မော်လတာနိုင်ငံ
| မော်လတာ သမ္မတနိုင်ငံ | |||||
| Repubblika ta' Malta | |||||
|
|||||
| နိုင်ငံတော်သီချင်း - The Maltese Anthem | |||||
| ပထဝီ |
|||||
| မြို့တော် | ဗယ်လက်တာမြို့ | ||||
| အကြီးဆုံးမြို့ | ဘာကာကရာမြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC CET (UTC+၀၁) နွေရာသီ(CEST)(UTC+၀၂) |
||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | မော်လတိစ်၊ အင်္ဂလိပ် | ||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | ပါလီမန် သမ္မတနိုင်ငံ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ၁၀.၄၀၅ ဘီလီယံဒေါ်လာ (၂၀၁၀) (အဆင့် - ) | ||||
| GDP(PPP) | ၂၄,၇၉၂ ဒေါ်လာ (အဆင့် - ) | ||||
| HDI | ၀.၈၁၅ (အလွန်မြင့်) (အဆင့် - ၃၃) | ||||
| ငွေ | ယူရို | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .mt | ||||
| Calling code | +၃၅၆ | ||||
မော်လတာနိုင်ငံ၏ တရားဝင်အမည်မှာ မော်လတာ သမ္မတနိုင်ငံဖြစ်ပြီး တောင်ဥရောပတွင် တည်ရှိသော နိုင်ငံဖြစ်သည်။ မြေထဲပင်လယ် အတွင်းရှိ ကျွန်းစုတစ်ခု ပေါ်တွင် တည်ရှိပြီး စစ္စလီကျွန်း၏ တောင်ဘက် ၉၃ ကီလိုမီတာ၊ တူနီးရှားနိုင်ငံ၏ အရှေ့ဘက် ၂၈၈ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ဂျီဘရော်လ်တာ ရေလက်ကြားမှာ အနောက်ဘက် ၁၈၂၆ ကီလိုမီတာ အကွာတွင် ရှိပြီး အလက်ဇန္ဒရီးယားမြို့မှာ အရှေ့ဘက် ၁၅၁၀ ကီလိုမီတာ အကွာတွင် ရှိသည်။
မော်လတာနိုင်ငံသည် စတုရန်းကီလိုမီတာ ၃၀၀ မျှသာရှိသဖြင့် ကမ္ဘာပေါ်တွင် အငယ်ဆုံးနှင့် လူဦးရေ အထူထပ်ဆုံး နိုင်ငံများတွင် တစ်ခု အပါအဝင်ဖြစ်သည်။ မြို့တော်မှာ ဗယ်လက်တာမြို့ ဖြစ်ပြီး အကြီးဆုံးမြို့မှာ ဘာကာကရာမြို့ ဖြစ်သည်။ ပင်မကျွန်းပေါ်တွင် မြို့ငယ်ပေါင်း မြောက်များစွာ ရှိပြီး ၎င်းတို့အားလုံး စုပေါင်း၍ မြို့ပြ ဧရိယာကြီး တစ်ခု အဖြစ် တည်ရှိသည်။ ယူရိုစတက် စာရင်းအရ ထိုနေရာတွင် လူဦးရေ ၃၆၈,၂၅၀ ရှိပြီး နိုင်ငံအတွင်းရှိ လူဦးရေ၏ အများစု ဖြစ်သည်။ နိုင်ငံအတွင်း မော်လတိစ် နှင့် အင်္ဂလိပ်ဘာသာ နှစ်ဘာသာကို ရုံးသုံးဘာသာစကား အဖြစ် သုံးစွဲကြပြီး မော်လတိစ်ကို အမျိုးသား ဘာသာစကား အဖြစ် မှတ်ယူကြသည်။