Noise rock

ဝီကီပီးဒီးယား မှ

Noise rock သည် rock ဂီတ၏ပုံစံတစ်မျိုးဖြစ်ပြီး ၁၉၈၀တွင် ထင်ရှားလာခဲ့သည်။ noise rock သည် rock ဂီတ၏ ရိုးရာတူရိယာများကို အသုံးပြုထားသည်။ သို့သော် atonality နှင့် dissonance များကို ပေါင်းစပ်ထားသည်။ noise rock သည် အစောပိုင်း avant-gradeဂီတ၊ sound art နှင့် rock သီချင်းများမှ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ပြင်းထန်သော dissonant sound နှင့် electronic feedback တို့ဖြင့် ထူးခြားသည်။ နယူးယောက် no wave ဖြစ်ရပ်သည် Mars နှင့် Teenage Jesus and Jerks စသော အနုပညာရှင်များဖြင့် ထူးခြားသည်။ noise rock ထဲတွင် မရှိမဖြစ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည်။ noise rock တီးဝိုင်းအများစုသည် ၁၉၈၀ တွင် မြောက်အမေရိကမှ ပေါ်ထွက်လာခဲ့သည်။ Caroliner, Grotus (ဆန်ဖရန်ဆစ်စကို), Big Black (ချီကာကို), Butthole Surfers, The Jesus Lizard, Scratch Acid (တက်ဆက်), The Melvins (မွန်တီဆန်ကို၊ ဝါရှင်တန်), Dinosaur Jr (မက်ဆာချူးဆက်), Sonic Youth, Live Skull, Swans, White Zombie, The Thing Blow 454, Helmet (နယူးယောက်), Pussy Galore နှင့် Royal Trux (ဝါရှင်တန်ဒီစီ) စသည်တို့ဖြစ်သည်။

ထိုဖြစ်ရပ်များသည် အိုဆာကာမြို့ ဂျပန်တွင် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး Hanatarash နှင့် Boredoms တို့ ဦးဆောင်ခဲ့သည်။ ဗြိတိန် shoegazing အုပ်စုသည် noise rock မှ ထူးခြားသေ ာပုံစံဖွံ့ဖြိုးတိုးတက်မှုဖြစ် သည်။ noise pop ဟုသော အမျိုးအစားတစ်ခုဖြစ်ပေါ်လာခဲ့သည်။ math rock အုပ်စုဖြစ်သော Don Caballero သည်လည်း noise rock ဟု ယူဆနိုင်သည်။ ၈၀ noise rock တီးဝိုင်းများမှ အရေးပါသော လွှမ်းမိုးမှုများမှာ Nirvana, Hole တို့ဖြစ်သည်။ Povverviolence ဖြစ်ရပ်သည် noise rock သို့ နီးစပ်သည်။ Man is the Bastard သည် noise ဂီတသို့ စီးဝင်ခဲ့သည်။

၉၀အလယ်တွင် Providence မြို့သည် noise-rock တီးဝိုင်းများ၏ အဓိကနေရာဖြစ်လာခဲ့သည်။ Rhode Island School of Design ဖြစ်ရပ်ဖြစ်ပွားရာနေရာလည်းဖြစ်သည်။ ၂၀၀၀ နောက်ပိုင်းတွင် ကမ္ဘာတစ်ဝန်းတွင် noise rock အုပ်စုများ ဖွဲ့စည်းလာခဲ့သည်။ noise rock သည် polyrhthm ဖြင့် ထူးခြားသည်။ ၂၀၁၀နောက်ပိုင်း noise rock အုပ်စုများမှာ Roomrunner, Dope Body, Nu Sensae, MEIZ, Disappeard, Dumb Numberနှင့် ဂျပန်အနုပညာရှင် Nisemenmondai တို့ပါဝင်သည်။

ရုပ်လုံးပေါ်စေခြင်းနှင့် အခြေတည်သော အစိတ်အပိုင်းများ[ပြင်ဆင်ရန်]

