Viking metal

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Viking metal သည် heavy metal ဂီတ၏ ပုံစံတစ်မျိုးဖြစ်ပြီး black metal နှင့် Nordic folk ဂီတမှ စတင်ခဲ့သည်ဟု ဆိုသည်။ ထူးခြားသည်မှာ စကင်ဒီနေးဗီးယားတိုင်းသူတို့၏ ဒဏ္ဍာရီ၊ စကင်ဒီနေဗီးယားတို့၏ ကိုးကွယ်မှုနှင့် Viking ခေတ်တို့ကို အာရုံစိုက်ထားသည်။ viking metal သည် လုံးလုံးလျားလျားကွဲပြားသော ဂီတပုံစံဖြစ်ပြီး ဂီတအမျိုးအစားတစ်ခုထက်ပိုသည်။ Nordic folk ဂီတမှ black metal လွှမ်းမိုးမှုကဲ့သို့ သိမြင်လွယ်သည်။ တချို့စရိုက်လက္ခဏာမှာ လေးလံသော riffing ပုံစံများ၊ ဓမ္မသီချင်းများနှင့် ရှင်းလင်း၍ စူးရှသော သီဆိုသံများနှင့် မကြာခဏ folk instrumentation အပေါ် ယုံကြည်စိတ်ချမှုနှင့် atmospheric effect အတွက် keyboard များကို အသုံးပြုထားသည်။ ဆာတန်မှုဝါဒနှင့် ဂမ္ဘီရပညာကို ငြင်းပယ်သကဲ့သို့ viking metal သည် ၁၉၈၀မှ ၁၉၉၀တစ်လျှောက် ဖွံဖြိုးတိုးတက်လာခဲ့သည်။ ခရစ်ယာန်ဘာသာကို ဆန့်ကျင်သကဲ့သို့ viking နှင့် ဗဟီရဝါဒကို ပြောင်းလဲစွာလက်ခံလာကြသည်။ စာသားနှင့် ပုံရိပ် pagan metal ဆီသို့ဖြစ်ပြီး သို့သော် pagan metal သည် ဒဏ္ဍာရီများ ပို၍ ကျယ်ပြန့်ကာ folk instrumentation များကို ကျယ်ပြန့်စွာ အသုံးပြုထားသည်။ viking metal တီးဝိုင်းအများစုသည် Nordic နိုင်ငံများမှ စတင်ဖြစ်ပေါ်လာသည်။ တီးဝိုင်းအများစုသည် viking မှ အဖွဲ့ဝင်များ တိုက်ရိုက် (သို့) သွယ်ဝိုက်၍ ဆင်းသက်လာသည်။ viking metal ၏ အရည်အချင်းအများစုမှာ neo-paganism နှင့် neo-volkish ရွေ့လျားမှုကဲ့သို့ black pagan နှင့် folk metal အမျိုးအစားများနှင့် ဆက်စပ်နေသည်။

Led Zeppelin, Yngwie Malmsteen, Heavy Load နှင့် Manowar အနုပညာရှင်များ viking အကြောင်းအရာများ ဝေငှာခဲ့သော်လည်း ဆွီဒင်နိုင်ငံမှ Bathory သည် Blood Fire Death (၁၉၈၈) နှင့် Hammerheart (၁၉၉၀) album များနှင့်အတူ ပုံစံတီထွင်သူဟု မှတ်တမ်းတင်ခဲ့သည်။ heavy metal ဂီတသမားများထဲတွင် viking ခေတ်ပြန်လည်၍ စိတ်ဝင်စားစရာကောင်းလာခဲ့သည်။ Norway မှ Enslaved တီးဝိုင်း၏ Hordanes Land (၁၉၉၃) နှင့် Vikingligr Veld (၁၉၉၄)album တို့နှင့်အတူ viking ကြီးထွားများပြားလာသည်။ Burzum, Emperor, Einherjer နှင့် Helheim နှင့်အခြားအုပ်စုများသည် ၁၉၉၀ရာစုအလယ်ကို ဖြတ်သန်း၍ အမျိုးအစားကို တိုးတက်လာအောင်ကူညီခဲ့သည်။ viking metal သည် ဂျာမန်အမွေအနှစ်များကျယ်ပြန့်နေစဉ်ကတည်းက Nordic နိုင်ငံမှနေ၍ အခြားလူမျိုးစုများထံသို့ ပျံနှံသွားသည်။ death metal တီးဝိုင်း Unleashed နှင့် Amon Amarth တို့သည် ၁၉၉၀ အစောပိုင်းအတွင်းတွင် ပေါ်ထွက်လာခဲ့ပြီး viking အကြောင်းအရာများကို ရွေးချယ်ခဲ့ပြီးပုံစံကို ပို၍ ကျယ်ပြန့်စေခဲ့သည်။

Sonic Trait[ပြင်ဆင်ရန်]

