Power metal

ဝီကီပီးဒီးယား မှ

Power metal သည် heavy metal ၏မျိုးခွဲဖြစ်ပြီး traditional metal နှင့် speed metal ၏ စရိုက်လက္ခဏာများဖြင့် ပေါင်းစပ်ထားသည်။ power metal သည် Doom metal နှင့် Death metal ပုံစံများကဲ့သို့ သိပ်သည်းကြမ်းတမ်းသာလွန်သော ပုံစံမျိုးဖြစ်သည်။ power metal သီချင်းများမှာ ပြင်းထန်သော chorus နှင့် အားကောင်းသော အသံများဖြစ်သည်။ ဤဝေါဟာရကို ၈၀ အလယ်တွင် ပထမဆုံးအသုံးပြုခဲ့သည်။ ပထမဆုံးတီထွင်ခဲ့သူမှာ မြောက်အမေရိကမှဖြစ်ပြီး နောက်ပိုင်းတွင် ဥရောပ(အထူးသဖြင့် စကင်ဒီနီဗီးယား၊ ဂျာမနီ၊ ဂရိနှင့် အီတလီ)၊ တောင်အမေရိက(အထူးသဖြင့် ဘရာဇီးနှင့် အာဂျင်တီးနား)နှင့် ဂျပန်တို့တွင် ကျယ်ပြန့်၍ ကျော်ကြားလာခဲ့သည်။

မူရင်းဇစ်မြစ်[ပြင်ဆင်ရန်]

ကဗျာစာပေစုဆောင်းသူ Sam Dunnသည် ၁၉၇၀ ၏ power metal ကို ရှာဖွေတွေ့ရှိခဲ့သည်။ Ronnie James Dio သည် Rainbow အတွက် ရေးပေးခဲ့သည်။ အေဒီအလယ်ခေတ်၊ ၁ ၅ရာစု၊ folk နှင့်သိပ္ပံဆိုင်ရာကြောင်းအရာများကို စုရုံးထားသည်။ ခေတ်ပေါ် power metal တီးဝိုင်းများသို့ လွှမ်းမိုးခဲ့သည်။ ၁၉၇၆ album Risin မှ stargazer နှင့် kill the king နှင့် ၁၉၇၈ album Long live Rock ‘n’ Roll တို့တွင်ဖြစ်သည်။ power metal ထဲမှ အစောဆုံး ဥပမာဖြစ်သည်။ Sam Dunn ၏ ၂၀၁၁ ခုနှစ် documentary Serie Metal Evolution တွင် Dunn က Rob Halford နှင့် Judas Priest တို့ power metal ၏ blueprint အတွက် မည်ကဲ့သို့ ဖန်တီးထားသည်ကို ရှင်းပြထားသည်။ high-pitched သီဆိုခြင်းမှာ power metal ၏ အဓိကလက္ခဏာဖြစ်သည်။ twin-guitar အသံများ ဤအမျိုးခွဲအပေါ်မြင့်မားစွာ လွှမ်းမိုးသည်။ အခြား Power metal တီထွင်သူမှာ Jon Miki Thor ဖြစ်သည်။ သူသည် Muscle rock ကို Manowar တီးဝိုင်းသို့ ပထမဆုံးမိတ်ဆက်ခဲ့သည်။ အစောပိုင်းဂျာမန် power metal အဖြစ်အပျက်ပေါ်ထွက်ခြင်းတွင် Scorpions နှင့် Accept တို့ပါဝင်သည်။ ဆွီဒင်ဂီတသမား Yngwie Malmsteen သည် အနာဂတ် power metal ဂီတသမားများအတွက် အရေးပါသော သူ၏ မှန်ကန်၍မြန်ဆန်သော neo-classical ပုံစံနှင့်အတူ ရိုက်ခတ်ခြင်း ဖြစ်စေခဲ့သည်။ သူ၏တီးဝိုင်းမိတ် Jens Johansson သည် Deep Purple ကို keyboard ဖြင့် အသံကို ပြုပြင်ခဲ့သည်။ ထို့နောက်အမျိုးအစားထဲသို့ ပေါင်းထည့်ခဲ့သည်။ အမေရိကန်တီးဝိုင်း Manowar ၏ ဒဏ္ဍာရီဆန်သော sword and sorcery စာသားများသည် power metal တီးဝိုင်းများအပေါ် လွှမ်းမိုးခဲ့သည်။ ၁၉၈၇တွင် Helloween ၏ Keeper of the Seven Keys album ထွက်လာခဲ့သည်။ power နှင့် melody များပေါင်းစပ်ထားခြင်းသည် metal တီးဝိုင်းမျိုးဆက်သစ်များကို လှုံ့ဆော်နိုင်လိမ့်မည်ဖြစ်သည်။

ဂီတဆိုင်ရာလက္ခဏာများ[ပြင်ဆင်ရန်]

အဆို[ပြင်ဆင်ရန်]

