National Socialist black metal

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

National Socialist Black Metal (အတိုကောက်အဖြစ် NSBM) သည် black metal ဂီတ၏ ပုံစံတစ်မျိုးဖြစ်ပြီး National Socialist (နာဇီ) ကို ထောက်ခံအားပေးသော အနုပညာရှင်များ ဖျော်ဖြေတင်ဆက်ထားခြင်းဖြစ်သည်။ NSBM သည် ထုံးစံအတိုင်း neo-Nazi ယုံကြည်မှု (ဖက်ဆစ်ဝါဒ၊ အကြီးကျယ်ဆုံးသော အာဏာ၊ အဖြူရောင် ခွဲထွက်ရေးဝါဒ၊ ဂျူးများကို အာဃာတထားခြင်း၊ လိင်တူဆက်ဆံသူများကို မုန်းတီးခြင်း) နှင့် Ethnic European Paganism နှင့် နိုင်ငံခြားတိုင်းတစ်ပါး သား ယုံကြည်မှုဘာသာဝါဒကို ရန်လိုမှု (ခရစ်ယာန်၊ ဂျူးလူမျိုးတို့၏ဘာသာရေး၊ အစ္စလမ်ဘာသာ)တို့ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမှု တချို့တီးဝိုင်းများသည် neo-Nazism နှင့် ဗာဟီရဝါဒထက် ဆာတန်မာရ်နတ်(သို့) သဘာဝလွန် ယုံကြည်မှုများပါဝင်သည်။ NSBM သည် သီးခြားထင်ရှားသည့် အမျိုးအစား မဟုတ်ပါပေ။ သို့သော် neo-volkish movement (သို့မဟုတ်) black metal ၏ ယဉ်ကျေးမှုငယ်တစ်ခုဖြစ်သည်။ Varg Virkernes သည် ယေဘုယျအားဖြင့် black metal ဖြစ်ရပ်ထဲသို့ ယုံကြည်မှုယူဆောင်လာခဲ့သူတစ်ဦးဖြစ်ပြီး ဗာဟီရဝါဒသို့ နာဇီအခြေခံထားသည့် နာဇီဝါဒတွင် ပါဝင်ပတ်သက်ခဲ့သည်။ neo-nazis ကိုလည်း လက်ခံခဲ့သည်။ Mattias Gardell အရ NSBM ဂီတပညာရှင်သည် black metal မှ နာမ်ဝိညဉ်နှင့် ဆိုင်သော တရားဝင်ပေါ်လစီကို ဆန့်ကျင်မှုနှင့် မြို့ရွာအုပ်ချုပ်ခြင်းနှင့်ဆိုင်သော ယုတ္ထိဗေဒနှင့်ဆိုင်သော တိုးချဲ့ကြီးမားသကဲ့သို့ အမျိုးသားနှင့်ဆိုင်သော နိုင်ငံရေးစနစ်ဝါဒများကို စဉ်းစားဆင်ခြင်ကြသည်။

တီးဝိုင်းများသည် နာဇီ ယုံကြည်မှုကို ဆုပ်ကိုင်ထားသည်။ သို့သော် black metal ဖြစ်ရပ်များမှ NSBM ကို သူတို့၏ဂီတတွင် မဖော်ပြပါ။ သို့သော် မီဒီယာထဲတွင် ခွဲခြားဖော်ပြကြသည်။ တချို့ black metal တီးဝိုင်းများသည် Punk rock နှင့် heavy metal တီးဝိုင်းများကဲ့သို့ shock value အတွက် ဂျာမနီနာဇီ ကို ကိုးကားခဲ့ကြသည်။

