Avant-garde metal

ဝီကီပီးဒီးယား မှ

Avant-garde Metal သည် avant-metal (သို့) experimental metal ဟုလည်းသိကြပြီး heavy metal ၏ မျိုးခွဲတစ်မျိုးဖြစ်သည်။ non-standard နှင့် unconventional sound များ၊ တူရိယာများ၊ သီချင်းတည်ဆောက်ပုံများ၊ တီးခတ်သည့် ပုံစံများနှင့် vocal နည်းပညာများ ပါဝင်သည်။ progressive rock နှင့် extreme metal တို့မှ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာသည်။ အမေရိကန်ပြည်ထောင်စုမှ လော့စ်အိန်ဂျယ်လိစ်မြို့၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ ဘော့စတွန်မြို့နှင့် ဆီအက်တယ်မြို့နော်ဝေနိုင်ငံမှ အော့စလိုမြို့၊ နှင့် ဂျပန်နိုင်ငံမှ တိုကျိုမြို့ ဖြစ်ရပ်များကို တွေ့နိုင်သည်။

ဝိသေသလက္ခဏာများ[ပြင်ဆင်ရန်]

Avant-garde Metal သည် အဓိပ္ပာယ်သတ်မှတ် ဖော်ပြရန် ခက်ခဲသော အမျိုးအစားဖြစ်သည်။ avant-garde metal သည် သီးခြားသတ်မှတ်ထားသော atmospheric metal သို့ post-metal အတွက် မကြာခဏသုံးကြပြီး post-rock မှ ကိုးကားထားခြင်းဖြစ်သည်။ avant-garde metal သည် progressive metal နှင့် ဆက်နွယ်နေသည်။ သို့သော် avant-garde metal သည် မကြာခဏ စမ်းသပ်လေ့လာပြီးသားဖြစ်သည်။ avant-garde metal သည် သမားရိုးကျ မဟုတ်သောအသံများ၊ ချိုးဖောက်ထားသော ဓလေ့ထုံးတမ်းများနှင့် အစိတ်အပိုင်းအသစ်များပါဝင်သည်။ Mean Deviation စာအုပ်မှ Jeff Wagner အဆိုအရ avant-garde metal တီးဝိုင်းများသည် electronic percussion နှင့် drum machine များကို ကျယ်ပြန့်စွာ အသုံးပြုထားသည်ဟု ဆိုသည်။ အမျိုးသမီးသီဆိုသံများနှင့် ပြဇတ်နှင့် ဆိုင်သော အစိတ်အပိုင်းများပါဝင်ပြီး Celtic frost တီးဝိုင်းတွင် လွှမ်းမိုးခဲ့သည်ကိုလည်း တွေ့ရသည်။ ကနေဒါ တီးဝိုင်း Voivod သည် ဤအမျိုးအစားထဲရှိ အနာဂတ်တီးဝိုင်းများတွင် လွှမ်းမိုးခဲ့သည်ကို တွေ့ရှိရသည်။ တီထွင်ခဲ့သော နည်းပညာများမှာ robotic vocal effect များ၊ သမားရိုးကျမဟုတ်သော time signature များနှင့် fractured, dissonant, unorthodox guitar သံများဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Ian Christe အဆိုအရ avant-garde metal သည် တင်းကျပ်သောတည်ဆောက်ပုံများကို စွန့်လွတ်ပြီး အသစ်ရှာဖွေတွေ့ရှိသောအစိတ်အပိုင်းများမှ ထုတ်နှုတ်ပြီး စမ်းသပ်လေ့လာသကဲ့သို့ death metal မှ ပေါ်ပေါက်လာခဲ့သည်။ Progressive rock သည်လည်း ကိုးကားလွှမ်းမိုးခဲ့သည်။ အစောပိုင်းဥပမာများမှာ King Crimson ၏ ၁၉၇၃ခုနှစ်မှ Lark’s Tongues in Aspic နှင့် Red (၁၉၇၄) album အသီးသီးဖြစ်သည်။ အခြားဥပမာတစ်ခုမှာ Led Zeppelin ၏ Presence (၁၉၇၄) album ဖြစ်သည်။ Avant-garde metal တီထွင်သူများတွင် Celtic Frost, Boris, Earth, Helmet, Mayhem, maudlia of the Well, Neurosis, Sonn O))), Mr.Bungle နှင့် Voivod တို့ဖြစ်သည်။

Norway avant-great metal ကို ထောက်ခံသကဲ့သို့ ၁၉၉၀ နောက်ပိုင်းတွင် Misan thropy Records ပေါက်ထွက်လာခဲ့သည်။ Jeff Wagner အဆိုအရ ၁၉၉၀ နောက်ပိုင်းနှင့် ၂၀၀၀ အစောပိုင်းတွင် “new wave of avant-garde metal ကို The End Records မှဦးဆောင်ခဲ့သည်။ Wagner က ထောက်ပံခြင်းအားဖြင့် (Misanthropy နှင့် End Records ) ဖြင့် metal ၏ avant-garde ပေါ်ထွက်လာခဲ့သည်။ avant-garde metal ကို ထောက်ကူအားပေးခဲ့သည့် record label များမှာ Aurora Borealis, The Flenser, Holy records, Hydra Head Records, Ipecac Recordings, Naplm Records, the Release Entertainment print of Relapse Record, Seventh Rule Recording နှင့် Southern Lord Records များဖြစ်သည်။ United States တွင် avant-garde metal ဖြစ်ရပ်များပါဝင်ခဲ့သော တီးဝိုင်းများမှာ San Francisco Bay Area မှ Giant Squid, Grayceon, Ludicra နှင့် Boston မှ Isis, Kayo Dot တီးဝိုင်းများနှင့် Seattle မှ maudlin of the Well တီးဝိုင်းတို့ဖြစ်သည်။ New York Times (Newspaper)တွင် ဖော်ပြထားသော ၁၉၉၀ အလယ်တွင် ဖွံ့ဖြိုးတိုးတက်ခဲ့သော ဒေသအလိုက်ဖြစ်ရပ်များတွင် တိုကျို၊ လော့စ်အိန်ဂျယ်လိစ် နှင့် အော့စလို တို့ပါဝင်သည်။