နဂါးငွေ့တန်း ဂယ်လက်ဆီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
နဂါးငွေ့တန်း ဂယ်လက်ဆီကို ပန်းချီဆရာများမှ ပုံဖော်ထားပုံ

နဂါးငွေ့တန်း ဂယ်လက်ဆီ ဆိုသည်မှာ ကြယ်ပေါင်း ၁၀၀ ဘီလီယံကျော် ပါဝင်သော ဂယ်လက်ဆီ တစ်ခု ဖြစ်ပြီး အင်္ဂလိပ်ဘာသာတွင် မစ်ကီးဝေး ဂယ်လက်ဆီ ဟု ခေါ်ကြသည်။[၁][၂][၃][၄][၅] ကမ္ဘာ နှင့် နေ တို့မှာ နဂါးငွေ့တန်း ဂယ်လက်ဆီတွင် ပါဝင်သည်။[၆] နဂါးငွေ့တန်း ဂယ်လက်ဆီ၏ အချင်းမှာ အလင်းနှစ် ၁ သိန်း ရှိသည်။ [၁] နဂါးငွေ့တန်း ဂယ်လက်ဆီကို ရှာဖွေ တွေ့ရှိမှုမှာ ရှေးခေတ်ဂရိ တွေးခေါ်ပညာရှင် ဒီမိုကရိတပ် မှ အစ ပြုခဲ့သည်။ [၆] နဂါးငွေ့တန်း ဂယ်လက်ဆီသည် ဝက်အူရစ် သဏ္ဌန် ဂယ်လက်ဆီ အမျိုးအစား ဖြစ်သည်။ ဂယ်လက်ဆီ အတွင်းတွင် ဂယ်လက်ဆီကြီး ၃ ခုနှင့် ပို၍ သေးငယ်သော ဂယ်လက်ဆီ အသေးစား ၃၀ ခု တို့ ပါဝင်သည်။

အတိုင်းအတာ[ပြင်​ဆင်​ရန်​]

ဂလက်ဆီတစ်ခုတွင် အကြမ်းအားဖြင့် ကြယ်ပေါင်း ကုဋေတစ်သိန်းခန့်ရှိ ပြီးဓာတ်ငွေ့များနှင့်ပြီးသည်ဟုယူဆနိုင် သည်။ ဂလက်ဆီပေါင်းကုဋေတစ်သိန်းရှိသော အဖွဲ့အစည်းကို စကြာ ဝာဟုခေါ်သည်။ ရူပဗေဒ၏ဝေါဟာရအရ စကြာဝာမှာ ရုပ်လောကအတွက် အကြီးဆုံး အဖွဲ့အစည်းဟုမှတ်ယူရ မည်။ ဂလက်ဆီများ၏ အချင်းဝက် (အတိုင်းအတာ) ကို အလင်းလှိုင်း ဖြတ်သန်းရာတွင် ကြာရှိမည့် အချိန်တာနှင့်မှန်းဆ နိုင်သည်။

ဂလက်ဆီတစ်ဘက်စွန်းမှ ကျန်တစ်ဘက်စွန်းသို့ ဖြတ်သန်းသွား လာရန် အလင်းလှိုင်းသည် နှစ်ပေါင်း တစ်သန်းမျှ ကြာမည်ဖြစ် သည်။ စကြာဝဠာတစ်ဘက်စွန်းမှ အခြားတဖက်စွန်း သို့ရောက် ရှိရန်အတွက်မူ အလင်းလှိုင်း အတွက် နှစ်ပေါင်း ကုဋေတစ် ထောင် ကြာရှိမည်ဖြစ်သည်။ အလင်းလှိုင်းသည် တစ်စက္ကန့်တွင် ကီလိုမီတာပေါင်း တစ်သိန်းခန့် သွားနိုင်ပြီး အလင်းထက်မြန် သော လှိုင်း သို့မဟုတ် အမှုန် မှာရုပ်လောက တွင် မတွေ့ရှိရ သေးပေ။ (တမိုင်မှာ တစ်ဒသမ ခြောက်ကီလို မီတာ ရှိသည်။)

