Neoclassical metal

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Neoclassical metal သည် heavy metal ၏ မျိုးခွဲတစ်မျိုးဖြစ်ပြီး classical music မှလွှမ်းမိုးခဲ့သည်။ technical playing ဖြင့် ထူးခြားသည်။ classical နှင့် heavy metal ဂီတမှ အစိတ်အပိုင်းများ ပါဝင်သည်။ Deep Purple တီးဝိုင်းမှ ဂီတာသမားနှင့် သီချင်းရေးဆရာ Ritchie Blackmore သည် classical melody များနှင့် blue rock ကို ပေါင်းစပ်ခဲ့ပြီး မျိုးခွဲကို တီထွင်ခဲ့သည်။ နောက်ပိုင်းတွင် Yngwie Malmsteen သည် မျိုးခွဲအတွက် အရေးပါသော ဂီတသမားတစ်ဦး ဖြစ်လာခဲ့သည်။ ၁၉၈၀ တွင် ပုံစံဖွံ့ဖြိုးတိုးတက်မှုအတွက် ပါဝင်ကူညီပေးခဲ့သည်။ အခြားအရေးပါသောသူများမှာ Jason Becker, Tony MacAlpine, Vinne Moore နှင့် Timo Tolkki တို့ဖြစ်သည်။

အဓိပ္ပာယ်ရှင်းလင်းဖော်ပြ သတ်မှတ်ခြင်း[ပြင်ဆင်ရန်]

neoclassical metal သည် classical ဂီတမှ စိတ်ကူးစိတ်သန်းများကို ယူထားသည်။ classical music tradition မှ ကွဲပြားသော အယူအဆဖြစ်သည်။ neoclassical ဂီတသည် ဂီတဆိုင်ရာ ခေတ်မီအတွေးအခေါ်များကို ရည်ညွန်းပါသည်။ ၎င်းသည် ဂန္ထဝင်ကာလအပိုင်းအခြားဆုံးပြီးနောက် ဒုတိယကမ္ဘာစစ်ကြားနှစ်ခုမှ နှစ်များအတောအတွင်းတွင်ထိပ်သို့ ရောက်ခဲ့သည်။

အခြားတစ်ဖက်တွင် neoclassical metal ဂီတသည် classical အလှရသစိတ်ကူးဆီသို့ ပြန်လည်ရောက်ရှိချိန်မကန့်သတ်ထားပါဘူး။ ၎င်း ၁၇ ရာစုနှင့် ၁၈ ရာစုဝက်၏ Romantic musical period နှင့် Baroque အပိုင်းအခြားတို့ ပါဝင်လွှမ်းမိုးခဲ့သည်။ ဂီတနောက်ပိုင်း၏ Baroque တေးရေးဆရာများမှာ Vivald, Handel နှင့် Bach တို့ဖြစ်သည်။ neoclassical metal ဂီတပညာရှင်များမှာ Yngwie J. Malmsteen နှင့် Joshua Perahia တို့ဖြစ်ပြီး Baroque ဂီတ၏ရှုထောင့်မှ လှုံဆော်လာခဲ့ကြသည်။ နောက်ပိုင်းတေးရေးဆရာများမှာ တယောသမား Niccolo Paganin ဖြစ်သည်။ Neoclassical metal ဂီတသည် classical ဂီတအသွင်ဖြစ်ပြီး general public ဖြင့်ကျယ်ပြန့်စွာ နားလည်လာခဲ့သည်။

အမျိုးအစား၏ သမိုင်းကြောင်းနှင့် လွှမ်းမိုးမှုများ[ပြင်ဆင်ရန်]