Christian Dornbush နှင့် Hans-Peter Killguss တို့၏ Unheilige Allianzen စာအုပ်အရ Volkisch pagan metal နှင့် neo-Nazism များသည် များသောအားဖြင့် black metal ဖြစ်ရပ်များသို့ ဦးတည်ခဲ့သည်။ metal ဖြစ်ရပ်များသို့ပို၍ ကျယ်ပြန့်စွာ အကျိုးသက်ရောက်စေခဲ့သည်။ သို့သော် NSBM အနုပညာရှင်များသည် black metal နှင့်အတူ အနည်းစုသာဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၈၀တွင် black metal သည် heavy metal တီးဝိုင်းများ၏ ဆာတန်မာရ်နတ်စာသားများနှင့် ပုံရိပ်များကို ရည်ညွန်းသည်။ ၁၉၉၀အစောပိုင်းတွင် Norway black metal ဖြစ်ရပ်များသည် ထူးခြားသော အမျိုးအစားပုံစံကို ဖွံဖြိုးတိုးတက်စေခဲ့သည်။ အဖြစ်အပျက်ထဲမှ အဖွဲ့အဝင်များသည် ခရစ်ယာန်ဘာသာ ကိုးကွယ်သူများကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြပြီး သူတို့ကိုယ်သူတို့ လူ့ဘောင်ကို ကန့်ကွက်သူများ၊ မကောင်းဆိုးဝါးများကို ကိုးကွယ်သူများအဖြစ် အမုန်းတရားများ၊ ဝမ်းနည်းမှုများနှင့် ဆိုးရွားမှုများကို ကျယ်ပြန့်စေသည်။ မည်သို့ပင်ဆိုစေကာမှု တချို့တီးဝိုင်းများသည်(ဆာတန်မာရ်နတ် မဟုတ်သောကြောင့် သူတို့ကိုယ်သူတို့ black metal ဟု မသတ်မှတ်ခြင်း) ဒဏ္ဍရီများဆိုင်ရာ အတတ်ပညာများကို ရေးသားကြသည်။

၁၉၉၂ခုနှစ်တွင် တချို့အဖွဲ့ဝင်များသည် ခရစ်ယာန်ဘုရားရှိခိုးကျောင်းအများစုကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထိုနှစ်ဩဂုတ်လတွင် Varg Vikernes သည် နောက်လိုက်သမား Qystein ‘Euronymous’ Aarseth ကို သတ်ပစ်ခဲ့ပြီး မကြာခင်အတွင်းမှာ အဖမ်းခံရသည်။ Virkernes သည် နာဇီဝါဒကို black metal အဖြစ်အပျက်ထဲသို့ ယူဆောင်လာခဲ့သော အရေးပါသောပုဂ္ဂိုလ်ဖြစ်သည်။ သူ၏ဂီတသည် နိုင်ငံရေးနှင့်မသက်ဆိုင်သော်လည်း သူအဖမ်းခံရပြီးနောက်အင်တာဗျူးများတွင် စတင်ဖော်ပြခဲ့သည်။ Blood နှင့် Honour magazine အင်တာဗျူးအရ ၁၉၉၂ခုနှစ်တွင် neo-Nazi Organization Zorn 88(နောက်ပိုင်းတွင် National Socialist Movement of Norway ကိုခေါ်ဆိုခဲ့သည်) နှင့်ထိတွေ့ခဲ့သည်။ Euronymous မသတ်ခင် White Aryan Resistance နှင့် ဆက်သွယ်ခဲ့သည်။ Euronymous သည် ကွန်မြူနစ်ပါတီဝင်ဖြစ်သော်လည်း Vikernes သည် သဘောတရားရေးရာများအပေါ် ငြင်းဆို၍ သတ်ပစ်ခဲ့သည်။ ထောင်ထဲတွင် Vikernes သည် သူ၏ရိုင်းစိုင်းကြမ်းကြုတ်သည့် အမျိုးသားရေးစိတ်ကူးစိတ်သန်းများကို စတင်၍ ပုံသေနည်းထုတ်ခဲ့သည်။ Vargsmal ဟုခေါ်သော ထင်မြင်ချက်ကိုရေးသားခဲ့သည်။ ၁၉၉၆တွင် internet အပေါ်မှ ရရှိလာနိုင်သည်။ ၁၉၉၇တွင် Norwegian publisher မှပုံနှိပ်ထုတ်ဝေခဲ့သည်။ အစောပိုင်း Norway black metal ဖြစ်ရပ်တွင် Nazi ဆင်ခြင်သုံးသပ်ချက်ကို မဖော်ပြခဲ့သော်လည်း အမျိုးသားရေးစိတ်ဓာတ်၊ လူမျိုးခွဲခြားရေးဝါဒီနှင့် ခရစ်ယာန်ပပျောက်ရေးပြင်းထန်သကဲ့သို့ တောင်းဆိုခဲ့သော်လည်း ဂျူးလူမျိုးစိုးမိုးခြယ်လှယ်ခဲ့သော ဂီတစက်မှုဇုံကြောင့် အနုကြမ်းစီးခဲ့သည်။ Absurd မှ Hendrik Mobusသည် NSBM ကို ခရစ်ယာန်ဘုရားရှိခိုးကျောင်းများမီးလောင်ခြင်းနှင့် Norwegian black metal လှုပ်ရှားမှု၏ အကျိုးကြောင့် ဆက်စပ်သော နိဂုံးဟုခေါ်သည်။

