Traditional heavy metal

ဝီကီပီးဒီးယား မှ

Traditional heavy metal သည် classical metal ဟု သိကြပြီး ကွဲပြားသော style များနှင့် မျိုးခွဲများ ကွဲထွက်၍ တိုးတက်မပြောင်းလဲခင် heavy metal ၏ မျိုးခွဲတစ်မျိုးဖြစ်သည်။

ပညာရပ်ဝေါဟာရ[ပြင်ဆင်ရန်]

အတိုချုပ်အားဖြင့် ပထမဆုံးအားဖြင့် "heavy metal" ဟုလည်းခေါ်သည်။ သို့သော် Michka Assayas ၏ Dictionary of Rock တွင် heavy metal ကို တစ်ခါတစ်ရံမှာ ပုံစံအမျိုးမျိုးနှင့် တွေ့မြင်နိုင်သည်။ ၎င်းသည် seminal style သို့ ရည်ညွန်းစဉ်တွင် မူရင်းမဟုတ်သော မျိုးခွဲအတွက် ကြီးမားသော စကားရပ်တစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် traditional heavy metal (သို့) classic heavy metal ဟုခေါ်သည်။

Rob Halford က “Black Sabbath သည် heavy metal ကိုတီထွင်ခဲ့သည်မှာ သေချာပါတယ်။ ကျွန်တော်စာအုပ်တွေကို များများဖတ်ပြီးတော့ ဒီထက်ပို၍ ပို၍ လိုက်ရှာခဲ့ပါတယ်။ နိုင်းမြစ်ကို ရှာဖွေတွေ့ရှိသူ Dr.Livingstone လိုပါပဲ။ အသေချာဆုံး ဂီတသမားက Black Sabbath လို့ ကျွန်တော်ပြောနိုင်ပါတယ်။

ဂီတဆိုင်ရာဝိသေသလက္ခဏာများ[ပြင်ဆင်ရန်]

စာရေးဆရာ Paul Du Noyer, Garry Sharpe Young, Andrew Cope တို့က hard rock နှင့် heavy metal ကြားမှာပါပဲ။ ဒါပေမယ့် heavy metal သည် hard rock ၏ original blues အရင်းအမြစ်ကနေ ထွက်ခွာလာခဲ့တယ်လို့ သိရပါတယ်။ ဤအယူအဆအရ heavy metal ကို mid-to-fast – tempo riffများ၊ thumping basslineများ၊ crunchy riff များ၊ extended lead guitar soloများနှင့် high-pitched vocalများနှင့် anthemic choruse များနှင့် ထူးခြားချက်ကို ဖော်ပြသည်။ traditional heavy metal ၏ အသစ်ပြောင်းလဲခဲ့သော အယူအဆများမှာ Scorpion နှင့် Judas Priest တီးဝိုင်းတီထွင်ခဲ့သော double lead guitar အသုံးပြုခြင်းတို့ဖြစ်သည်။

စာသားဆိုင်ရာ အကြောင်းအရာများ[ပြင်ဆင်ရန်]

Traditional heavy metal တီးဝိုင်း black Sabbath နှင့် အခြားတီးဝိုင်းများသည် ခံစားချက် အပြည့်အဝနှင့် လှုံ့ဆော်ခဲ့သည်။ သူတို့သည် Sabbath ၏ ဒုတိယမြောက် album “Paranoid (၁၉၇၀) ကို ဥပမာအဖြစ်ယူခဲ့ကြသည်။ ၎င်းalbum တွင် ပုဂ္ဂိုလ်ရေးအကြောင်းကို ရေးသားထားသော “paranoid” နှင့် “Fairies Wear Boots” (ဆေးဝါးများသောက်သုံးခြင်း၏ မသတီစရာ ဘေးထွက်ဆိုးကျိုးများကို ဖော်ပြထားသည်) နှင့် ကျယ်ပြန့်သည့် ကိစ္စနေရာများကို ရင်ဆိုင်တွေ့ရှိရသည်။ ပကတိရှင်းနေသော War Pigs နှင့် Hand of Doom တို့ဖြစ်သည်။ nuclear သုတ်သင်ခြင်း အဖြစ်အပျက်နောက်ပိုင်း သီချင်းများဖြစ်သော Black Sabbath ၏ “Electric Funeral”, Iron Maiden ၏ “2 Minutes to Midnight” နှင့် Ozzy Osbourne ၏ “Killer of Giants” တို့သည် nuclear သုတ်သင်ခြင်းကို ဆိုလိုထားသော သီချင်းဖြစ်သည်။

Traditional heavy metal သီချင်းများသည် ထူးဆန်းသော၊ စိတ်ကူးညဏ် လှုံ့ဆော်သော စာသားများပါဝင်သည်။ Iron Maiden၏ သီချင်းများသည် သာဓကအားဖြင့် မကြာခဏဒဏ္ဍာရီ၊ စိတ်ကူးယဉ်ဝတ္ထုနှင့် ကဗျာစာပေတို့ဖြစ်သည်။ Iron Maiden ၏ Rime of the Ancient Mariner သည် Samuel Taylor Coleridge ၏ ကဗျာကို အခြေပြုထားသည်။ အခြားဥပမာတစ်ခုမှာ Black Sabbath ၏ The Wizard နှင့် Judas Priest ၏ Dreamer Deceiver တို့ ဖြစ်သည်။