Metalcore

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Metalcore သည် extreme metal နှင့် hardcore punk တို့ ပေါင်းစပ်ထားသည့် ဂီတအမျိုးအစားဖြစ်သည်။ breakdown အပေါ်အသားပေးမှုအပေါ်မှုတည်၍ ခွဲခြားထားသည်။ ၎င်းသည် နှေးကွေးပြီး ကြီးမားသော Moshing ကို ဖြစ်ပေါ်စေသည်။ Metalcote တီထွင်သော တီးဝိုင်းများမှာ Hogan’s Heros, Earth Crisis integrity တို့ဖြစ်ပြီး သူတို့သည် hardcore ဆီသို့ ဦးတည်ထားကြသည်။ နောက်ပိုင်းပေါ်ထွက်လာသည့် တီးဝိုင်းများမှာ Killswitch Engage, Underoath, All that remains, Trivium, As I Lay Dying, Bullet for My Vanentine, Parkway Drive, The Devil Wears Parada နှင့် Bary Tomorrow တို့ဖြစ်ပြီး metal သို့ အားပြုထားသည်။ Trivium, Alreyu, Bleeding Through နှင့် Unearth တို့ဖြစ်ပြီး ၂၀၀၀ခုနှစ်အတွင်းမှာ metalcore ကို ပိုမိုတိုးတက်သောအဆင့်သို့ လွှမ်းမိုးနိုင်ခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Black Flag နှင့် Bad Brains တို့ hardcore တီးဝိုင်းများဖြစ်ပြီး Black Sabbath ကို လေးစားကာ အတုယူလာခဲ့သည်။ British Street Punk အုပ်စုများဖြစ်သည့် Discharge နှင့် The Exploited တို့သည် heavy metalမှ စိတ်ကူးညဏ်များ ကွန့်မြူးလာခဲ့သည်။ Misfit ၏ Earth A.D album သည် thrash သို့အရေးပါသော လွှမ်းမိုးမှုတစ်ခုဖြစ်လာခဲ့သည်။ သို့သော်လည်း metal နှင့် punk တို့၏ယဉ်ကျေးမှုနှင့် ဂီတတို့သည် ၁၉၈၀၏နှစ်ဝက်ကိုဖြတ်၍ သီးခြားတည်ရှိသည်။ Metalcore မှုလအဖြစ် crossover အုပ်စုကို ရည်ညွန်းသည်။ Hardcore Punk အုပ်စုများဖြစ်သော Corrosion of Conformity, Dirty Rotten Imbeciles နှင့် Suicida Tendencies တို့သည် thrash metal အုပ်စုများဖြစ်သော Metallica နှင့် Slayer တို့နှင့်ယှဉ်၍ တီးခဲ့ကြသည်။ Cro-Mags, Murphy’s Law, Agnostic Front နှင့် Warzone တီးဝိုင်းတို့သည် ၁၉၈၄ တွင် လွှမ်းမိုးလာခဲ့သည်။ အခြား New York metal လွှမ်းမိုးမှုများမှာ ၁၉၈၂တွင် တည်ထောင်ခဲ့သော Crumbsucker ကို ညွန်းဆိုနိုင်သည်။ Hogan’s Heroes ကို ၁၉၈၄ တွင် New Jersey တွင် ဖွဲ့စည်းခဲ့သည်။ ၁၉၈၅ တွင် hardcore breakdown ၏ ဖွံဖြိုးမှုအဖြစ် Bad Brain၏ reggae နှင့် metal ကိုရောစပ်ခြင်းဖြစ်သည်။ ငုင်းသည် Moshing ကို အားပေးထားသည်။ ၁၉၈၆ တွင် Agnostic Front၏ Cause for Alarm သည် hardcoreနှင့် metal ကိုရောနှောထားခြင်းဖြစ်သည်။ ၁၉၈၇ Metallica သည် Discharge နှင့် Misfits တို့ ချီးကျူးဂုဏ်ပြုခဲ့သည်။