Industrial rock

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Industrial rock သည် industrial music နှင့် ရောစပ်ထားသော ဂီတအမျိုးအစားဖြစ်သည်။ industrial rock ကို industrial metal နှင့် မကြာခဏရှုပ်ထွေးကြသည်။ industrial music သည် အစောပိုင်းတွင် post-punk အုပ်စု ပေါင်းထားပြီး Chrome, Killing Joke, Swans, Foetus နှင့် Big Black စသော တီးဝိုင်းများ ပါရှိသည်။ Nine Inch Naib တီးဝိုင်းနှင့် Marilyn Mansonတီးဝိုင်းတို့ ဤအမျိုးအစားကို mainstream သို့ တွန်းတင်ခဲ့သည်။

ဂီတပုံစံ[ပြင်ဆင်ရန်]

Industrial rock အနုပညာရှင်များသည် လျှပ်စစ်ဂစ်တာ၊ ဒရမ်နှင့် bass တို့ကို အသုံးပြုထားပြီး white noise blasts နှင့် electronic music ကိရိယာများ (synthesizer, sequencers, samplers နှင့် drum machine) ယှဉ်တွဲ သုံးထားသည်။ ဂစ်တာများမှာ အများအားဖြင့် distorted (သို့) treated သုံးထားသည်။ ဘေ့စ်ဂစ်တာ နှင့် drum များအသုံးပြု(သို့) electronic music instrument များ(သို့) computer များဖြင့် အစားထိုးအသုံးပြုထားသည်။ industrial rock သည် မကြာခဏ စက်သံများနှင့် ပေါင်းစပ်ထားသည်။ sound palette များကို အစောပိုင်း ၁၉၈၀ တွင် တီထွင်ခဲ့သော အနုပညာရှင်များ (SPK, Einsturzende Neubauten, Die Krupps နှင့် Test Dept) သည် metal ၏စည်းချက်တူရိယာကို အားထားသည်။ များသောအားဖြင့် pipeများ ပြွန်ချောင်းများနှင့် စက်မှုထုတ် စွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်ထားသည်။

မူရင်း[ပြင်ဆင်ရန်]

Experimental အုပ်စုဖြစ်သည်Cromagnon ကို industrial rock ကို မွေးထုတ်ရာတွင် ပါဝင်ခဲ့သည့် တီးဝိုင်းများအနက် တစ်ခုဖြစ်သည်။ သူတို့၏သီချင်း "Caledonia" ကို "pre-industrial stomp" ဟု သေသေချာချာသတိပြုမိသည်။

Industrial music ကို punk rock revolutionနှင့် disco Fever ကြားထဲတွင် ၁၉၇၀ နောက်ပိုင်းတွင် တီထွင်ခဲ့သည်။ ထင်ရှားသောအစောပိုင်း industrial ဂီတပညာရှင်များထဲတွင် Throbbing Cristle, Cabaret Voltaire, NON,SPK နှင့် ZEV တို့ပါဝင်သည်။ နှစ်အနည်းငယ်အတွင်းမှာ ဖျော်ဖြေတင်ဆက်သူများသည် Industrial ဂီတဆိုင်ရာ အစိတ်အပိုင်းများကို musical style အမျိုးမျိုးနှင့် ပေါင်းစပ်ခဲ့သည်။

အချို့ post-punk ဖျော်ဖြေတင်ဆက်သူများသည် ပုံစံများ industrial music နှင့်ယှဉ်၍ တည်ဆောက်ခဲ့သည်။ Pere Ubu ၏ပွဲဦးထွက် album The Modern Dance ကို industrial ဟုဖော်ပြခဲ့သည်။ ဆန်ဖရန်စစ္စကိုမှ Chrome နှင့် Jimi Hendrix နှင့် The Sex Pistol တို့သည် tape music ကို လက်တွေ့ စမ်းသပ်ပြုလုပ်ခဲ့သည်။ ဂီတာဂျာနယ်လစ် Simon Rynold သည် Killing Joke ကို heavy metal ၏ post-punk version ဟု ယူဆခဲ့သည်။ New York city တီးဝိုင်း Swans သည် No Wave အဖြစ်အပျက်ကို လှုံ့ဆော်ခဲ့သည်။ punk rock, noise music (အထူးသဖြင့် Whitehouse) နှင့် Original Industrial အုပ်စုများလည်း ပါဝင်သည်။ Big Black မှ Singer Steve Albin သည် American hardcore punk ကို ပေါင်းစပ်ခဲ့သည်။ Big Black သည် industrial music ကိုအားသာသော်လည်း post-hardcore နှင့် noise rock တို့ကိုဆက်နွယ်ခဲ့သည်။ ဆွစ်ဇာလန်တီးဝိုင်း The Young Gods တီးဝိုင်းသည် hardcore နှင့် industrial မှ စိတ်ကူးညဏ်ကွန်မြူးမှုများ ယူသုံးခဲ့သည်။

Industrial rock သည် industrial metal တီးဝိုင်း Ministryနှင့် Nine Inch Nail တို့အစပြုရာမှ စီးပွားရေးအရ အောင်မြင်ခဲ့သည်။