Vikernes သည် Darkthrone တီးဝိုင်း(Norway metal တီးဝိုင်း)၏ Transilvanian Hunger album အတွက် စာသားအချို့ရေးသားခဲ့သည်။ Norsk Arisk Black Metal( Norwegian Aryan Black Metal)နှင့်အတူ ၁၉၉၄တွင် ဖြန့်ချိခဲ့ခြင်းဖြစ်သည်။ သို့သော် Darkthrone က သူတို့သည် နာဇီတီးဝိုင်းမဟုတ်သလို နိုင်ငံရေးတီးဝိုင်းလည်း မဟုတ်ပါဘူးပြောခဲ့သည်။ ထိုအချိန်အတွင်းတွင် Norwegian black metallerများသည် လူမျိုးရေးခွဲခြားရေးဝါဒီများ ထုတ်ပြန်ခဲ့သည်။ Mayhem တီးဝိုင်းမှ drummer Hellhammer ကဤအမျိုးအစားသည် ဖက်ဆစ်ဝါဒနှင့် ဆက်စပ်နေသည်ဟု ပြောခဲ့သည်။ “ကျွန်တော်တို့ဟာ လူမည်းတွေကို မကြိုက်ပါဘူး၊ black metal ဟာ လူဖြူတွေ အတွက်ပါ” ဟုဆိုခဲ့သည်။ မည်သို့ပင်ဆိုစေကာမှု နောက်ပိုင်း interview တွင် ကျွန်တော်အတွက်တော့ ဂီတနှင့် နိုင်ငံရေးဟာ မဆက်စပ်နေပါဘူးဟုဆိုသည်။ အရေးပါသော Norway black metal အဆိုရှင် Goahlက လူမည်းကပ္ပလီတွေဟာ လူထက်နိမ့်ကျသော မျိုးနွယ်ဟု Vikernes နှင့် Adolf Hitler ကို ထောက်ခံခဲ့သည်။ Goahl ဟာ gay of the year 2010 in Bergen အဖြစ် မဲပေးခြင်းခံရသည်။ Lords of Chaos ၏ စာရေးဆရာအဆိုအရ ၁၉၉၅တွင် Sweden black metaller များသည် လူမည်းများကို အကြမ်းဖက်ခဲ့သည်။ Nefandus က နောက်ပိုင်းတွင် Nazi ဂရုဏာထားသူများအဖြစ် စဉ်းစားဆင်ခြင်ခဲ့သည်။ Belfagor ကမှု “ကျွန်တော် ငယ်စဉ်ကတည်းက magazine များထဲတွင် အငြင်းပွားဖွယ်ရာများ ရှင်းလင်းရေးသားခဲ့ပါတယ်။ ဒေါသကို ဆွပေးသော ဘာသာစကားများကို အသုံးပြုခဲ့ပါတယ်။ Nazi သို့မဟုတ်လူမျိုးရေးခွဲခြားဝါဒီသည် ကျွန်တော်အတွက်တော့ ထိခိုက်ထိပါးနိုင် ပါတယ်’’ ဟုဆိုခဲ့သည်။ ထိုနှစ်အတွင်းတွင် German တီးဝိုင်း Absurd က demo “ Thuringian Paga Madness” ကိုဖြန့်ချိခဲ့သည်။ အဖွဲ့ဝင်များသည် သူတို့၏ကျောင်းမှ ယောက်ျားလေးတစ်ယောက်သတ်မှုဖြင့် ထောင်ချခံရစဉ်တွင် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။ demo cover မှာ သူ၏ သင်္ချိုင်းကမ္ဗည်း ကျောက်တိုင်ဓာတ်ပုံနှင့် pro-Nazi ထုတ်ပြန်ချက်များဖြစ်သည်။ ပြီးနောက် Absurd တီးဝိုင်းသည် NSBM တီထွင်သူများထဲမှ အပါအဝင်ဖြစ်လာခဲ့သည်။ အခြားတီးဝိုင်းများမှာ အစောပိုင်း NSBM အဖြစ်အပျက်အများဖြစ်သော Graveland နှင့် Veles (Poland), Hate Forest (Ukraine)နှင့် Spear of Longinus နှင့် Waffenbruder (Australia)မှ အပိုင်းများဖြစ်နိုင်သည်ဟု ဆုံးဖြတ်အသိအမှတ်ပြုကြသည်။ ပထမ NSBM ဖြန့်ချိမှုများတစ်ခုဖြစ်သော Poland တီးဝိုင်း Lord of Evil ၏ ၁၉၉၄ demo တွင် နာဇီတံဆိပ်အဖြစ် cover art ပြောင်းလဲခဲ့သည်။ ဤတီးဝိုင်းသည် ဖင်လန်အုပ်စုဖြစ်သော Satanic Warmaster အတွက် လွှမ်းမိုးခဲ့သည်။