Noise rock အုပ်စုများဖျော်ဖြေမှုရာတွင် သူတို့ဂီတ၏ဆူညံမှုကို ရင်ဆိုင်ရသည်။ Iggy pop ၏ the Stooges, The Germs မှ Darby Crash တို့ဖြစ်ပြီး ဖျော်ဖြေတင်ဆက်ရာ၌ ခန္ဓာကိုယ်ကို စုတ်ပြဲစေသည်။ ၁၉၈၀ noise rock ဂီတသမားများသည် hardcore punkလွှမ်းမိုးသည် အဝတ်အစားများဝတ်ဆင်ရန် ရည်မှန်းကြသည်။ Steve Albiniသည် ချုပ်တည်းခြင်းနှင့် ပြစ်ချက်များကို အသားပေးခဲ့သည်။ Butthole Surfers တီးဝိုင်းသည် ကိုးရိုးကားရားဆန်သော အဝတ်များကို ဝတ်ဆင်ခဲ့ကြသည်။ ကွဲပြားသောတီးဝိုင်းများသည် ဆေးဝါးများအသုံးပြုစေရန် ရည်ညွန်းခဲ့သည်။ အထူးသဖြင့် LSD(Jimi Hendrix, Butthole Surfers) နှင့် heroin (The Velvet Underground, Royal Trux) တို့ဖြစ်သည်။ noise rock ဂီတသမားများ The Locust, Comparative Anatomy နှင့် Lighting Bolt သည် ရှေးခေတ်ဝတ်စုံများနှင့် ဇာတ်ပွဲနှင့်ဝတ်ဆင်သော အဝတ်အစားများကို ဝတ်ဆင်လာခဲ့သည်။ တချို့တီးဝိုင်းများသည် ရုပ်ရှင်နှင့် video art များကို ပေါင်းစပ်ခဲ့ကြသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရှေ့ပြေး[ပြင်ဆင်ရန်]

Noise rock ၏မူလအစသည် rock သီချင်းမှ အရင်းပြု၍ ပြင်းထန်သော အသံများနှင့် electronic feedback များဖြင့် ထူးခြားသည်။ စီးပွားရေးအရ အောင်မြင်မှုရရှိခဲ့သော တီထွင်သူများထဲ တွင် Grateful Dead, Jimi Hendrix, The Who နှင့် Neil Youg တို့ပါဝင်သည်။ underground ဂီတသမားများဖြစ်သော the Stooges The Velvet Undergroundနှင့် MC5 တို့သည် freejazz နှင့် minimal တို့၏ အစိတ်အပိုင်းများကို ပေါင်းစပ်ခဲ့သည်။ The Velvet Underground ၏ self-titled album ဖြစ်သော White Light/White Heat album တွင် free musicianship နှင့် drone sound များကို ပေါင်းစပ်ခဲ့သည်။ မထင်ရှားသော ဂီတသမားများဖြစ်သော the Monks, Fity Foot Hose နှင့် ဂျပန်မှ Les Rallizes Denudes တို့သည် dissonance effect များကို ပေါင်းစပ်ခဲ့သည်။ ဂျာမနီတီးဝိုင်း Krautrock တီးဝိုင်းများ noise rock တွင် အရေးပါစွာ လွှမ်းမိုးခဲ့သည်။ အထူးသဖြင့် canနှင့် Faust တို့ဖြစ်သည်။

၁၉၇၀[ပြင်ဆင်ရန်]

New York no wave ဖြစ်ရပ်တွင် Mars နှင့် Teenage Jesus and the Jerks တို့သည် ၁၉၇၈တွင် စတင် ပေါင်းစည်းခဲ့ကြသည်။ noise rock တွင် မရှိမဖြစ် လိုအပ်သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည်။ no wave တွင် post-punk အမျိုးမျိုးပါဝင်ပြီးကွဲပြားသောအုပ်စုများသည် သူတို့၏ ဖျော်ဖြေမှုထဲသို့ free Jazz, soulနှင့် disco တို့၏ အစိတ်အပိုင်းများကို ပေါင်းစပ်ခဲ့ကြသည်။ အချို့သော အုပ်စုများသည် noise rock ဓလေ့ရိုးရာထဲသို့ တီထွင်ဆန်းသစ်ခဲ့ကြသည်။ ဆန်ဖရန်ဆစ်စကိုမှ Chromeသည် သူတို့၏ကိုယ်ပိုင်ပုံစံဖြစ်သော psychedelic punk ကိုထုတ်လုပ်ခဲ့ပြီး no wave အုပ်စုများနှင့်အတူ မျှဝေခဲ့သည်။ ၁၉၇၀နောက်ပိုင်းတွင် ဩစတေးလျ noise rock သည်လည်း ဖွံ့ဖြိုးတိုးတက်ခဲ့သည်။

