နတ်တော်လ

ဝီကီပီးဒီးယား မှ
(နတ်တော် မှ ပြန်ညွှန်းထားသည်)

မြန်မာပြက္ခဒိန်၏ ကိုးလမြောက်ဖြစ်သောနတ်တဝ် (နတ်တော်)လသည် နိုဝင်ဘာ၊ ဒီဇင်ဘာ အတွင်း ကျရောက်သည်။ နတ်တော်လတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသောလဖြစ်သည်။ ရှေးမြန်မာတို့ နတ်ကိုးခြင်းမှာ ဗုဒ္ဓသာသနာအား လက်ခံရရှိခြင်း မရှိခဲ့စဉ်ကတည်းက ဖြစ်သောကြောင့် 'တဝ်' ဝေါဟာရသည် 'မြတ်သည်' ဟုအဓိပ္ပာယ် ရပြီး ယခုလအတွင်း ကောက်ပဲသီးနှံ ရိတ်သိမ်းသည့်အခါ သီးနှံ အများအပြား ရစေရန် နတ်ကိုးလေ့ရှိကြသလို ယခုလအတွင်း တောင်သူများ ကောက်ကြီးစပါး ရိတ်သိမ်းကြသည်။ အထိမ်းအမှတ် ပန်းမှာ သဇင်ပန်း (Bulbaphyllum-auricomum) ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]