Allmusic က ၁၉၉၀s Norwegian black metal ဖြစ်ရပ်အတွက် viking metal ဟု ချစ်စနိုးအမည်ပေးထားခြင်းဖြစ်သည်ဟု ဆိုသည်။ သတင်းစာဆရာ Johannes Jonsson ကဖော်ပြသည်မှာ Nordic folk ဂီတမှ slow black metal ၏လွှမ်းမိုးပုံ ဟုဆိုသည်။ ကထိက Ross Hagen viking metal သည် black metal ၏ မျိုးခွဲတစ်မျိုးဖြစ်သည်ဟုဆိုသည်။ သို့သော်လည်း black metal ၏ ဆာတန်မာရ်ပုံရိပ်များကို စွန့်ပစ်ခဲ့သည်။ stylus magazine မှ Cosmo Lee သည် viking metal သည် folk မှblack မှ death metal သို့စီစဉ်ထားခြင်းဖြစ်သည်ဟုဆိုသည်။ Deena Weinstein ဖော်ပြထားသည်မှာ “viking metal တီးဝိုင်းများသည် Keyboard များအပေါ်တွင် ကျယ်ပြန့်စွာ အသုံးပြုထားသည်” ဟုဆိုသည်။ viking metal တီးဝိုင်းများသည် ရိုးရာဓလေ့တူရိယာများနှင့် ethnic melody များကဲ့သို့ နေရာဒေသယဉ်ကျေးမှုဆိုင်ရာ မွန်းမံပြုပြင်ထားသည်။ Aaron Patrick Mulvany က folk metal ၏အမျိုးအစားတစ်မျိုးဖြစ်သည်ဟု သုံးသပ်သည်။ သို့သော် non-standard instrument များကို အသုံးပြုမှုနည်းပါးသည်။ Steven P.Ashby နှင့် John Schofiedသည် folk metal ဟု ရေးသားသည်။ viking metal ၏ folk instrument များကို အသုံးပြုသည်။ viking metal ၏ သီဆိုပုံမှာ typical black metal, death growlများသီဆိုပုံများနှင့် ပေါင်းစပ်ထားသည်။

Scholar Imke von Helden က အသိအမှတ်ပြုသည်မှာ ဒါဟာဖော်ပြရန်ခက်ခဲပါသည်။ ဓမ္မသီချင်းကဲ့သို့ အစိတ်အပိုင်းများဖြစ်သည်။ ဤဂီတသည် စကင်ဒီနေဗီယားတို့ တီထွင်ခဲ့သည် black and death metal တို့မှာဆင်းသက်လာသည်ဟု ဆိုသည်။ Unleashed နှင့် Amon Amarth ကဲ့သို့တီးဝိုင်းတို့သည် death metal များကို တီးခတ်ကြသည်။ သို့သော် viking အကြောင်းအရာများနှင့် ပေါင်းစပ်ထားပြီး အမျိုးအစားအောက်တွင် ခေါင်းစဉ်တပ်ကြသည်။ Scholar Heather O’ Donoghue က viking metal သည် ဂီတအရည်အသွေးထက် thematic material နှင့် အဓိပ္ပာယ်ရှင်းလင်းဖော်ပြထားသည်။ သူမက viking metal သည် မတိကျသည့် ဂီတအဖြစ်အပျက်မှ စကင်ဒီနေဗီယား အကြောင်းအရာများကို ရေးဆွဲထားသည်။ Irina-Maria Manea က ဂီတအကျယ်တဝန့်ရေးသားချက်များထဲမှ လူမျိုးနှင့် ဘိုးဘေးများကို ကာကွယ်ခြင်း” ကို viking metal ဟု သုံးသပ်သည်။ pagan metal နှင့် ဆက်စပ်နေသည် ဟုဆိုသည်။ သူမအကျယ်ချဲ့သည်မှာ “viking နှင့် pagan metal သည် စာသားများသည် ဆင်တူသည့်မျိုးခွဲများဖြစ်သည်။ ဒါကြောင့် အမျိုးအစားတွေဟာ အငြင်းပွားဖွယ်ရာဖြစ်ပါတယ် ဟုဆိုသည်။ Ashby နှင့် Schofield သည် black metal မှစတင်ခဲ့သည်ကိုလည်း မှတ်သားခဲ့သည်။ viking metal သည် သုံးလေးမျိုးခွဲထွက်လာခဲ့သည်။

Influence from sea shanties and popular media[ပြင်ဆင်ရန်]