၁၉၉၀တွင် အစောပိုင်း American black metal တီးဝိုင်းများဖြစ်သော Grand Beliat’s key နှင့် dudas Iscariot တို့သည် Pagan Front ဟုခေါ်သော international NSBM organization ကို Judas Iscariot ၏ အဖွဲ့ဝင် Akhenten သည် organization စွန့်လွတ်ခဲ့သော်လည်း ဆက်သွယ်ခဲ့သည်။

Vikernes သည် NSBM ဖြစ်ရပ်များမပါဝင်ခဲ့သော်လည်း အမျိုးသားရေးယုံကြည်သူအဖြစ် ဆုပ်ကိုင်ထားခဲ့သည်။ သူကိုယ်သူ National Socialist သို့ဖက်ဆစ်ဝါဒထက် Odalist အဖြစ် ရည်ညွန်းခဲ့သည်။

Niklas Kvarforth သည် Mayhem တီးဝိုင်းမှ Maniac နှင့် ပတ်သက်၍ Sweden media reporter များကြောင့်ရင်ဆိုင်ခြင်းခံရသည်။ Kvarforth ကဤစွပ်စွဲခြင်းများသို့ ပြန်လည်တုံ့ပြန်သည်မှာ “လူဖြုဖြစ်ဖြစ် လူမည်းဖြစ်ဖြစ်လူတိုင်းဟာ ညီတူညီမျှတန်ဖိုးမဲ့နေတာပါပဲ’’ ဟု ဆိုသည်။ သူထောက်ခံခဲ့သော လူ့ဘောင်ကို မုန်းတီးစက်ဆုပ်သည့် ဆင်ခြင်သုံးသပ်ချက်များသည် လူမျိုးရေးအပေါ် အကျိုးမသက်ရောက်ပါဘူးဟု ဆိုသည်။

Anti-Christianity နှင့် anti-Semitism[ပြင်ဆင်ရန်]

NSBM ဂီတပညာရှင်များသည် ခရစ်ယာန်ဘာသာကို သူတို့၏ Artglauben နှင့် သူတို့၏ယဉ်ကျေးမှု ပယ်ရှားခြင်းကြောင့် Aryan race ပြိုကွဲစေရန် ဂျူးဘာသာကိုးကွယ်သူများ ပှုးပေါင်းကြံစည်သော ယိုးစွပ်မှုတစ်ခုအဖြစ် ထင်မှတ်ကြသည်။ ဤဂီတပညာရှင်များသည် ခရစ်ယာန်ဘာသာ ကိုးကွယ်သူတို့၏ ဂျူးလူမျိုးအပေါ်အာဃတထားခြင်းနှင့် ဂျာမန် ခရစ်ယာန်ဘာသာ ကိုးကွယ်သူတို့၏ လှုပ်ရှားမှု၏ တရားဝင်ဖြစ်ခြင်းကို ငြင်းပယ်ကြသည်။ ခရစ်ယာန်ဘာသာကျမ်းစာဖွဲ့စည်းမှု၏ နောက်ဆက်တွဲအဖြစ် နာဇီသဘောတရားများကို ထောက်ကူအားပေးကြသည်။ Der Sturmer တီးဝိုင်းမှ Hjarulvv Henker က ပြောဆိုထားသည်မှာ “Aryandom ထဲတွင် ခရစ်ယာန်ဘာသာကို နေရာတကျလုပ်တာကို အမှန်တရားလို မထင်ပါဘူး။ ခရစ်ယာန်ဘာသာက အမျိုးသားရေးဆုံးရှုံးမှုများနှင့် လူမျိုးရေးနှင့်ဆိုင်သော အတူတူဖြစ်ခြင်းနှင့် တူညီခြင်း၊ သင်ကြားပါတယ်။ Aryan ethics ကို ကိုယ်စားပြုသော စရိုက်လက္ခဏာကို Jesus ကို သင်မပေါင်းစပ်နိုင်ပါဘူး။ ခရစ်ယာန်ဟာ ခရစ်ယာန်ပါပဲ။ ဂျူးဘာသာ ကိုးကွယ်သူတို့၏ မွေးဖွားသန့်စငိခြင်းနှင့် အတွေးအခေါ်ပါပဲ။ ဂျူးဘာသာ ကိုးကွယ်သူတို့၏ အရှိန်အဝါ လွှမ်းမိုးခြင်း ပုံစံထုတ်ခဲ့ခြင်းပါပဲ’’ ဟု ဆိုသည်။