Power metal သည် အဆိုတော်အပေါ် အာရုံစိုက်ထားသည်။ extreme metal နှင့်ဆက်နွယ်၍ clean vocalသည် growling vocal ထက်သာလွန်သည်။ Ronnie James Dio, Bruce Dickinson, Rob Hafford, Geoff Tate နှင့် အခြား heavy metal အဆိုရှင်များသည် စိတ်ဓာတ်တက်ကြွစေခဲ့သည်။ အမျိုးအစားသည် အများဆုံးသည် မြင့်သော note များပါဝင်သည်။ တချို့အဆိုရှင်သည် ကြမ်းတမ်းသော thrash metal ပုံစံဖြင့် သီဆိုကြသည်။

စာသားအကြောင်းအရာများ[ပြင်ဆင်ရန်]

Power metal ၏စာသားအကြောင်းအရာသည် စိတ်ကူးယဉ်ခြင်း၊ ဒဏ္ဍာရီ၊ ရဲဘော်ရဲဘက်စိတ်၊ ရုန်းကန်ခြင်းများနှင့် စိတ်ခံစားမှု၊ စစ်ပွဲနှင့် သေခြင်းများအကြောင်းတရားများကို ရေးစပ်ထားသည်။ ဥပမာအားဖြင့် Dragonforce ၏ စာသားများသည် စိတ်ကူးယဉ်ဆန်စွာ တည်ဆောက်ထားသည်။ တချို့တီးဝိုင်းများသည် သူတို့၏ အဖြစ်အပျက်များအပေါ် အခြေခံထားသည်။ Rapsody of fire ၏ Emerald Sword Saga နှင့် The Dark Secret Saga, Iced Earth ၏ Something Wicked Sag နှင့် Edguy ၏ Tobias ၏ Sammet တို့ဖြစ်သည်။ ထုံးစံအတိုင်း metal အကြောင်းတရားများမှာ ဘာသာရေးနှင့်နိုင်ငံရေးနှိုင်းယှဉ်လျက် တွေ့ရသည်။ Sabaton ၏ အဓိကစာသားများမှာ သမိုင်းကြောင်းဆိုင်ရာစစ်ပွဲများနှင့် စစ်ပွဲများတွင် ပါဝင်သောပုဂ္ဂိုလ်များအကြောင်းကို ရေးဖွဲ့ထားသည်။ ဩစတေးလျ power metal တီးဝိုင်း Serenity အပါအဝင် Six Francis Drake, Marco Pob, Galileo, Beethoven နှင့် Napolean တို့ပါဝင်သည်။

တီးခတ်ခြင်း[ပြင်ဆင်ရန်]

Power metal ဂီတာသမားများနှင့် ဘေ့စ်ဂီတာသမားများသည် note များကို လျင်မြန်စွာ တီးခတ်ကြသည်။ သို့သော် chords များမှာ harmonic tempo နှင့်အတူ နှေးသည်။ guitar solo များမှာ မြန်ဆန်ကြသည်။ chord များကို နှေးကွေးစွာ ပြောင်းလဲခြင်းသည် power metal ထဲတွင် အရေးပါသည်။ power metalသည် major chord progressionနှင့် circle progression များကို အသုံးပြုထားသည်။ လွှမ်းမိုးသောဂီတာသမားများမှာ Kai Hansen, Gamma Rayမှ Kai Hansen, Helloween မှ Michael Weikath နှင့် Stratovarius မှ Timo Tolkki တို့ဖြစ်သည်။ တချို့ power metal တီးဝိုင်းများသည် ဘေ့စ်ပေါင်းစပ်ထားသည်မှာ rhythm ဂီတများမှ ထူးခြားသော Colorful pattern များဖြစ်သည်။ Helloween, Hibria နှင့် Symphony X အစရှိသဖြင့်ဖြစ်သည်။ Power metal ဒရမ်သမားများသည် bass drum နှစ်ခုနှင့်အတူ double bass pattern များဖြင့် တီးခတ်ကြသည်။ double bass pedal များကို sixteenth notes များ တီးခတ်ရန်အသုံးပြုကြသည်။ beat များတွင် snare drum များကို အလေးပေးထားသည်။ ဤပုံစံကို Helloween မှ Ingo Schwichtenberg အသုံးပြုထားသည်။ Blind Guardian နှင့် Iced Earth မှ drummer များသည် thrash metal style ၏ မြန်ဆန်သော double bass များကို တီးခတ်ထားသည်။ double kick နှင့်အတူ beat ၃ ခုမှ ၆အထိပါဝင်သည်။ Power metal တီးဝိုင်းများသည် သူတို့၏ ဂီတဆိုင်ရာ arrangement များတွင် keyboard ပေါင်းထည့်ထားသည်။ တချို့ power metal တီးဝိုင်းများသည် symphonic element များကို မှတ်တမ်းတင်ထားသည်။ သူတို့သည် full orchestra များဖြင့် တီးခတ်ထားပြီး keyboard သမားများဖြင့် အသုံးပြုထားသည်။

