အမေနေ့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အမေနေ့ (မိခင်များနေ့) (Mother Day)သည် ကမ္ဘာပေါ်ရှိ မိခင်အားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေမိခင်နေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြပါသည်။ မြန်မာနိုင်ငံ တွင် အမေနေ့ကို နှစ်စဉ် ပြာသိုလပြည့်နေ့၌ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ပြောဆို ကြသည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အလိုက် မတူညီသော ရက်များတွင် အမေနေ့ကို ကျင်းပကြပါသည်။

Julia Ward Howe (1819-1910)

ရှေးဟောင်း ဂရိ ရောမခေတ်မှ စတင်၍ ဒီနေ့ခေတ်အထိ အမေနေ့ကို ကျင်းပနေကြဆဲဖြစ်ပါသည်။ နောင်တွင်လဲ အမေ့ကျေးဇူး ထုတ်ဖော်သည့်နေ့ကို ဆက်လက်ကျင်းပ နေကြအုံးမှာ မလွဲပေ၊ Officially အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ Julia Ward Howe (1819-1910) ဖြစ်သည်။ သူမသည် ကျော်ကြားသော စာရေးဆရာမကြီးတစ်ဦးဖြစ်ပြီး အမေနေ့ဖြစ်မြောက်ရန် ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူဖြစ်သည်။

အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သူ Julia Ward Howe သမီး Anna Jarvis က အမေ့ အိပ်မက်ကို ဆက်လက်ပြီး ရှင်သန်စေခဲ့သူ ဖြစ်ပြီး သူမဟာလဲ မမေ့သင့်သော ကျေးဇူးရှင် တစ်ဦးဖြစ်ပါသည်။ Julia Ward Howe နှင့် Anna Jarvis တို့၏ ကြိုးပမ်းမှုများကြောင့် နောက်ပိုင်းတွင် ကမ္ဘာနှင့် အဝှမ်း အမေနေ့ ကျင်းပနေခဲ့ကြတာဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံတွင် မယ်တော်မယ်ရီကို ဂုဏ်ပြုသည့်အနေ့နှင့် ကျင်းပလေ့ရှိသည်။ ထိုနေ့မှာ အမေအားလုံးသည် တူညီဝတ်စုံများကို ဝတ်ဆင်ပြီး အခမ်းအနား ကျင်းပသောနေရာကို ရောက်လာသောအခါ သားသမီးများက အမေများ၏ ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြပါသည်။

အမေနေ့ ဖြစ်ပေါ်လာပုံ[ပြင်​ဆင်​ရန်​]

မြန်မာပြည်တွင် စာရေးဆရာ ဒါရိုက်တာ ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလ်လပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး မြန်မာ့ ပြက္ခဒိန်တွင် ပြာသိုလ်လပြည့်အမေ့နေ့ အဖြစ် ကမ္ဗည်းတင်နိုင်ခဲ့ပေသည်။ မြန်မာ့ယဉ်ကျေးမှု့အရ အမေကို ဘုရားနှင့် တစ်ဂိုဏ်းတည်းထားပြီး မာတာပိတုဂုဏောအနန္တော ဆိုပြီး ပူဇော်ခဲ့ အရိုအသေ ပေးခဲ့ကြသည်။ ဆရာကြီး ဦးသုခက Officially ဖြစ်အောင် ကြိုးပမ်းပေးသူ ဖြစ်ပါသည်။ ၁၉၉၅-ခုနှစ်၊ ပြာသိုလ်လပြည့်နေ့၌ စာရေးဆရာ ဦးသုခ၏ တိုက်တွန်းပြောပြချက်အရ မန္တလေးတွင် အမေနေ့ကို ပထမဦးဆုံး စတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ မိဘကျေးဇူးဆပ်နည်း စသည့် ဗဟုသုတပညာပေးများ ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာဗဟုသုတ တိုးပွားစေလိုသည့် ဆန္ဒဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်။

  • “အမေဆိုသည့် စာကလေးနှစ်လုံးကို အသံထွက်အောင်ရွတ်ဆိုကြည့်လိုက်စမ်းပါ။ အလွန်ချိုမြိန်သော၊ သာယာသော၊ စိတ်ချမ်းသာသော၊ မေတ္တာနှင့်ထုန်မွှန်းသော အရသာကို ခံစားရပါလိမ့်မည်” (ဆရာကြီး ဦးသုခ၏ ပထမဆုံးအကြိမ် မန္တလေး အမေနေ့ ဟောပြောပွဲမှ)
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။