White supremacy[ပြင်ဆင်ရန်]

NSBM တီးဝိုင်းများသည် ဥရောပလူဖြူများသည် အခြားလူမျိုးများသို့ သာ၍ကြီးသည်ဟု မှတ်ယူကြသည်။ သူတို့သည် ဥရောပလူမျိုးများ ဓလေ့ယဉ်ကျေးမှုများနှင့် လူဖြူမျိုးများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းကို လိုအပ်ကြသည်။ ရာစုနှစ်အကျော်လူမျိုးရောနှောခြင်း ဤယဉ်ကျေးမှုများ ယိုယွင်းလာသည် ဟု ငြင်းခုံကြသည်။ ဤဆင်ခြင်သုံးသပ်ချက်များကို Hitler ၏ Mein Kampf မှ “ Volk und Rasse” chapter နှင့် နှိုင်းယှဉ်နိုင်သည်။ စစ်စစ်ကမှတော့ နာဇီဦးဆောင်သူများသည် ဂျာမန်လူမျိုးရေးနှင့် ကျေးကျွန်ပပျောက်ရေး ဆင်ခြင်သုံးသပ်ချက်များကို ဆုပ်ကိုင်ခဲ့သည်။ NSBM ဖြစ်ရပ်သည် ဂျာမနီ နှင့် ပိုလန် လှုပ်ရှားပြောင်းလဲရေးဝါဒီများ ပါရှိသည်။ ဤဆန့်ကျင်ခြင်းကြောင့် သမိုင်းကြောင်းလွှဲမှားမှုကို ခွင့်ပြုခဲ့သည်။ ပှုးပေါင်းကြံစည်ခြင်း သီအိုရီသည် ဂျူးလူမျိုးသည် Nazi Germany နှင့် အရှေ့ဘက်ဥရောပနိုင်ငံများ မဟာမိတ်ဖွဲ့ခြင်းကို ကြိုတင်ကာကွယ်တားဆီးနိုင်မည်ဟု ဆိုသည်။ Goruth of Russian band Temnozor က Hyperborean Aryan လူမျိုး၏ အပိုင်းတစ်ခုအဖြစ် Slav လူမျိုးနှင့် ဂျာမန်လူမျိုးတို့ဟု ထင်မြင်သည်။ ဤယိုယွင်းမှုကြောင့် ယနေ့ခေတ်တွင် သိသာကွဲပြားလာသည်။ Para Bellum of Blackdeath က Hitler အမှားကဲ့သို့ Nazi Germany စစ်ပွဲသည် Russia ကို ဆန့်ကျင်သည်ဟု ထင်မြင်သည်။

National Socialist Paganism[ပြင်ဆင်ရန်]

