ဆောင်တစ်ခု ပေးရခြင်းဖြစ်ပါသည်။ Honmei-choko ကို လက်ခံရရှိထားတဲ့ ယောက်ျားလေးတွေအဖို့ White Day မှာ မိန်ကလေးတွေကို တုံ့ပြန်အဖြေပေးတဲ့ သဘောသက်ရောက်သည်။ ထင်းရှားတဲ့ ဓလေ့ထုံးတမ်းတစ်ခုကတော့ Triple the return လို့ ခေါ်တဲ့ Valentine's Day တုန်းက လက်ခံခဲ့တဲ့ လက်ဆောင်ထက် သုံးဆ တန်ဖိုးပိုများတဲ့ အရာကို လက်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ တကယ့်လို မပေးခဲ့ဘူးဆိုရင်တော့ အမျိုးသားဖက်က အထက်စီးက နေတယ်လို့ ယူဆခံရမှာပဲဖြစ်ပါသည်။ တကယ်လို့ တူညီတဲ့တန်ဖိုးရှိတဲ့ လက်ဆောင်ကို ပြန်လည်လက်ခံရရှိပါက ဆက်ဆံရေးဖြတ်တောက်ခြင်းကို ပြောလိုသည်ဟု ဆိုလိုသည်။ ယခုအခါမှာတော့ ချောကလက်အပြင် ချိုချဉ်၊ ကွတ်ကီး၊ လက်ဝတ်ရတနာ၊ အသုံးအဆောင်ပစ္စည်း စသဖြင့် လက်ဆောင်အမျိုးမျိုးကို ပေးလေ့ရှိနေကြပါပြီ။White Day ရဲ့ official website အဆိုအရ အဖြူရောင်ကို ရွေးချယ်ရသည်မှာ အဖြူရောင်ဟာ စင်ကြယ်ခြင်းကို ကိုယ်စားပြုပြီး၊ သကြား၏အရောင်မှာလည်း အဖြူရောင်ဖြစ်သည်။ ထိုကြောင့်White Day ဟာ "ဖြူစင် ချိုမြိန်သော ဆယ်ကျော်သက်အချစ်" ကို ကိုယ်စားပြုပါတယ်။ ကနဦးအစကတော့ "Ai ni Kotaeru White Day" (Answer Love on White Day) လို့ခေါ်ကြပါသည်။

တကယ်တော့ ဂျပန်လူမျိုးတွေမှာ Valentine's Day ကဲ့သို့ ရိုးရာချစ်သူများနေ့လို့ ဆိုနိုင်တဲ့ ဇူလှိုင်လ ၇ ရက်နေ့ Tanabata(Evening of the seventh (Star Festival ဟုလည်းခေါ်)) ရှိပြီးသားဖြစ်ပါသည်။[၁]

ကိုကား[ပြင်​ဆင်​ရန်​]

  1. Otaku's Digest - Japan Cultural Magazine in Myanmar(Issue 4)