၁၉၈၀[ပြင်ဆင်ရန်]

၁၉၈၀ တွင် မြောက်အမေရိကမှ ကွဲပြားသောဖြစ်ရပ်များမှ noise rock တီးဝိုင်းများ ပေါ်ထွက်လာခဲ့သည်။ Caroliner, Grolus(ဆန်ဖရန်ဆစ်စကို), Big Black (ချီကာကို) , Butthole Surfers, The Jesus Lizard, Scratch Acid (တက္ကဆက်), The Mevins (မွန်တီဆာနို, ဝါရှင်တန်, Dinosaur Jr, Sonic Youth, Live Skull, Swans White Zombie, The Thin Helmet( နယူးယောက်)၊ Pussy Galore၊ Royal Trux (ဝါရှင်တန်ဒီစီ) တို့ဖြစ်သည်။ ထိုတီးဝိုင်းများကို ဂီတဝေဖန်ရေးသမား Robert Christgaum Last Tango in Paris ရုပ်ရှင်ကို ကိုးကားရာ၌ pig fuck ဟု ရည်ညွန်းခဲ့သည်။ Industrial အုပ်စုများ၊ noise rock အုပ်စုများနှင့်ပူးတွဲဆောင်ရွက်၍ ဖွံဖြိုးတိုးတက်လာခဲသည်။

၁၉၈၆အစတွင် ဗြိတိန်အုပ်စု Napalm Death သည် hardcore punkနှင့် death metalနှင့်အတူ grindcore ကိုဖန်တီးခဲ့သည်။ ဂျပန်တွင် အိုဆာကာတွင်လည်း ဖြစ်ရပ်တစ်ခု စတင်ခဲ့သည်။ Hanatarash နှင့် Boredoms တို့ ဦးဆောင်ခဲ့သည်။ တို၍မြန်သော သီချင်းများကို ရေးဖွဲ့ခဲ့သည်။ Boredoms အဆိုတော် Yamantaka Eye သည် နယူးယောက်မြို့တော် Jazzcore အုပ်စု Naked city နဲ့လည်း အလုပ်လုပ်ခဲ့သည်။ နောက်ဆုံးတွင် Boredoms သည် Krautrock ဆီသို့ ဦးတည်ခဲ့သည်။ Gore Beyound Necropsy, Ground Zero, Zeni Geva, Guitar Wolf နှင့် Melt- Bariana သည် ဂျပန် noise rock ပုံစံကို ချဲ့ထွင်ခဲ့သည်။ ထိုတီးဝိုင်းများသည် Merzbow တီထွင်ခဲ့သည့် Japanoise ပေါ်တွင် ပြင်းထန်စွာရိုက်ခတ်ခြင်းဖြစ်သည်။

ဗြိတိန် shoegazing အုပ်စုများသည် noise rockမှ လုံးဝထင်ရှားစွာ ဖွံဖြိုးတိုးတက်ခဲ့သည်။ noise pop ဟူသော မျိုးခွဲသစ်တစ်မျိုး ပေါ်ထွက်စေခဲ့သည်။ dream pop မှ စိတ်ကူးစိတ်သန်း ဝင်ရောက်လာခဲ့သည်။ aggressive rock အုပ်စုဖြစ်သော The Jesus and Mary Chain, The Telescopes နှင့် Sonic Youth, My Bloody Valentine အုပ်စုများ noise rock ၏ ဓလေ့ထဲတွင် Psychedelic အမျိုးအစားကို ပေါ်ထွက်စေခဲ့သည်။