သူတို့၏ ခရစ်ယာန်ဘာသာရေးပပျောက်ရေးနှင့် ဂျူးလူမျိုးနှင့် အာရဗ်လူမျိုးများပပျောက်ရေး အပိုင်းကဲ့သို့ အကြံညဏ်မှာ လူဖြူဥရောပတိုက်သားတို့သည် သူတို့၏ မွေးရာဇာတိသို့ ပြန်လာရမည် ဖြစ်သည်။ NSBM တီးဝိုင်းအများစုသည် ethnic European Paganism ကို ထောက်ခံအားပေးကြသည်။ Norway တွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းမီးလောင်ခြင်းကြောင့် Hendrik Mobus ရှင်းလင်းဖော်ပြထားသည်မှာ “ ယဉ်ကျေးမှုဘိုးဘေးဘီဘင်သည် ရုတ်တရက် မရှင်းလင်းနိုင်ဘဲ အလယ်ခေတ် အေဒီသို့ပြန်လည်ထိုးနှစ်သည်။ Swizerland စိတ်ပညာရှင် Carl Gustav Jung ပြောခဲ့သည်မှာ ကျွန်ုပ်တို့ရဲ့ လက်ခံရန် အသင့်ဖြစ်နေသော စိတ်များမှာ (ဖွံ့ဖြိုးတိုးတက်သည့် တိုင်အောင် ထိန်းချုပ်မှတ်သားထားသကဲ့သို့)ရှေးရိုးကျသောစိတ်များသည် ဆယ်ကျော်သက်များထံ အကျိုးသက်ရောက်စေခဲ့သည်။ သူတို့၏ အခြေအနေများကို အခြားသူများထံသို့ တိုက်တွန်းခဲ့သည်။ ၁၈နှစ်အရွယ်ရောက်ပြီး သူများသည် သူတို့ကိုယ်ပိုင်ခွဲခြားနိုင်မှုသည် ချို့တဲ့သည့် ပတ်ဝန်းကျင်နှင့်အတူ ကျရှုံးလာခဲ့သည်။

သူတို့၏စိတ်ဝင်စားမှုနှင့်အတူ ဗာဟီရဝါဒနှင့် ထပ်တူကျစေပြီးသူတို့၏ ရိုးရာ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်စေရန် အမျိုးသားရေးနိုင်ငံရေးကို စိတ်ဝင်စားစွာ ပုံကြမ်းထုတ်လုပ်ခဲ့သည်။

Asgardsrei album မှ Absurd စာအုပ်ငယ်သည် Knights Templar, Teutonic Knights နှင့် Asgardsrei ၏ စစ်သည်တော်ကဲ့သို့ Waffen – ss တို့ကို ပုံရေးဆွဲပြခဲ့သည်။ ဤတီးဝိုင်းသည် Germany စစ်သည်တော်အုပ်စုကို ရိုသေကိုင်းရှိုင်းစွာ ဖော်ပြခဲ့ခြင်းဖြစ်သည်။ Burzum မှ Varg Vikernes သည်ကိုလည်း Asgardsrei ၏စစ်သည်တော် Adolf Hitler ကဲ့သို့ ခေါ်ခဲ့သည်။

National Socialist Satiansm[ပြင်ဆင်ရန်]

ရုပ်ပွားတော် ကိုးကွယ်ယုံကြည်သူများအနီးတွင် NSBM ဖြစ်ရပ်အပိုင်းကဲ့သို့ ဆာတန်မာရ်နတ်ကို အဓိပ္ပာယ်ကောက်လာကြသည်။ ဂျူးဘာသာနှင့် ခရစ်ယာန်ဘာသာ၏ နတ်ဘုရား Tetragrammaton ကို Satan ကဲ့သို့ ရေးဆွဲပြသခဲ့ကြသည်။ ဤဆင်ခြင်သုံးသပ်ချက်ကို Volkish Satanism (သို့) Aryan Satanism ဟုခေါ်သည်။ Chrasvelgoron of the true frost သည် နာဇီမှုဝါဒကဲ့သို့ ဆာတန်မှုဝါဒနှင့် နတ်ကဲ့သို့ ကိုးကွယ်ပသခြင်း သည် နိုင်ငံရေးနိုင်ငံရေးဆန်လာခဲ့သည်။ Greek black metal ဂီတပညာရှင် Magus Wampyr Daoloth (of Necromantia နှင့် Thou Art Lord )သည် Lords of chaos interview တွင်ပြောကြားခဲ့သည်မှာ “ သင်စဉ်းစားကြည့်လျှင် ဖက်ဆစ်ဝါဒနှင့် ဆာတန်မှုဝါဒတို့တူညီခြင်းမှာ စိတ်ဝိညဉ်နှင့် ရုပ်ပိုင်းဆိုင်ရာ ထူးခြားခြင်းတို့ဖြစ်သည်ဟု ဆိုသည်။

