Industrial metal

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Industrial Metal သည် ဂီတအမျိုးအစားတစ်ခုဖြစ်ပြီး industrial dance ဂီတ၊ thrash metal နှင့် hardcore punk ဂီတတို့မှ ဆင်းသက်လာပြီး metal guitar riff များ sampling များ၊ synthesizer (သို့) distorted vocal များပါဝင်သည်။ Ministry, Godflesh နှင့် KMFDM တို့တွင် industrial metal ကို တွေ့ရှိရသည်။ industrial metal သည် ၁၉၈၀ နောက်ပိုင်းတွင် ဖွံဖြိုးတိုးတက်ခဲ့သည်။ industrial နှင့် heavy metal ကိုရောစပ်၍ အသုံးပြုထားခြင်း ဖြစ်သည်။ ၂၁ ရာစုအစောပိုင်းနှစ်များတွင် black metal ဖြစ်ရပ်များမှ အုပ်စုများသည် industrial ဂီတမှ အစိတ်အပိုင်းကို စတင်၍ ပေါင်းစပ်ခဲ့သည်။ industrial metal သည် ၁၉၉၀အစောပိုင်းတွင် ကောင်းစွာဖွံ့ဖြိုးခဲ့သည်။ အထူးသဖြင့် မြောက်အမေရိကတွင် ဖြစ်သည်။ industrial metal သည် ၁၉၉၀ နှစ်ဝက်တွင် စတင်၍ မှေးမှိန်လာခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အမျိုးအစားအစောပိုင်းရက်များကတည်းက လျှပ်စစ်ဂီတာများ အသုံးပြုခဲ့သည်။ ဗြိတိန် post-punk တီးဝိုင်း Killing Jokeသည် ထိုပုံစံများကို တီထွင်ခဲ့သည်။ လွှမ်းမိုးခဲ့သော အဓိက industrial metal တီးဝိုင်းများမှာ Ministy, Godflesh နှင့် Nine Inch Nails တို့ဖြစ်သည်။ အခြား industrial rock တီထွင်သည့်အုပ်စုဖြစ်သည့် Big Black သည် အခြားနောက်ပိုင်းအုပ်စုများကို ရိုက်ခတ်စေခဲ့သည်။

၁၉၈၀ နောက်ပိုင်းတွင် industrial နှင့် heavy metal ကို စတင်၍ ရောစပ်ခဲ့သည်။ Godflesh တီးဝိုင်း၏ self-titled EP နှင့် Ministry ၏ The Land of Rape and Honey album တို့သည် ထိပ်ဆုံးသို့ရောက်ခဲ့သည်။ Godflesh ကို Napalm Death တီးဝိုင်း၏ ဂီတာသမား Justin Broadlick ကတည်ထောင်ခဲ့ခြင်းဖြစ်သည်။ power electronics တီးဝိုင်း Whitehouse, noise rock တီးဝိုင်း Swans၊ ambient တီးဝိုင်း Brian Eno နှင့် hard rock တီးဝိုင်း Black Sabbath တို့လွှမ်းမိုးမှုများမှ ရေးဆွဲထားခြင်းဖြစ်သည်။ Godflesh သည် top-seller မဟုတ်သော်လည်း လွှမ်းမိုးခဲ့သည်။ Ministry တီးဝိုင်း Wax Trax! Records ဖြင့် အလုပ်လုပ်ခဲ့သည်။ industrial ဂီတကို နှစ်မြုပ်ထားသည့် Chicago label ဖြစ်သည်။ Ministry၏ The Land of Rape and Honey ကို londonရှိ Southern Studio တွင် အသံသွင်းခဲ့သည်။ တီးဝိုင်းမှ frontman Al Jourgensen က ဤအကူးအပြောင်းနှင့်ပတ်သက်၍ Fairlight synthesizer ကိုရရှိသလိုပဲ guitar နှင့် မှတ်တမ်းတင်ခဲ့ သည်။ နဂိုကန့်သတ်ထားသည့်အရာများ ယခုအခါအဆုံးမသတ်နိုင်တော့ပါ၊ ကျွန်တော်ဟာ ဂီတာသမားအနေနှင့်စတင်ပါတယ်။ ဒါပေမယ့် ငါးနှစ်အတွင်းမှာ မထိတွေ့ခဲ့ပါဘူး။ Marshall stack amplifier နှင့်အတူ ပထမဆုံး feedback ကို ကြားလိုက်ရပါတယ်။ အထူးသဖြင့် keyboard နှင့်အတူ အသံများကို ပေါင်းစပ်ထားခြင်းဖြစ်သည်။