၁၉၆၀ နှင့် ၁၉၇၀ တွင် ဤမျိုးခွဲနှင့် ပတ်သက်၍ အလုပ်များစွာ လွှမ်းမိုးခဲ့သည်။ Deep Purple ၏ Concerto for Group and Orchestra သည် အရေးပါဆုံးတစ်ခုဖြစ်သည်။ အခြားတီးဝိုင်းဖြစ်သော Rainbow သည်လည်း neoclassical လွှမ်းမိုးမှုဖြင့် ထူးခြားသည်။ hard rock နှင့် heavy metal နှင့်အတူ classical လွှမ်းမိုးမှုမှာ အထူးသဖြင့် Ritchie Blackmore, Uli Jon Roth နှင့် Randy Rhoods တို့၏ တီးခတ်မှုတွင် တွေ့နိုင်သည်။ သို့သော် ၎င်းသည် ၁၉၈၀ ဖြစ်ပြီး neoclassical metal မျိုးခွဲအဖြစ် ကွဲပြားနေပြီဖြစ်သည်။ heavy metal guitar technique လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ၁၉၆၀နောက်ပိုင်းတွင် စတင်၍ ၁၉၈၀နောက်ပိုင်းတွင် အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ သို့သော် ၁၉၈၀ မတိုင်မီ metal ဂီတာသမားအချို့သည် ဆန်းသစ်၍ နည်းပညာအရည်အချင်းပြည့်ဝစွာ ပြသခဲ့သည်။ ၎င်းသည် neoclassical metal ပုံစံ၏ အရည်အချင်းကောင်း ထင်ရှားစေသည့် ထူးခြားချက်ဖြစ်သည်။ neoclassical metal ၏ကျော်ကြားမှုနှင့် ဖြစ်ထွန်းမှုမှာ shredding ဂီတာလှုပ်ရှားမှုသို့ နီးကပ်စွာ ဆက်စပ်နေသည်။ neoclassical metal ၏ ရွှေခေတ်မှာ ၁၉၈၀ နောက်ပိုင်းဖြစ်သည်။ အရေးပါသော albumမှာ Mike Varney၏ Shrapnel Records label ဖြစ်သည်။ ဆွီဒင် ဂီတသမား Yngwie Malmsteen ကို မှုလတီထွင်သူအဖြစ် ယူဆကြသည်။ ၁၉၈၂တွင် Shrapnel Record ဖြင့် အမေရိကန်ပြည်ထောင်စုသို့ ယူဆောင်ခဲ့သည်။

နောက်ပိုင်း Shrapnel အနုပညာရှင်များမှာ Tony Macalpine, Vinnie Moore, Joey Tafolla, Paul Gilbert, David-T, Chastain, Jason Becker နှင့် Marty Friedman တို့ဖြစ်ပြီး ၁၉၈၀ နောက်ပိုင်းတွင် ပေါင်းစီး၍ ပေါ်ထွက်လာခဲ့သည်။

မကြာသေးခင်နှစ်များတွင် neoclassical metal ၏ အသိအမှတ်ပြုခြင်းသည် underground မှ ဂီတာသမားများဆီသို့ ကန့်သတ်ထားသည်။ ယနေ့ခေတ်တွင် တီးဝိုင်းများစွာရှိပြီး အတိတ်က solo ဂီတသမားကို ဆန့်ကျင်အားဖြင့် ကူညီထောက်ပံ့ပေးကြသည်။ ယနေ့အရေးပါသော neoclassical metal ဖျော်ဖြေတင်ဆက်သူများမှာ Vitalij Kuprij, Trans-Siberian Orchestra, Herman Li, Cacophony, Symphony X, Mekong Delta, Rata Blanca, Narnia, Rhapsody of fire, Time Requiem, At Vance, Galneryus, Mastercastle, Versailles, Sound Horizon, Necrophagist, Heavenly, Magic Kingdom, Concerto Moon, Fleshgod, Apocalypse, Pier Gonella, Adagio, Dark Moor, Warmen, Ayreon, Artension နှင့် Obscura တို့ဖြစ်သည်။ မကြာသေးမီက mainstream metal နှင့်အတူ ရုတ်တရက်ပေါက်ထွက်ခဲ့သော တီးဝိုင်းများမှာ Children of Bodom, Protest the Hero နှင့် Human Abstract တို့ဖြစ်သည်။