Power metal အမျိုးအစားများ[ပြင်ဆင်ရန်]

American power metal[ပြင်ဆင်ရန်]

Power metal သည် အမေရိကန်တွင် ၁၉၈၀ အစောပိုင်း၌ ထွက်ပေါ်လာခဲ့သည်။ traditional metal နှင့် New Wave of British Heavy Metal များ အဓိကလွှမ်းမိုးရေးဆွဲထားသည်။ US power metal သည် traditional heavy metal ထက်မြန်ဆန်၍ အားထုတ်ရသည်။ USPM သည် high-register operatic vocal ကို အသုံးပြုထားသည်။ ၈၀ နောက်ပိုင်းနှင့် ၉၀ အစောပိုင်းတွင် European power metal ကို ဂရုစိုက်ခဲ့သည်။ အစောပိုင်း progressive metal တီးဝိုင်းများမှာ Qeensryche နှင့် Fates Warning, The Warning (၁၉၈၉) နှင့် The Spectre Within (၁၉၈၅) တို့ဖြစ်ပြီး တီးဝိုင်းများသည် ဖွံဖြိုးတိုးတက်လာခဲ့သည်။ တီးဝိုင်းအနည်းစုသည် progressive နှင့် epic အစိတ်အပိုင်းများကို ပေါင်းစပ်ခဲ့သည်။ သိသာသော ဥပမာများမှာ Crimon Glory, Savatage, Sanctuary နှင့် Cirith Ungol ဖြစ်သည်။ US power metal သည် အတိတ်ဆယ်စုနှစ်မှပဲတင့်နေသော်လည်း ၉၀ အစောပိုင်းတွင် ကျော်ကြားမှု လျော့နည်းလာခဲ့သည်။

European power metal[ပြင်ဆင်ရန်]

European power metal သည် speed metal နှင့် NWOBHM တို့မှ စတင်ခဲ့သည်။ ၁၉၈၀အစောပိုင်းတွင် ပေါ်ထွက်လာခဲ့သည်။ အထူးသဖြင့် ဂျာမနီတွင် ဖြစ်သည်။ Helloween, Running Wild, Rage and Blind Guardian တို့ ဖြစ်သည်။ ထိုတီးဝိုင်းများသည် အမျိုးအစားကို တီထွင်ခဲ့သည်။ Helloween သည် Gamma Ray နောက်သို့ လိုက်ခဲ့ပြီး မြန်ဆန်သော palm muted speed metal riff များနှင့် high-pitched clean vocal များကို ရောစပ်ထားသည်။ Stratovarious သည် keyboard များကို အသုံးပြုခဲ့ပြီး melodic ဦးတည်ချက်ကို ဖွံဖြိုးတိုးတက်စေခဲ့သည်။ Blind Guardian သည် epic atmosphere ကို ဖန်တီးရန်အဆိုပညာနှင့် guitar overdubbing ကိုအသုံးပြုခဲ့သည်။ စာသားများသည် စိတ်ကူးယဉ်ဝတ္ထုရှည်နှင့် ဒဏ္ဍာရီများကို အခြေခံထားသည်။ power metal တီးဝိုင်းများဖြစ်သော Rhapsody of fire နှင့် Nightwish တီးဝိုင်းများတွင် Symphonic နှင့် neo-classical အစိတ်အပိုင်းများကို တွေ့ရသည်။ Hammerfall သည် traditional heavy metal သို့ power metal ကို နီးစပ်စေခဲ့သည်။ ဤအမျိုးအစားသည် ဥရောပတွင် ပျံနှံလာခဲ့သည်။ progressive နှင့် folk ဂီတကို မကြာခဏ ပေါင်းစပ်ခဲ့သည်။ အီတလီမှ Elvenking, ဆွီဒင်မှ Falconer နှင့် Denmark မှ Wuthering Heights တို့သည် folk ဂီတကြောင့် လွှမ်းမိုးလာခဲ့သည်။ Angra, Kamelot နှင့် Symphony X တို့သည် progressive နှင့် power ကို ပေါင်းစပ်ခဲ့သည်။ တချို့တီးဝိုင်းများသည် power metal နှင့် aggressive ဂီတဆိုင်ရာပုံစံကို ပေါင်းစပ်ခဲ့သည်။ Children of Bodomသည် powerနှင့် melodic death metal၏ အစိတ်အပိုင်းတွင် ပေါင်းစပ်ခဲ့သည်။ Helloween ၏ albumများဖြစ်သော Keeper of the Seven Keys, Part 1(၁၉၈၇) နှင့် part 2 (၁၉၈၈) များသည် ဥရောပ power metal album များဖြစ်သည်။ ၂၁ရာစု၏ ပထမဆုံးဆယ်စုနှစ်တွင် Dragon Force နှင့် Nightwish တို့သည် ပထမဆုံး power metal တီးဝိုင်းများဖြစ်ပြီး mainstream တွင် အောင်မြင်မှု ရရှိခဲ့သည်။