အယ်ဆာဗေဒိုနိုင်ငံ
| အယ်ဆာဗေဒို သမ္မတနိုင်ငံ | |||||
| Republic of El Salvador República de El Salvador (စပိန်) |
|||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - "God, Unity, Freedom" | |||||
| နိုင်ငံတော်သီချင်း - အယ်ဆာဗေဒိုနိုင်ငံတော် သီချင်း | |||||
| ပထဝီ |
|||||
| မြို့တော် | ဆန်ဆာဗေဒိုမြို့ | ||||
| အကြီးဆုံးမြို့ | မြို့တော် | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC -၆ | ||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | စပိန်ဘာသာ | ||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | သမ္မတ အစိုးရ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | $၄၃.၅၆၇ ဘီလီယံ [၂] (အဆင့် - ) | ||||
| GDP(PPP) | $၇,၄၂၉ (အဆင့် - ) | ||||
| HDI | ▲၀.၆၅၉ (အလယ်)[၃] (အဆင့် - ၉၀) | ||||
| ငွေ | အမေရိကန်ဒေါ်လာ | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .sv | ||||
| Calling code | +၅၀၃ | ||||
အယ်ဆာဗေဒို သမ္မတနိုင်ငံသည် အမေရိကတိုက်အလယ်ပိုင်းဒေသတွင် တည်ရှိသည်။ အယ်ဆာဗေဒိုသမ္မတနိုင်ငံမှာ ပြည်တွင်းစစ်နှင့်တကွ သဘာဝ ဘေးအန္တရာယ်များ အကြိမ်ကြိမ်ကျရောက်မှုတို့ကြောင့် အဆုံးအရှုံး အပျက် အစီးများစွာကို ရင်ဆိုင်ခံစားခဲ့ရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဆယ်လဗာဒေါနိုင်ငံသည် အလယ်ပိုင်းအမေရိကနိုင်ငံငယ် များတွင် အငယ်ဆုံးဖြစ်သော်လည်း၊ လူဦးရေကား အထူထပ် ဆုံးဖြစ်၏။ ယင်းနိုင်ငံ၏ အရှေ့ဘက်၌ ဟွန်းဒူးရပ်နိုင်ငံ၏ အနောက်ဘက်၌ကား ပစိဖိတ်သမုဒ္ဒရာ တည်ရှိသည်။ ဆယ်လ ဗာဒေါ နိုင်ငံသည် စတုရန်းမိုင်ပေါင်း ၈ဝ၅၈ ကျယ်ဝန်း၍၊ လူဦးရေမှာ ၁၉၅၄ဝဝဝ ယောက်ခန့် (၁၉၅၁) ဖြစ်လေသည်။ ရာသီဥတုမှာ အခြားသော အလယ်ပိုင်းအမေရိကနိုင်ငံငယ်များ ကဲ့သို့ပင် သွေ့ခြောက်သောရာသီနှင့် စိုစွတ်သောရာသီနှစ်မျိုးသာ ရှိသည်။ ကမ်းခြေမြေနိမ့်ပိုင်းများမှာပူ၍၊ တောင်စောင်းများမှာ ရာသီဥတုမျှတလေသည်။ ဆယ်လဗာဒေါနိုင်ငံကို တောင်တန်း နှစ်ခုက အနောက်မြောက်မှ အရှေ့တောင်ဘက်သို့ ဖြတ်၍ထား သည်။ တစ်ပြည်လုံးတွင် မီးတောင်များ အနှံ့အပြားရှိ၍၊ မြေငလျင် မကြာခဏလှုပ်သည်။ တောင်တန်းနှစ်ခုအကြားရှိ ပေ ၂ဝဝဝ ခန့်မြင့်သော ကုန်းပြင်မြင့်သည် ကာဖီစိုက်ပျိုးရာ ဒေသ ဖြစ်လေသည်။ ဆယ်လဗာဒေါနိုင်ငံတွင် နေထိုင်ကြသော လူမျိုးများမှာ စပိန်လူမျိုးများနှင့် အနောက်အိန္ဒိယလူမျိုးများ ဖြစ်၏။ လူများစုမှာ တောရွာများတွင်နေထိုင်၍ လယ်ယာစိုက် ပျိုးလုပ်ကိုင်ခြင်းဖြင့် အသက်မွေးမြူကြသည်။
ဆယ်လဗာဒေါနိုင်ငံ၏ မြေယာ ၈ဝ ရာခိုင်နှုန်းကို လယ် ယာစိုက်ပျိုးလုပ်ကိုင်ရန်အတွက် အသုံးပြုကြသည်။ ကာဖီကို အများဆုံးစိုက်ပျိုးသည်။ ထိုတိုင်းပြည်၏ ထွက်ကုန်ရာခိုင်နှုန်း ၉ဝ မှာ ကာဖီဖြစ်သည်။ ဒုတိယလိုက်သော ထွက်ကုန်မှာ သကြားဖြစ်၏။ ပြောင်းဆန်မှလည်း အရေးပါအရာရောက်သော ထွက်ကုန် တစ်ခုဖြစ်ပေသည်။ ဒန်းပန်းပင်မှအဆီကို ထိုတိုင်း ပြည်၌သာလျှင် ရနိုင်သည်။ ဟင်နီကင်ခေါ် ကြိုးများလုပ်ရန် အတွက် အသုံးကျသော လျှော်ပင်တစ်မျိုးကိုလည်း အကြီး အကျယ် စိုက်ပျိုးသည်။ ဆန်၊ ပဲပင်နှင့် မဲနည်ပင် များကို လည်း စိုက်ပျိုးကြသည်။
