တပို့တွဲ
Wikipedia မှ
တပိုဝ်တွဲလ (တပို့တွဲလ)[ပြင်ဆင်ရန်]
တပိုဝ်တွဲ (တပို့တွဲ) သည် မြန်မာပြက္ခဒိန်၏ ဧကာဒသမ လ သို့မဟုတ် ၁၁ လမြောက်လဖြစ်ပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ အတွင်း ကျသည်။ တပို့တွဲလတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသောလ ဖြစ်သည်။ 'တပိုဝ်' သည် 'ထန်းဖူး' ကို ဆိုလိုပြီး 'တွဲ' သည် 'အသီးခိုင် တွဲလောင်းကျသည်' ကိုရည်ညွှန်းသည်ကြောင့် တပို့တွဲလတွင် ထန်းဖူးများအား အောက်ရောက်အောင် ဆွဲချပြီး ထန်းရည်ခံသည့် ကာလဖြစ်သည်မှာ ထင်ရှားသည်။ အထိမ်းအမှတ်ပန်းမှာ ပေါက်ပန်း ( Butea monosperma) ဖြစ်ပေသည်။
|
|||||