ကျွန်ုပ်တို့ နေအဖွဲ့အစည်းပါဝင်သော ဂလက်ဆီမှာနို့ ရည်ဆမ်းဂလက်ဆီဟု ခေါ်သည်။ ကျွန်ုပ်တို့ နို့ရည်ဆမ်းဂလက် ဆီသို့မဟုတ် မီလကီဝေး ဂလက်ဆီကို ပြင်ပမှနေ၍ လေ့လာ၍ မရသော်လည်း သွယ်ဝိုက်သောနည်းဖြင့် လေ့လာပြီးပုံဖော်ကြည် ရာ အင်ဒရောမီဒါ ဂလက်ဆီပုံစံမျိုးဟု ယူဆကြသည်။ ဘေး တိုက်ကြည့်လျှင် ပန်းကန်ပြားပျံ ပုံစံမျိုးဖြစ်၍အထက်မှစီးကြည့် လျှင် စကြာပုံစံနှင့်တူသည်။ နေအဖွဲ့အစည်းကို ကျွန်ုပ်တို့၏ ဂလက်ဆီ၏ဗဟိုမှ တိုင်းတာမည်ဆိုပါလျှင် ဂလက်ဆီ၏ချင်း ဝက် သုံးပုံနှစ်ပုံခန့်အကွာအဝေး လောက်တွင် ရှိမည်ဖြစ်သည်။

ဂလက်ဆီ၏ချင်းဝက်ကို မိုင်အားဖြင့်ဖော်ပြရလျှင် ကုဋေ့ကဋေ ပေါင်းသောင်း ပေါင်းများစွာရှိမည်ဖြစ်သည်။ ဂဏန်းအားဖြင့် တစ်နောက်တွင် သုညအရေအတွက်ပေါင်း ၁၈လုံးမျှရှိမည်ဖြစ် ၏။ ဤမျှလောက်ကျယ်ပြောသော အတိုင်းအတာရှိဂလက်ဆီများ အတွင်းနှင့် ဝန်းကျင်ရှိကြယ်များသည် တည်ငြိမ်မနေပဲ ရွေ့လျား လှည့်လည် နေကြသည်။ ဂလက်ဆီ၏ဗဟိုတွင်ကြယ်အများဆုံး စုစည်းသိပ်သည်း လျက်နေကြသည်။ အချို့ကြယ်များ၏ အလျင် မှာမြင့်မားပြီး အချို့မှာပမာဏအားဖြင့် သိပ်မကြီးလှသောနှုန်းများ ဖြင့် စက်ဝိုင်းပုံပတ်လမ်းများ အတိုင်းရွေ့လျားနေသည်ဟု ပညာ ရှင်များက လက်ခံထားကြသည်။ ဂလက်ဆီများမှာလည်း ယေဘု ယျအားဖြင့် ပြန့်ကားသော သဘာဝကိုဆောင်ပြီး ရွေ့လျားနေကြ သည်။ ဂလက်ဆီများ ရွေ့လျားပုံသည် ပူဖောင်းတစ်လုံးပေါ်ရှိ အစက်များသည် ပူဖောင်းလေသွင်း မှုတ်လိုက်သည့်အခါ တစ်ခု နှင့်တစ်ခုပို၍ပို၍ ဝေးသွားသကဲ့သို့ဖြစ်သည်။ဂလက်ဆီများသည် ကြီးမားလွန်း၍ အမေရိကန် နက္ခတ္တဗေဒပညာရှင် ဟပ်ဗဲလ က ကျွန်းစကြာဝဠာများဟုခေါ်ခဲ့သည်။ ပဒေပညာသင်ပြီး ရှေ့နေလုပ် စားနေရာမှ နက္ခတ္တဗေဒပညာကိုတက္ကသိုလ်တွင် ပြန်လည်ဆည်း ပူးပြီး ပါရဂူဘွဲ့ကိုဆွတ်ခူးသူ ဟပ်ဗဲလသည် ၁၉၂ဝ ပြည့်နှစ်မှ စ၍ ဂလက်ဆီများကို အထူးပြုပြီး လေ့လာခဲ့လေသည်။ဟပ်ဗဲလ ၏ လေ့လာမှုသည် အခြေခံကျလှပြီး ဂလက်ဆီများ သဘာဝ သာမက စကြာဝဠာ၏ ပြန့်ကားနေကြောင်းကိုပါ ဖော်ထုတ်နိုင် ခဲ့သည်။ အမေရိကန်ပြည် ဝီလဆင်တောင်ထိပ်၌ တည်ရှိသော လက်မတစ်ရာရှိအဝေးကြည့်မှန်ပြောင်းနှင့် ပလိုမာတောင်ထိပ်ပေါ် ၌ရှိ လက်မနှစ်ရာရှိ အဝေးကြည့် မှန်ပြောင်းများကို အသုံးပြုခဲ့ သည်။

