Thrash metal

ဝီကီပီးဒီးယား မှ

Thrash metal သည် heavy metal ၏ပြင်းထန်သောမျိုးခွဲတစ်မျိုးဖြစ်ပြီး မြန်ဆန်သောအရှိန်နှုန်းနှင့် ကြမ်းတမ်းသောပုံစံများနှင့် ဖွဲ့စည်းထားသည်။ သီချင်းများသည် မြန်ဆန်သော percussive တီးလုံးများနှင့် နိမ့်သော ဂီတာ riff များ၊ ထပ်ဆင့်ထားသော shredding ပုံစံများနှင့် ဖွဲ့စည်းထားသည်။ စာသားများသည် မကြာခဏလူမူရေးပြဿနာများနှင့် အဖွဲ့အစည်းများသို့ အပြစ်ရှာခြင်းများဖြင့် ရောစပ် ထားပြီး ၎င်းသည် hardcore အမျိုးအစားဖြင့် ရောနှောထားသည်။ ၁၉၈၀အစောပိုင်းတွင် hardcore punk ဒရမ်တီးလုံးများနှင့် New Wave of British Heavy Metal ၏ဂီတာပုံစံများဖြင့် တိုးတက်လာသော အမျိုးအစားတစ်ရပ်ဖြစ်သည်။ thrash metal သည် သမားရိုးကျနှင့် ကျယ်ပြန့်၍ နှစ်လို့ဖွယ်ကောင်းသော glam metal ၏ တုံပြန်မှုအဖြစ် ပေါ်ထွက်လာခဲ့သည်။ thrash metal သည် နောက်ပိုင်းပြင်းထန်သော အမျိုးအစားများဖြစ်သော death metal နှင့် black metal များအတွက် စိတ်ကူးညဏ်ကွန့်မြူးခြင်းဖြစ်သည်။ အမေရိကန်တီးဝိုင်းများဖြစ်သော Anthrax, Megadeth, Metallica နှင့် Slayer တီးဝိုင်းများ သည် thrash အမျိုးအစားကို တီထွင်ခြင်းနှင့်အတူ မှတ်တမ်းတင်ခဲ့သည်။ ၁၉၉၀-၁၉၉၁ ခုနှစ် Clash of the titan tour တွင် thrash metal ကို အထွတ်အထိပ်သို့ ရောက်စေခဲ့သည်။ နောက်ပိုင်းဆယ်စုနှစ်တွင် တောက်လျှောက်တွင် လူကြိုက်များမှု ကျဆင်းလာခဲ့သည်။ thrash metal သည် မူလတီးဝိုင်း ဟောင်းများနှင့်အတူ မကြာသေးခင်ပြန်လည်၍ နိုးထလာခဲ့သည်။ thrash metal မျိုးဆက်သစ်တီးဝိုင်းများ ၂၀၀၀ ခုနှစ်အစောပိုင်းတွင် ပေါ်ထွက်လာခဲ့သည်။

ဝိသေသလက္ခဏာများ[ပြင်ဆင်ရန်]

Thrash metal ကို ယေဘုယျအားဖြင့် မြန်ဆန်သော အရှိန်နှုန်း၊ ရှုပ်ထွေးသော ဂီတာriffများ၊ မြင့်သောဂီတာ solo များ၊ double bass drum များဖြင့်ဖွဲ့စည်းထားသည်။ သည်ဂီတအမျိုးအစားသည် ၁၉၈၀အစောပိုင်းတွင် hardcore punk ၏ ဒရမ်တီးလုံးများနှင့် New Wave of British Heavy Metal ၏ဂီတာပုံစံများနှင့် ပေါင်းစပ်ရာမှ ပေါ်ထွက်လာခဲ့သည်။ rhythm ဂီတအပိုင်းများမှာ တင်းကျပ်၍ အသေးစိတ်တိကျသော အသံများဖန်တီးရန် မကြာခဏ palm-muted နှင့် heavy distortion များကို တီးခတ်ကြသည်။ thrash metal ၏အဆိုပုံစံမှာ ကျယ်လောင်စွာ သီဆိုကြသည်။ ဂီတ solo များမှာ မြင့်မားသောအရှိန်နှင့် ထူးခြားမှုမှာ shredding ဖြစ်ပြီး အသုံးပြုသည့် နည်းပညာများမှာ sweep picking, legato phrasing, alternate picking, tremolo picking, string skipping နှင့် two-hand tapping တို့ဖြစ်သည်။ ဂီတာriff များမှာ သမားရိုးကျ single scale ကို အခြေခံမည်အစား chromatic scales နှင့် triton ကို အသားပေး၍ interval ကို လျော့နည်းစေသည်။ ဥပမာအားဖြင့် Metallica၏ “Master of Puppets” ၏ intro riff ဖြစ်သည်။ ၎င်းသည် tritone chromatic တက်သွားခြင်းကို အခြေခံထားသည်။ Thrash သည် လျင်မြန်သောအရှိန်နှုန်းနှင့် ကြီးမားသော အစိတ်အပိုင်းသည် ဆူညံသောဒရမ်ပုံစံမျိုးဖြစ်သည်။ ဥပမာအားဖြင့် ဒရမ်သမားများသည် two bass drum သို့ double-bass pedal များကို အသုံးပြုခြင်းဖြစ်သည်။ Cymbal stop/chokes တေးဂီတ၏အရှိန်နှုန်းမြင့်ရန် riff တစ်ခုနှင့်တစ်ခုအကူးအပြောင်းတွင် မကြာခဏအသုံးပြုသည်။ အမျိုးအစား၏လက္ခဏာများမှာ မြန်ဆန်သောဂီတာ Riff များနှင့် ပေါက်ကွဲသော picking style နှင့်မြန်သော ဂီတာ solo များနှင့် ကျယ်ပြန့်သော two bass drum များကို သမားရိုးကျ အသုံးပြုခြင်းများကို ဆန့်ကျင်ပြီး အသုံးပြုကြသည်။ ဘေ့စ်ဂီတာသမားများသည် plectrumများကို အသုံးပြုကြသည်။ မည်သို့ပင်ဆိုစေ တချို့ထင် ရှားသော ဘေ့စ်သမားများသည် Frank Bello, Greg Christian, Steve DiGiorgio, Robert Trujillo နှင့် Cliff Burton ဂီတသမားများကဲ့သို့တီးခတ်ကြသည်။ အချို့ဂီတသမားများသည် distorted bass tone အသုံးပြုလာကြသည်။ thrash metal စာသားများမှာ အကျင့်ပျက်မှု၊ မတရားမှု၊ လူသတ်မှု၊ မိမိကိုယ့်ကိုသတ်သေမှု၊ အထီးကျန်မှု၊ မူးယစ်ဆေးစွဲနေမှုနှင့် သီးခြားလူမှုရေးများကို အကြောင်းတို့ဖြစ် သည်။ နောက်ပိုင်းတွင် thrash metal တီးဝိုင်းများကြားထဲတွင် တစ်ဦးလိုက်အဆိုးမြင်ဝါဒနှင့် မကျေမနပ်ဖြစ်ခြင်းများကို နိုင်ငံရေးဆီသို့ ဦးတည်လာခဲ့သည်။