မည်သို့ပင်ဆိုစေကာမှု pagan နှင့် far fight တီးဝိုင်းများသည် ခရစ်ယာန်ဘာသာနှင့် ဂျူးဘာသာအပိုင်းကဲ့သို့ ဆာတ်မှုဝါဒကို သဘောပေါက်ဆင်ခြင်ကြသည်။ တချို့ non-political Satanic black metal ဂီတသမားများသည် pagan တီးဝိုင်းများကို မထီလေးစားဖွယ်ပြုမှုကြသည်။ သူတို့၏ စာသားများသည် ဆာတန်မှုဝါဒအကြောင်းမပါဝင်သောကြောင့် သူတို့ကို black metal ဟု အသိအမှတ်မပြုကြချေ။


NSBM and the broader white nationalist movement[ပြင်ဆင်ရန်]

လူဖြူအမျိုးသားရေးစိတ်ဓာတ်ရှိသူများ NSBM ကို စိတ်ကျေနပ်ဖွယ် စိတ်ကူးများကြောင့် နွေးထွားစွာ လက်ခံကြသည်။ မည်သို့ပင်ဆိုစေ ဂီတပုံစံနှင့် အမျိုးအစားသည် rock & roll Lifestyle နှင့် ဆက်နွယ်နေသောကြောင့် တချို့က မကြိုက်ကြချေ။ မည်သို့ပင်ဆိုစေ Norway black metal ဖြစ်ရပ်တွင် အရက်သေစာနှင့် တရားဥပဒေနှင့် ဆန့်ကျင်သောဆေးဝါးများကို ဘယ်တော့မှမသုံးရသည်မှာ ကြီးမားသော အပိုင်းဖြစ်သည်ဟု ဆိုသည်။ တချို့သည် black metal ဂီတသမားများနှင့် ဆံပင်ရှည်ထားသော ဝါသနာအိုးများကို ငြင်းပယ်ကြသည်။

National Alliance ကိုတည်ထောင်သူ William Luther Pierce က Resistance Records တလျှောက်အခြားလူဖြူအမျိုးသားရေးဂီတပုံစံနှင့် NSBM ကို ထောက်ကူတိုးမြှင်ရန် ရှာဖွေခဲ့သည်။ အဆုံးတွင် သူသည် United Statesမှ German အာဏာပိုင်များကို ရှောင်တိမ်းခဲ့စဉ်တွင် Absurd frontman Hendrik Mobus ကို ညီညွတ်အောင်ပြုလုပ်ခဲ့သည်။ Pierce သည် NSBM နှင့် Resistanve Records ကို နိုင်ငံရေးသဘောတရားကိုက်ညီစွာ တန်ဖိုးထားခဲဲ့ပြီး ဘဏ္ဍရေးအမြတ် အစွန်းရရှိခဲ့သောလည်းသူသည် လိင်၊ ဆေးဝါးနှင့် rock n’ roll နှင့် negroid များလွှမ်းမိုးမှုကို တိုက်ခိုက်ခဲ့သည်။

NSBM and the broader black metal scence[ပြင်ဆင်ရန်]

NSBM အနုပညာရှင်များမှာ black metal နှင့်အတူ အနည်းစုသာဖြစ်သည်ဟု Mattias Gardell အဆိုအရသိရသည်။ အရေးပါသော black metal ဂီတသမားများဖြစ်သော Jon Nodtveidt, Tormentor, king ov Hell, Infernus, Lord Ahriman, Emperor Magus Caligula, Protector Erik Danielsson of Watain နှင့် အခြား Arkhon Infaustus များကြောင့် သူတို့သည် ငြင်းပယ်ခြင်းနှင့် ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းများခံရသည်။

