နယုန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

နံယုန်လ (နယုန်လ) [ပြင်​ဆင်​ရန်​]

နယုန်သည် မြန်မာပြက္ခဒိန်၏တတိယလ ဖြစ်ပြီး မေလနှင့်ဇွန်လအတွင်း ကျရောက်ပါသည်။ နယုန်လတွင် ၂၉ ရက်ရှိသည်။ ပုံမှန်အားဖြင့် ရက်မစုံသောလဖြစ်သော်လည်း ဝါထပ်သောနှစ်၌ နယုန်လတွင် ၃၀ ရက်ရှိ၍ ရက်စုံသောလဖြစ်သည်။ နယုန်လဟူသောဝေါဟာရ၏ အနက်မှာ မိုးစတင် ရွာပြီဖြစ်သောကြောင့် 'နံ' ဆိုသည်မှာ 'အချိန်ကာလ' ကို ရည်ညွှန်းပြီး 'ယုန်' မှာ 'အရည်ယိုစီးခြင်း' အဓိပ္ပာယ်ဆောင်သဖြင့် 'မိုးကျပြီ' ဟုဆိုလိုခြင်းဖြစ်ပါသည်။ ဝေါဟာရလိနတ္ထဒီပနီကျမ်း၌ နရယုဂ အဓိပ္ပယ်မှာ ယောက်ျား မိန်းမအစုံဟူလေသည်။ သို့သော် နရယုဂ အဓိပ္ပယ်မှာ ယောက်ျား မိန်းမအစုံဟူလေသည်။ သို့သော် နရယုဂသည် ပါဋိ ဘာသာစကားရင်း မဟုတ်ချေ။

စပါးစိုက်ကြသည့်တောင်သူများ ပျိုးခင်းစတင်ပျိုးထောင်ရန်နှင့် ပျိုးပင်ငယ်တို့ကို ကျေညက်အောင် ထွန်ယက်ထားသည့် လယ်ကွက်အတွင်းသို့ နယုန်လ အလယ်ခန့်တွင် စတင်ပြောင်းရွှေ့ စိုက်ရလေ့ရှိပါသည်။ ယခုလ၏ အထိမ်းအမှတ် ပန်းမှာ စပယ်ပန်း (Jasminum-decussatum) ဖြစ်သည်။