အချို့ math rock အုပ်စုဖြစ်သော Don Caballero ကိုလည်း noise rock ဟုယူဆခဲ့သည်။ Post-hardcore, Screamo နှင့် riot girrl အုပ်စုများသည်လည်း noise rock မှ လွှမ်းမိုးမှုများကို ယူဆောင်ခဲ့သည်။

၁၉၉၀[ပြင်ဆင်ရန်]

၁၉၈၀ noise rock တီးဝိုင်းများမှ အရေးပါစွာ လွှမ်းမိုးခဲ့သည့်တီးဝိုင်း Nirvana နှင့် Hole တို့ပါရှိသည်။ grunge ဂီတကို ရေဒီယိုထုတ်လွှင့်စဉ် အချို့ mainstream မှ လက်ခံလာကြသည်။ Nirvana ၏ In Utero album ၁၉၈၀ noise rockတွင် အကြွေးတင်လာခဲ့သည်။ Industrial metal အုပ်စုများဖြစ်သော Ministry, Nine Inch Nails နှင့် White Zombie တို့သည် noise rock အပေါ်အကြွေးတင်လာခဲ့သည်။

၁၉၉၂တွင် Melt-Banana တီးဝိုင်းသည် ၉၀ အဆုံးတွင် ဥရောပနှင့် အမေရိကန်တွင် noise rock ၏ ကျော်ကြားသော ဥပမာဖြစ်လာခဲ့သည်။ ပြင်သစ်တွင် Diabalogum သည် noise rock ကို စမ်းသပ်လေ့လာခဲ့သည်။ အင်္ဂလိပ် power electronics တီးဝိုင်း Rameh သည် ၁၉၉၀တွင် rock ဂီတတည်ဆောက်ပုံကို စတင်စမ်းသပ်ခဲ့သည်။

Powerviolence ဖြစ်ရပ်သည် noise rockဆီသို့ ဦးတည်ခဲ့သည်။ Man is Bastard သည် noise ဂီတကို စမ်းသပ်ခဲ့သည်။ The Locust အုပ်စုသည် သူတို့၏ နောက်ဆုံး album New Erections တွင် noise rock ပေါင်းစပ်ခဲ့သည်။ Neurosis Today is the Day တို့သည် extreme metal ကို noise rock နှင့် ရောစပ်ခဲ့သည်။ Converge, Botch နှင့် Dillinger Escape Plan သည် metalcore နှင့် ပေါင်းစပ်၍ စမ်းသပ်လေ့လာခဲ့သည်။

၁၉၉၀အလယ်တွင် Providence မြို့သည် noise-rock တီးဝိုင်းများ၏နေရာဖြစ်လာခဲ့သည်။ ထိုအုပ်စုများသည် သမားရိုးကျ rock သီချင်းတည်ဆောက်ပုံများ လျော့နည်းစေရန် ဂရုစိုက်လာကြသည်။ Lightning Bolt, Arab on Radar, Six Finger Satellite, Pink and Brown တို့ပါဝင်သည်။ Black Dice တီးဝိုင်းသည် ထိုဖြစ်ရပ်ထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ဘရွတ်ကလင်းသို့ ပြောင်းလဲပြီးနောက် Gan Gang Dance ကဲ့သို့ တစ်တန်းတည်းဖြစ်အောင် ချိန်ညှိခဲ့သည်။ ထိုအုပ်စုသည် San Diego ဖြစ်ရပ်နှင့်ဆက်သွယ်ပြီး အကျော်ကြားဆုံးမှ The Locust, Wolf Eyes တို့ဖြစ်သည်။

Noise rock သည် ဆောက်သမ်းယူနိုက်တက်မှ တီးဝိုင်းများဖြစ်သည့် Montgomery, Alabamaမှ Ed Kemper Trio တီးဝိုင်းများနှင့်အတူ ကျယ်ပြန့်စေခဲ့သည်။ SST နှင့် Touch and Go တို့၏ အသံများလွှမ်းမိုးခဲ့သည်။ Ed Kemper Trioသည် ၂၀၀၄ခုနှစ် documentary People Will Eat Anything တွင်စူးစိုက်ခြင်းခံရသည်။ ၉၀အစောပိုင်းတွင် Harry Pussyနှင့် To live and Shave in L.A တို့ကို မီယာမီ၊ ဖလော်ရီဒါတွင် ဖွဲ့စည်းခဲ့သည်။