တချို့ black metaller များ နာဇီမူဝါဒမှခရစ်ယာန်ဘာသာ သို့ပုံခိုင်းလေ့ရှိသည်မှာ အာဏာရှင်ဆန်လှသည်။ လူ့ဘောင်ကို မုန်းတီးသည့် ဆင်ခြင်သုံးသပ်ချက်ကို တိုက်ခိုက်တွန်းလှန်ခဲ့N သည်တွင် နာဇီမှုဝါဒဖြစ်ရပ်နှင့် ပတ်သက်၍ Benjamin Hedge Olson ရေးသားခဲ့သည်မှာ လူ့သဘာဝနှင့် ပတ်သက်၍ (သို့)အမုန်းတရား၏ ငြင်းပယ်ခြင်းများနှင့် ပတ်သက်၍ ဘာမှလုပ်စရာမရှိပါဘူး။ အမုန်းတရားဟာ သီးခြားဖြစ်ပြီးဆီးပင်ထားနိုင်သည်။ တချို့ black metaller များသည် NSBM တီးဝိုင်းများနှင့် label များကို အဆက်အသွယ်မပြုလုပ်ဘဲနေစဉ်တွင် သူတို့သည် ဂီတကို ဂရုစိုက်သကဲ့သို့ ဂီတနှင့် ဂီတသမားများကြားထဲတွင် ကူညီဖေးမခဲ့သည်။ တချို့ဝေဖန်ချက်များသည် NSBM သို့ ထောက်ခံခဲ့သည်။ ပို၍ကြီးမားသော metal magazine များသည် NSBM တီးဝိုင်းများမှတ်တမ်းများ မသိကျိုးကျွန်ပြုခဲ့သည်။ Unheilige Allianzen စာအုပ်သည် အတိုချုပ်ဆင်ခြင်သုံးသပ်ခဲ့သည်။ Legacy magazine သည် NSBM label များအတွက် ပုံနှိပ်ခြင်းကို ရပ်တန့်ရန်ဦးဆောင်ခဲ့သည်။ အခြားဆင်ခြင်သုံးသပ်ချက်တစ်ခုမှာ Rock Hard magazine မှ ဆောင်းပါး Der rechte Rand I’m black metal (Black Metal’s Far-right border) တွင်ဖြစ်သည်။

Darkened Nocturn Slaughtercult တီးဝိုင်းသည် NSBM တီးဝိုင်းများဟု ခေါ်သော တိကျသော ဆင်ခြင်သုံးသပ်ချက်များကို တောင်းဆိုခဲ့သည်။ “ကျွန်ုပ်တို့ ဤ Bandwagon effect နှင့်ပတ်သက်၍ ဘာမှလုပ်စရာမရှိပါဘူး’’ ဟု ဆိုခဲ့သည်။ ဤ အဆိုအရ black metal ရှိနိုင်ငံရေးမှာ မညီညွတ်သော စီမံဖန်တီးချက်သာ ဖြစ်သည်။ Fenriz သည် လူမှုအခွင့်အလမ်းများပပျောက်ရေး အတွက် ပါဝင်ဆင်နွဲစဉ်အဖမ်းခံရသော်လည်း Darkthrone တီးဝိုင်းသည် သူတို့၏ အသက်မွှေးဝမ်းကျောင်းတစ်လျှောက်နိုင်ငံရေးအရ ဆက်လက်တည်ရှိခဲ့သည်။ Craft တီးဝိုင်းမှ Joackim ပြောခဲ့သည်မှာ တကယ် black metal ထဲမှ အမျိုးသားရေးဆိုရှယ်လစ် ရောနှောထားသည် သဘောတရားရေးရာများလို့မထင်ပါဘူး။ သို့သော် label များထက်ပို ၍မသွားပါဘူး။ NS Black Metal ဟာ ဂီတအတွက် မတော်လျော်ဘူး လို့ကျွန်တော်ထင်ပါတယ် ဟု ဆိုခဲ့သည်။

မက္ကဆီကိုမှာ aztec ဒဏ္ဍာရီများဆိုင်ရာ အတတ်ပညာနှင့် Ns သဘောတရားရေးရာများနှင့် ပေါင်းစပ်ထားသည် ဂီတသမားများနှင့် ပတ်သက်သော ဖြစ်ရပ်ငယ်ရှိသည်။ တီးဝိုင်း Nican Tiaca၏ တီးဝိုင်းဓာတ်ပုံများမှာ native Indian အဝတ်အစားနှင့် swastikas ကို ဓာတ်ပုံများဖြစ်သည်။ သူတို့၏စာသားများကို Nahuatl တွင် ရေးသားခဲ့သည်။