Viking တီးဝိုင်းများသည် စကင်ဒီနေဗီးယားတို့၏ ဒဏ္ဍာရီများကို အသုံးပြုရန် ကန့်သတ်ထားသည်။ သူတို့သည် shanty ပုံစံ melody များကို တိုးတက်ကြီးပွားစေသည်။ folk metal တီးဝိုင်းများနှင့် မတူဘဲ စကင်ဒီနေဗီးယားတို့၏ ဒဏ္ဍာရီများကို စာသားများအဖြစ် ရေးသားကြသည်။ Mulvany အဆိုအရ viking metal သည် shanties ပင်လယ်နှင့် ပင်လယ်ဓားပြပုံများကို အသုံးပြုရေးဆွဲထားသည်။ ဤအမျိုးအစားအပေါ်မြင်ရသော အခြေခံလွှမ်းမိုးမှု နှစ်ခုဖြစ်သည်။ Asby, Schofield နှင့် Mulvany လက်ခံထားသည်မှာ viking metal တီးဝိုင်းများသည် viking အတိတ်အကြောင်းအရာနှင့်မဆိုင်ဘဲ ကျယ်ပြန့်သော ပင်လယ်နှင့်ဆိုင်သည်။ Folk metal တီးဝိုင်း Cruachanမှ Keith Fay က Terrorizer (magazine) တွင် တီးဝိုင်းအများတွင် folk metal ခေါ်ပါတယ်။ ဒါပေမယ့် folk ဂီတဟာ ဘယ်လိုလဲဆိုတာ နားမလည်ပါဘူး။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Preccursors : ၁၉၇၀ ခုနှစ်များမှ ၁၉၈၀ ခုနှစ်များအလယ်[ပြင်ဆင်ရန်]

Viking အကြောင်းနှင့်ပုံရိပ်များကို hard rock နှင့် heavy metal ဂီတထဲတွင် တွေ့ရသည်။ လတ်တလောဖြစ်ခြင်းမှာ Led Zeppelin ၏ immigrant song (၁၉၇၀)နှင့် No Quarter (1973) တို့၏စာသားတို့တွင် viking ရေလမ်းခရီး၊ တိုက်ပွဲများ စွန့်စားခန်းများကို တွေ့ရသည်။ Sweden တီးဝိုင်း Heavy load မကြာခဏ viking ကြောင်းအရာများကို သီချင်းများဖြင့် ထူးခြားသည်။ဥပမာအားဖြင့် ၁၉၇၈ သီချင်း Son of the Northern Light ဖြစ်သည်။ Sweden neoclassical metal ဂီတသမား Yngwie Malmsteen သည် သူရဲကောင်းစစ်သည်တော်များနှင့် viking များဖြင့်ထူးခြားသည်။ ဥပမာအားဖြင့် သူ၏ Marching Out (၁၉၈၅) album ဖြစ်သည်။ ဂျာမန်တီးဝိုင်း Grave Digger နှင့် အမေရိကန်တီးဝိုင်း Manowar တို့သည် ၁၉၈၀တွင် တည်ထောင်ခဲ့သည်။ Manowar သည် အခြားတီးဝိုင်းများတွင် viking စကားအသုံးအနှုန်းများကို မွှေးစားထားသည်။

Viking metal : ၁၉၈၀ ခုနှစ်များ နှောင်းပိုင်း - လက်ရှိ[ပြင်ဆင်ရန်]

Viking metal ၏ဇစ်မြစ်မှာ ယေဘုယျအားဖြင့် Scandinavian metal ဖြစ်ရပ်များကို ကိုးကားထားသည်။ အထူးသဖြင့် ၁၉၈၀မှ death နှင့် black metal ဖြစ်ရပ်များဖြစ်သည်။ Manowar ဖြင့် viking အကြောင်းအရာဖြင့် နိုးဆော်ထားသည်။ Sweden တီးဝိုင်း buthory ထိပ်ဆုံးမှ ရပ်တည်နေသည်။ သူတို့၏ ပထမဆုံး album ကို ၁၉၈၄ တွင် ဖြန့်ချိခဲ့သည်။ ပထမဆုံး black metal မှတ်တမ်းဟု ထင်မှတ်သည်။ ထိုတီးဝိုင်း၏ ၄ခုမြောက် album Blood fire Death ကို ၁၉၈၈တွင်ထုတ်လုပ်ခဲ့ပြီး viking metal ဥပမာနှစ်ခုမှာ A Fine Day to Die နှင့် Blood Fire Death ဖြစ်သည်။ Allmusic မှ Eduardo Rivadavia ဖော်ပြထားသည်မှာ viking metal အတွက် ပထမဆုံးဥပမာဟုခေါ်သည်။ Blood Fire Death cover ကို Norway မှ အနုပညာရှင် Peter Nicolai Arbo က ပန်းချီရေးဆွဲထားပြီး၎င်းမှာ Norse နတ်ဘုရား အိုဒင် အမဲလိုက်နေပုံကို ရေးဆွဲထားသည်။ Bathory သည်လည်း Hammerheart ကိုထုတ်လွှတ်ခဲ့သည်။ ထိုalbumသည် viking အကြောင်းအရာများဖြင့် ထူးခြားသည်။ နောက်ပိုင်းတွင် Twilight of Gods (၁၉၉၁) album ထွက်လာခဲ့သည်။

Bathory ၏ viking metal ဂီတသည် ရှည်လျားသော စွန့်စားခန်းများ၊ ဟန်ပန်ထုတ်ထားသော စီစဉ်မှုများ၊ chorused vocal များ။ ambient keyboards များဖြင့် ထူးခြားသည်။ ဥပမာအားဖြင့် ၁၉၉၄တွင် Austrilia black metal တီးဝိုင်း Abigor ၏ “Nachthymnen” album သည် viking နှင့် Germanic paganism တို့ဖြင့် ပေါင်းစပ်ထားသည်။