Jourgensen သည် thrash metal ကို နှစ်သက်လာခဲ့သည်။ Rigor Mortis တီးဝိုင်းမှ Mike Scaccia နှင့်အတူ အားသစ်ဖြည့်လောင်းခဲ့သည်။ Sepultura တီးဝိုင်းသည် သူ၏ အနှစ်သက်ဆုံး တီးဝိုင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ Metallica album ကို ထုတ်ဝေရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။

ဂျာမန်တီးဝိုင်း KMFDM သည် အခြားမူလ indurstrial metal အုပ်စုဖြစ်သည်။ KMFDM ခေါင်းဆောင် Sascha Konietzkoသည် ၁၉၈၆ ခုနှစ်နောက်ပိုင်းတွင် E-mu, E max, sampler များနှင့်အတူ စမ်းသပ်လေ့လာခဲ့သည်။ Guitar World မဂ္ဂဇင်းတွင် ပြောကြားထားသည်မှာ white noise များကို အသုံးပြုထားသည်မှာ ကျွန်တော်တို့ဂီတအတွက် စစ်ကူလိုမျိုး စိတ်ဝင်စားစရာကောင်းပါတယ်။ ရုတ်တရက်ဆိုသလို heavy metal မှ tempor များပြောင်းလဲထားပါတယ်။ ဟန်ပန်အမူအရာများမှာ ယနေ့ထက်တိုင် ပျင်းစရာကောင်းပါတယ်။ heavy metal ကို မကြိုက်သည်မှာ အကောင်းဆုံး riff များ တစ်ကြိမ်ပဲ တီးခတ်ပါတယ်။ The Young Gods ၏ L’ Eau Rouge album ကို ၁၉၈၉တွင် ဖြန့်ချိခဲ့သည်။ အဆိုတော် Franz Treichler ပြောကြားသည်မှာ ကျွန်တော်တို့ ဂီတသံကို ကြားစေချင် ခဲ့ပါတယ်။ ဒါဟာ biker style, speed metal style မဟုတ်ပါဘူး WHAP ပဲဖြစ်ပါတယ်။

Pigface တီးဝိုင်းသည် Martin Atkin တီထွင်ခဲ့ပြီး Ministry ဒရမ်သမား Bill Rieflin လည်းပါဝင်သည်။ industrial metal အမျိုးအစားဖြစ်သည်။ noise rock နှင့် industrial ကမ္ဘာထဲမှ ပုံပန်းသဏ္ဌာန်များပါဝင်သည်။ Nine Inch Nails ကို Trent Reznor နှင့် တည်ထောင်ခဲ့ပြီး Broken Epနှင့်အတူ Grammy award နှင့်အတူ အမျိုးအစားကို mainstream ပရိသတ်ဆီသို့ ယူဆောင်လာခဲ့သည်။ ဒုတိယမြောက် album The Downward Spiral သည် ရောင်းအားအကောင်းဆုံးဖြစ်လာပြီး ဂီတပွဲတော် Woodstock 94 ဆီသို့ လိုက်ပါစေခဲ့သည်။ riverhead ဖြစ်ရပ်သည် ယဉ်ကျေးမှုကို ဖွံဖြိုးစေခဲ့သည်။ coldwave မျိုးခွဲလည်းပါဝင်ခဲ့သည်။ Chemlab, 16 Volt နှင့် Acumen Nation တီးဝိုင်းတို့ကို လွှမ်းခြုံခဲ့သည်။ electro-industrial အုပ်စုအချို့သည် industrial metal နည်းပညာများကို မွေးစားခဲ့သည်။ Skinny Puppy နှင့် Front Line Assembly တို့ပါဝင်သည်။ ဗြိတိန်တီးဝိုင်း Pitch shifter ကို ၁၉၈၉ တွင် တည်ထောင်ခဲ့ပြီး Jon နှင့် Mark Clayden တို့ဖြင့် တည်ထောင်ခဲ့သည်။ industrial metal တီးဝိုင်းဖြစ်သည်။ တီးဝိုင်းသည် နောက်ပိုင်းတွင် drum နှင့် bass များပါဝင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Alternative Metal။ Allmusic။ 20 November 2012 တွင် ပြန်စစ်ပြီး။ “The first wave of alternative metal bands fused heavy metal with prog-rock (Jane's Addiction, Primus), garage punk (Soundgarden, Corrosion of Conformity), noise-rock (the Jesus Lizard, Helmet), funk (Faith No More, Living Colour), rap (Faith No More, Biohazard), industrial (Ministry, Nine Inch Nails), psychedelia (Soundgarden, Monster Magnet), and even world music (later Sepultura)...By the latter half of the '90s, most new alt-metal bands were playing some combination of simplified thrash, rap, industrial, hardcore punk, and grunge.”