၈၀နောက်ပိုင်းတွင် ဖင်လန်မှ Radiopuheliment တီးဝိုင်းသည် hardcore punk တီးဝိုင်း Kansanturvamuiikkikomissio ကို လေ့လာခဲ့သည်။ သူတို့၏ Ep Alternative Tentacles ကို ထုတ်လွှတ်ခဲ့သည်။ Mike Patton သည် noise rock ဖြစ်ရပ်ကို ထောက်ခံခဲ့သည်။

၂၀၀၀[ပြင်ဆင်ရန်]

၂၀၀၀ပြီးနောက် ကမ္ဘာတစ်ဝန်းလုံးတွင် noise rock အုပ်စုများပေါ်ပေါက်လာခဲ့သည်။ mclusky, Scarling, Black Dice, An Albatross, Deerhunter, The Death Set, Oneida, Parts and Labor, Fuck Buttons, Indian Jewelry, Yuck, Health, Neptune, Fiasco, Aa (Big A little a), Skeleteen, Girls in Love, Magik Markers, Mohamed UFO, Mindflayer, Parit Chimp, Slicing Grandpa, Japanther နှင့် Hella စသောတီးဝိုင်းများပါဝင်သည်။ ဆန်ဖရန်ဆစ်စကိုတွင် Deerhoof, Boxleitner, Erase Errata, So So Many White White Tigers, Total Shutclown, Numbers, Crack, We Are Rock, Burmese နှင့် Pink & Brown တို့ပါဝင်သည်။ ခေတ်ပေါ် noise rock တီးဝိုင်းများတွင် Los Angeles အခြေစိုက် No Age နှင့် Foot Village, Double Dagger, The New Flesh နှင့် Ponytail ဆန်တာကရုမှ The Lowdown, Seattle မှ The Intelligence, Pre, Part Chimp, Male Bonding, UK မှ Action Beat, မလေးရှားမှ The Maharajah Commision ပါဝင်သည်။ ၂၀၀၇ တွင် ဆန်ဖရန်ဆစ်စကိုမှ IAOသည်သူတို့၏ live ဖျော်ဖြေမှုများကို ဖြန့်ချိခဲ့သည်။ Yuri Landman သည် အကျယ်ချဲ့ထားသော နည်းပညာများကို စမ်းသပ်လေ့လာခဲ့သည်။ Sonic Youth, Lighting Bolt, Liars နှင့် Jad Fair တို့ပါဝင်ခဲ့သည်။ ၂၀၀၀ ခုနှစ် noise rockသည် tribal polyrhythmicများထူးခြားခဲ့သည်။ မကြာသေးသောတီးဝိုင်းများသည် ရိုးရာဓလေ့ဟောင်းများကို ယူဆောင်လာခဲ့သည်။ Comparative Anatomy Lightning Bolt နှင့် The Locust တို့သည် ရှေးခေတ်ဝတ်စုံများကို ဝတ်ဆင်ခြင်းအားဖြင့် လူသိများသောတီးဝိုင်းများဖြစ်သည်။

၂၀၁၀[ပြင်ဆင်ရန်]

၂၀၁၀ နောက်ပိုင်း noise rock များမှာ Roomrunner, Dope Body, Boy/Head, Perfect Pussy, Fight Amp, Whores, Bleeding Knees Club, White Spot, Kowloon Walled City, Nu Sensave, METZ, Riggots, The Noise, Grizzior, Dumb Numbers, War Baby, Ultrabunny, Black Light Brigadeနှင့် ဂျပန်အနုပညာရှင်များဖြစ်သည့် Nisennemondai, Akai Kouen နှင့် ZZZ’s တို့ဖြစ်သည်။