ဂလက်ဆီအမျိုးအစားနှင့် ဖြစ်ပေါ်လာပုံ[ပြင်​ဆင်​ရန်​]

ဂလက်ဆီများကို အီလစ်ပုံစံသို့မဟုတ် စက်လုံးပုံစံဟူ၍ ဖော်ပြလေ့ရှိကြသည်။ စက်လုံးပုံစံမှတဖြည်း ဖြည်းပြားသွားသည့် ပုံစံများကို အီလစ်ပုံစံဟူ၍သတ်မှတ်ကြသည်။ကျွန်ုပ်တို့၏ဂလက် ဆီမှာမှု စကြာသဏ္ဌာန် ဂလက်ဆီမျိုး ဖြစ်သည်။ စကြာဝဠာ အ တွင်း ရှိ ဂလက်ဆီအချို့မှာ ကြီးလွန်းလှ၍ မဟာဂလက်ဆီဟူ၍ ပင်ခေါ် ကြသည်။ ဂလက်ဆီအချို့မှာ ပြင်းအားမြင့် ရေဒီယိုလှိုင်း များ ထုတ်လွှတ်ကြ၍ ရေဒီယို ဂလက်ဆီဟု ခေါ်ဆိုကြသည်။

စကြာဝဠာအကြောင်း လေ့လာသည့်အခါ ဂလက်ဆီမှစ၍ဂလက် ဆီမှာပဲ ဆုံးသည်ဟုနက္ခတ္တ ရူပဗေဒပညာရှင်မျာက ပြောစမှတ် ပြုကြသည်။ ဤမျှလောက် အရေးကြီးလှသော နက္ခတ္တ အဖွဲ့ အစည်းများမည်သို့ ပေါက်ဖွားလာသည်ကိုကား တိကျစွာမသိရှိ ရသေးပေ။

