သဲပုံစေတီပွဲ
သဲပုံစေတီပွဲ [ပြင်ဆင်ရန်]
(၁၂) တစ်ပေါင်းလ မိန်ရာသီတွင် သဲပုံစေတီပွဲကို ကျင်း ပရိုးရှိလေသည်။ ဤလတွင် ဧရာဝတီမြစ်တွင် သဲသောင်များ ဖြူဖြူဖွေးဖွေး ထွန်းပေါ်၍ ရေကျေးရေငှက်များ မြူးထူးပျော်ပါး ကြသဖြင့် အလွန်ကြည်နူး ဘွယ်ဖြစ်လေသည်။ ထိုအခါတွင် မင်းမိဘုရားနှစ်ပါးသည် မင်းညီမင်းသား မှူးတော်မတ်တော်တို့ နှင့်အတူ သောင်ပြင်သို့ ထွက်စံတော်မူကာ သဲပုံစေတီများကို တည်၍ ပူဇော်ကန်တော့ကြလျက် ပွဲလမ်းသဘင်ဆင်ယင်ကျင်းပ ကြလေသည်။ ဤကိုရည်၍ အင်းဝမြို့ဘွဲ့ဆဲ့နှစ်ရာသီလူးတားတွင်၊ တစ်ပေါင်းလသာ၊ လတကာထက် နှိုင်းရာဖက်ရှောင်၊ လများနောင်ကား တောင်လည်းသာမော၊ တောလည်းသာထွေ ရေလည်းသာလှ၊ ဖြူလွသောင်ပြင် ငှက်ပေါင်းရွှင်လျက်၊ သဘင်အပြီ သဲစေတီဟု၊ မြေ|ာက်ချီရွှင်ပ ပူဇော်ကြမှ၊ ပြည်ပပြည်တွင်း ဖြောင့်စင်းရည်စောင်၊ ဆီမီးထောင်နှင့် ထွန်းပြောင်ညီရုံး၊ ပန်းလျှင်ကုံးသို့ နှလုံးသဒ္ဓါ၊ ရတနာသုံးဘော် ဖူးမြော်ကုန်ကြ၊ လွန်ရွှင်ပြရှင့်။ ဟူ၍ ဖွဲ့ဆိုထားသည်ကို တွေ့ရလေသည်။
ဤသို့အားဖြင့် ဆဲ့နှစ်ရာသီပွဲတော်တို့ကို မင်းမိဘုရား နှစ်ပါးအမှူးပြု၍ အစဉ်တစိုက် ကျင်းပလာခဲ့ကြရာ အချို့ ပွဲတော်များသည် ယခုအခါတိုင်အောင် ဆက်လက်ခေတ်စားဆဲ ပင်ဖြစ်ပေသည်။ အချို့မှာမူကား တိမ်ကောပပျောက်ကြလေပြီ တည်း။[၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)