ဆယ်လဗာဒေါ နိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား သော နိုင်ငံပင်ဖြစ်သော်လည်း၊ စက်မှုလက်မှု လုပ်ငန်းများကို လည်း တိုးချဲ့လုပ်ကိုင်လျက်ရှိသည်။ ယခုလက်ရှိသကြားလုပ် ငန်း၊ ဖိနပ်လုပ်ငန်း၊ ဆေးလိပ်၊ စီးကရက်လုပ်ငန်းစသည်တို့ အတွက် စက်ရုံများကို ရေးအားဖြင့် လျှပ်စစ်ဓာတ်အားပေး လျက်ရှိသည်။ ရွှေ နှင့် ငွေကိုလည်း အသင့်အတင့် တူးဖေါ် ရရှိ၏။ စက်မှုလုပ်ငန်းများ တိုးတက်သင့်သလောက် မတိုးတက် ခြင်းမှာ ကုန်ကြမ်းများနည်းပါးခြင်းနှင့် စက်မှုလုပ်ငန်းပါရဂူများ နည်းပါးခြင်းတို့ကြောင့် ဖြစ်ပေသည်။
ဆယ်လဗာဒေါနိုင်ငံသည် မူလက စပိန်လက်အောက်ခံ ဖြစ်၏။ ၁၅၂၆ ခုနှစ်တွင် စပိန်လူမျိုးတို့သည် ဆယ်လဗာဒေါ နိုင်ငံကို တိုင်းရင်းသားများ၏လက်မှ တိုက်ခိုက်သိမ်းယူခဲ့၏။ ထို့နောက် ဆယ်လဗာဒေါကို ဂွါတီမာလာနိုင်ငံ၏ လက် အောက်ခံအဖြစ်ဖြင့် စပိန်တို့က အုပ်ချုပ်ခဲ့ကြ၏။ ၁၈၃၉ ခုနှစ် တွင် အခြားအလယ်ပိုင်း အမေရိကနိုင်ငံငယ်များနည်းတူ ဆယ်လဗာဒေါနိုင်ငံသည် စပိန်တို့၏လက်အောက်မှ လွတ် မြောက်၍ သမ္မတနိုင်ငံဖြစ်လာသည်။ သို့ရာတွင် ဆယ်လဗာဒေါ နိုင်ငံသည် ပြည်တွင်းဆူပူမှုများကြောင့် ငြိမ်းချမ်းမှုမရှိခဲ့ချေ။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်းကမှသာ ပြည်တွင်းအခြေ အနေမှာ ထူးခြားစွာတိုးတက် ခဲ့လေသည်။
၁၉၅ဝ ပြည့်နှစ်တွင်အတည်ဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အစိုးရအဖွဲ့တွင် သမ္မတနှင့် ဝန်ကြီး ၁ဝ ဦးပါဝင်သည်။ ဥပဒေပြုလွှတ်တော်တစ်ခုတည်းရှိ၍၊ ပြည်သူ့ ကိုယ်စားလှယ် ၅၂ ဦးကို ရွေးကောက်တင်မြေ|ာက်ရသည်။ သမ္မတကို ၆ နှစ်တစ်ကြိမ် ရွေးကောက်ရသည်။ ပညာရေး စနစ်မှာ အခမဲ့ ပညာသင်ကြားရေးစနစ်မျိုးဖြစ်၍၊ မူလတန်း ပညာကို မသင်မနေရအဖြစ် သတ်မှတ်ထားသည်။ ဆန်ဆယ်လ ဗာဒေါမြို့တွင် တက္ကသိုလ်ကျောင်း တစ်ကျောင်းရှိသည်။ ပြည်သူအများတို့သည် ဗရင်ဂျီဂိုဏ်းဝင်များ ဖြစ်ကြသည်။ ရုံးသုံးဘာသာမှာ စပိန်ဘာသာဖြစ်သည်။ ဆယ်လဗာဒေါနိုင်ငံ၏ မြို့တော်မှာ ဆန်ဆယ်လဗာဒေါမြို့ ဖြစ်၍၊ လူဦးရေ ၁၉၄၆၁၈ ယောက် (၁၉၅၃) ရှိသည်။ မြို့တော်သည် တောင်ပေါ်တွင်တည် ရှိ၍၊ အနီးအနားမှ မီးတောင်များ ပေါက်ကွဲသဖြင့် မြို့ပျက် သည့်အခါတိုင်း မြို့ကိုပြန်လည်တည်ဆောက်ခဲ့ကြရသည်၊[၄]
ကိုးကား [ပြင်ဆင်ရန်]
- ↑ UNdata El Salvador. UN (2008). Retrieved on 2010-07-04။
- ↑ El Salvador. International Monetary Fund. Retrieved on 2011-04-21။
- ↑ Human Development Report 2010. United Nations (2010). Retrieved on 5 November 2010။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)