စကြာဝဠာအစနှင့် ပြန့်ကားပုံစံမှာ ဂလက်ဆီ ဖြစ်ပေါ် လာပုံနှင့် တိုက်ရိုက်ဆက်နွယ် လျက်ရှိသည်။ စကြာဝဠာအစကို ရူပဗေဒနှင့် နက္ခတ္တဗေဒ ပညာရှင်များက ဤသို့ လတ်တလော လက်ခံယူဆကြသည်။ စကြာ ဝဠာအစတွင် သိပ်သည်းမှုအနန္တ တန်ဖိုးဆောင် အဖွဲ့အစည်းတခုရှိပြီး ယင်းအဖွဲ့အစည်း၏ ပေါက် ကွဲမှုမှစကြာ ဝဠာပေါက်ဖွားလာသည်။ ပေါက်ကွဲမှုမှာ ကြီးမား လွန်းလှ၍ မဟာပေါက်ကွဲမှု ဟုခေါ်သည်။ မဟာပေါက်ကွဲမှု ဖြစ်ပွားပြီး ပထမစက္ကန့် တစ်ရာလောက်တွင် အခြေခံအမှုန်အချို့ နှင့် ရောင်ခြည်သာရှိပြီး အပူချိန်မှာ ပကတိ အပူချိန်ဒီဂရီ ကုဋေ တစ်သန်းခန့်ရှိပြီး စက္ကန့်တစ်ရာမှ တစ်ထောင်အတွင်း လောက် တွင် နယူကလိယိုဆင်သစစ်ခေါ် နယူကလိယ ပေါင်းစပ်မှုများ ဖြစ်ပေါ်ပြီး အက်တမ်နံပါတ်ငယ်ဒြပ်စင်အချို့၏ နယူကလိများ ဖြစ်ပေါ် လာနိုင်ဖွယ်ရှိသည်။ ထိုအခါ အပူချိန်မှာ ပကတိအပူ ချိန် ကုဋေတစ်ထောင်လောက်ရှိမည်ဖြစ်သည်။ ဒြပ်သား များနှင့် ရောင်ခြည်သည် မဟာပေါက်ကွဲမှုစသည်မှ အနှစ်တစ်သိန်းခန့် တွဲနေခဲ့ပြီးမှ အပူချိန်ဒီဂရီတစ်သောင်း လောက်တွင်စ၍ ကွဲထွက် သွားသည်။ ယင်းအချိန်မှစ၍ ရောင်ခြည်မှာပျံ့လွင့်လာရာ ယခု စကြာဝဠာသက်တမ်း နှစ်ပေါင်း ကုဋေတစ်ထောင်ရှိသည့်အခါ တွင် ပကတိအပူချိန် ၄ ဒီဂရီသို့ ကျဆင်းလျက် ရှိနေမည်ဖြစ် သည်။ ယင်းရောင်ခြည်လှိုင်း (မိုက်ခရိုလှိုင်း)ကို အမေရိကန်ရူပ ဗေဒပညာရှင် ပင်းဇီးယပ်နှင့် ဗီလဆင်တို့က၁၉၆၅ ခုနှစ်တွင် တွေ့ရှိထားပြီးဖြစ်သည်။ ယင်းသို့ မဟာပေါက်ကွဲမှုမှ စတင်သည့် ပြန့်ကားမှုကြောင့် စကြာဝဠာ၏ အချို့ဒေသတွင် ဒြပ်သားများ သည် ကျွန်းများသဖွယ် စုစည်းလျက်ကျန်ရစ်ခဲ့ကြသည်။ ယင်း ကျွန်းများကိုယခု အခါဂလက်ဆီများဟု လေ့လာတွေ့ရှိရသည်။

ဂလက်ဆီများတွင် ကြယ်များအပြင် ကောစမစ်မြူမှုန်များ၊ ဓာတ် ငွေ့များရှိကြသည်။ ကောစမစ်မြူမှုန့်များမှာ ကာဗွန်အက်တမ်များ နှင့် ရေခဲများပါဝင်ကြောင်း သိရှိကြရသည်။ ဖြူဖွေးသော ဓာတ် ငွေ့များမှာ ပေါ်လွင်လှ၍လည်း နဂါးငွေ့လမ်းကြောင်း၊ နို့ရည် ဆမ်းလမ်းကြောင်းဟူ၍ ခေါ်ဆိုကြသည်။ သို့ရာတွင် ဂလက်ဆီ ဟူ၍ တိကျသောဝေါဟာရကိုသာ အသုံးပြုရန် သင့်လျော်ပေ သည်။ ကြယ်များတွင်သာ ကာဗွန်(ဂရာဖိုက်)နှင့် အောက်ဆီဂျင် တို့ကို ဖော်ထုတ်နိုင်သည်။ ကောစမစ်မှုန်တို့တွင်ပါဝင်သော ရေ နှင့် ကာဗွန်တို့မှာ ကြယ်မဖြစ်ပေါ်ခင် ရှိဖွယ်ရာဖြစ်၍ ရှင်းပြနိုင် ခြင်းမရှိပဲ အခက်အခဲနှင့် တွေ့ကြုံနေရသည်။ ကွေဆာ၊ ပါလာဆာနှင့် တွင်းနက် ၁၉၆၅ ခုနှစ် နှောင်းပိုင်းလောက်တွင် စကြာဝဠာ၏ ဝေးလံသောဒေသများ၌ တည်ရှိပြီး စွမ်းအင်ဖြာထွက်မှု ပြင်းထန် လှသော ကွေဆာခေါ် အလွန်တောက်ပသော ဂလက်ဆီများကို အမေရိကန်နက္ခတ္တဗေဒပညာ ရှင် ရှမစ်(ခ)နှင့် ဆန့်ဒေဂျတို့၏ လုပ်ငန်းများမှ ပီပီပြင်ပြင် ပေါ်ထွက်လာခဲ့သည်။ ယင်း ဂလက် ဆီများမှ စွမ်းအင် ဖြာထွက်မှုများ၏ ပင်မမှာ ဒြပ်ဆွဲပြိုဖျက်မှု ရရှိသည်ဟု နက္ခတ္တရူပဗေဒ ပညာရှင်များက ယူဆကြသည်။

