မြင်းခင်းပွဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မြင်းခင်းပွဲ [ပြင်​ဆင်​ရန်​]

(၁ဝ) ပြာသိုလ မကာရရာသီတွင် သေနင်္ဂဗျူဟာ အခမ်း အနားတစ်ရပ်ဖြစ်သော မြင်းခင်းပွဲ ဆင်ခင်းပွဲတို့ကို ဆင်ယင် ကျင်းပရိုးရှိလေသည်။ သီပေါမင်းတရားလက်ထက် ဆင်ခင်း မြင်းခင်း စက်သွင်းသဘင်တော် ကျင်းပပုံကို ထိုရာဇဝင်တော် ကြီးတွင် ဤသို့တွေ့ရလေသည်။

မြေနန်းတော် လက်ဝဲဘက်တွင် အမြင့် တစ်ဆယ့်ငါး တောင်ကစ၍ နှစ်ဆယ်၊ နှစ်ဆဲ့ငါးတောင်၊ သုံးဆယ်၊ ငါးဆယ်၊ အနောက်ကအရှေ့သို့ အတည့်အတန်း စက်တိုင် ငါးစိုက်ထူပြီးလျှင်.မင်းညီ မင်းသား၊ ဝန်ကြီး၊ အတွင်း ဝန်၊ ဝင်းတော်မှူး၊ မှူးတော်မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့ သနားတော်မြတ်ခံရသည့် မျဉ်း၊ မောက် တို၊ စစ်ဝတ်တန်ဆာ ဆင်ယင်ပြီးလျှင် မြင်းကြိုးကစုံများ ကိုစီးနင်း၍ တစ်ကိုယ်လျှင် ဆယ်ခေါက်ကျ လှံလျင် ဆယ်စင်းစီကုန်အောင် ထိုးကြရသည်။. စက်စွဲသည့် မင်းညီ မင်းသား၊ မှူးတော် မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့မှာ တစ်လက်စွဲလျှင် ငွေပွင့်ထိုး ပန်းပုဝါ တစ်၊ သဇင်ပန်းခိုင် တစ်စီ သနားတော်မူသည်။ .စက် ထိုးသဘင်ပြီးလျှင် ကသည်းအက္ကပတ် မြင်းတပ်ဗိုလ်အရာ ရှိတို့နှင့် မြင်းအမှုထမ်းတို့ ရှောက်သီးထားခုတ် လှံထိုး၊ ငှက်ပျောပင်စိုက် ရေအိုးတင် ထားခုတ်၊ မြင်းအစိုင်းအနှင့် အရေးအရာများကို ထိုးခုတ်ပြပြီးနောက် ရွှေနန်းတော်သို့ ဝင်တော်မူသည်။.လပြည့်ကျော် လေးရက်နေ့ ဘဝရှင် မင်းတရားကြီးဘုရား .ထွက်စံတော်မူပြီးလျှင် ဆင်တော် စီးရေသုံးဆဲ့နှစ်ကို တွဲဘက်တိုက်ဝှေ့စေပြီးနောက် စစ်မြေ အရပ်တွင် ဆင်တော်များကို ရဲဝံ့တံ့စား အကြောက်အရွံ့ မရှိရအောင် သေနတ်၊ မီးပေါက်၊ ယမ်းမီး၊ ဗြောက်၊ ဒိုင်း၊ ကာတို့ဖြင့် ပစ်တောက် ရိုက်ခတ် ခြောက်လှန့်စမ်းသပ် သည်များကို ကြည့်ရှုတော်မူ၍ ရွှေနန်းတော်သို့ ဝင်တော် မူသည်။ [၁]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)