နျူကလီးယားပင်မမှ ယင်းမျှလောက်စွမ်းအင်ကို မထုတ်ပေးနိုင် ပေ။ အချို့ပညာရှင်များကမူ စွမ်းအင်ထုတ်လုပ်သည့်ပုံစံမှာကွေ ဆာများ၏ဗဟိုတွင် ပါလာဆာ သို့မဟုတ် တွင်းနက်များရှိပြီး ယင်းပါလာဆာခေါ် နျူထရွန်ကြယ်များ လည်ပတ်ရွေ့လျားမှု ကြောင့် တစ်စိတ်တစ်ဒေသ စွမ်းအင်ဖြာထွက်မှု ဖြစ်ပေါ်စေသည် ဟူ၍ လည်းကောင်း၊စွမ်းအင်မှန်သမျှစုပ်ယူနိုင်သော တွင်းနက် ကြီးများထဲသို့ ဒြပ်သားများကျဆင်းသွား၍ အိုင်စတိုင်း၏ဒြပ် ထုစွမ်းအင်ညီမျှခြင်းအရစွမ်းအင်များ ရရှိသည်ဟူ၍လည်းကောင်း ဟောကိန်းထုတ်ကြသည်။ ယင်း ပြဿနာများနှင့် ရင်ဆိုင်နေရ စဉ်ပင် ၁၉၇၈ ခု၊ နှောင်းပိုင်းအထိ မြောက်မြားစွာသောဂလက် ဆီနှင့် ဆင်တူ အဖွဲ့အစည်းများကို တွေ့ရှိခဲ့ကြရ၍ ပညာရှင်များ အခက်ကြုံနေကြရသည်။ အခိုင်အမာသိရှိပြီးသောအချက်များမှာ ပလာဆာများမှာ လည်ပတ်နေသော နျူထရွန်ကြယ်များဖြစ် ကြောင်း၊ကွေဆာများမှာ တကယ်ပင်စွမ်းအင်ဖြာထွက်မှုမြင့်မားပြီး စကြာဝဠာအစွန်း၌ရှိသော ဂလက်ဆီ သို့မဟုတ်နက္ခတ္တဝတ္ထုများ ဖြစ်ကြောင်း၊ဂလက်ဆီများမှာ တစ်ခုနှင့်တစ်ခုဝေးသထက်ဝေးသွား စေသော ရွေ့လျားမှုမျိုး အမှန်တကယ် ရှိကြောင်းတို့ဖြစ်သည်။

စောဒကတက်နေကြဆဲ ပြဿနာမှာလက်တွေ့အားဖြင့် တိကျစွာ မတွေ့ရှိရသော်လည်း အထောက်အထားများကို တွေ့ရှိထားသော တွင်းနက် ပြဿနာဖြစ်လေသည်။

[၇]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ၁.၀ ၁.၁ The Milky Way Galaxy. seds.org. Retrieved on 5 August 2010
  2. The Milky Way Galaxy. cass.ucsd.edu. Retrieved on 5 August 2010
  3. NASA - Galaxy. nasa.gov. Retrieved on 5 August 2010
  4. 01.09.2006 - Milky Way Galaxy is warped and vibrating like a drum. berkeley.edu. Retrieved on 5 August 2010
  5. How Many Stars are in the Milky Way?. universetoday.com. Retrieved on 5 August 2010
  6. ၆.၀ ၆.၁ Milky Way, Discover of Milky Way, Milky Way Galaxy at SPACE.com. space.com. Retrieved on 5 August 2010
  7. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)