Gothic metal

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Gothic metal (သို့မဟုတ် goth metal) သည် heavy metal နှင့် gothic rock တို့၏ မျိုးခွဲတစ်မျိုးဖြစ်ပြီး dom metal (သို့) death-doom တို့ လေးလံသိပ်သည်းမှုနှင့် gothic rock ၏ dark atmospheres တို့ဖြင့် ပေါင်းစပ်ထားသည်။ gothic metal ဂီတသည် ကွဲပြားသော heavy metal ဂီတဆီသို့ gothic မွေးစား၍ ချဉ်းကပ်လာသည့် တီးဝိုင်းများနှင့်အတူ အမျိုးမျိုးကွဲပြားခြားနားသည်။ ဤအမျိုးအစားသည် ၁၉၉၀ အစောပိုင်းအတောအတွင်းတွင် ဥရောပတွင် death-doom ကြီးလွန်းသည့် မူရင်းဇစ်မြစ်ဖြစ်ပြီး Death metal နှင့် doom metal တို့နှင့် ပေါင်းစပ်ခြင်းဖြစ်သည်။ စာသားများသည် အမှောင်လောကဖြစ်ပြီး ကြေကွဲစရာကောင်းသော ဇာတ်လမ်းမှ စိတ်ကူးညဏ်ကွန့်မြူးမှု ပြန်လည်ဆန်းစစ်ခြင်းနှင့် ပုဂ္ဂိုလ်ရေးအတွေ့အကြုံများကို ရေးဖွဲ့ထားသည်။

gothic metal တီထွင်သူများမှာ Paradise Lost, My Dying Brideနှင့် Anathema တို့ဖြစ်ပြီး အားလုံးသည် အင်္ဂလန်မြောက်ပိုင်းမှဖြစ်ကြသည်။ အခြားတီထွင်သူများမှာ ၁၉၉၀ နှစ်ဝက်တွင် ပေါ်ထွက်လာခဲ့ပြီး Type O Negative ဖြစ်ပြီး အမေရိကန်မှ ဖြစ်သည်။ ဆွီဒင်မှ Tiamat နှင့် နယ်သာလန်မှ The Gathering တို့ဖြစ်သည်။ နော်ဝေးမှတီးဝိုင်း Theatre of Tragedy သည် ရသပြည့်ဝသော aggressive male vocal နှင့် clean female vocal တို့ပေါင်းစပ်ထားသော “beauty and the beast” ကို တည်ဆောက်ခဲ့သည်။ gothic metal အုပ်စုများအနက်သိသာကွဲပြားသည်။ ၁၉၉၀ အတောအတွင်းတွင် Moonspell,Theatres des Vampires နှင့် Cradle of filth တို့သည် gothic ကို black metal ဆီသို့ယူဆောင်ခဲ့သည်။ ဆယ်စုနှစ်အကုန်တွင် Tristania နှင့် Within Temptation တို့တည်ဆောက်ခဲ့သော gothic metal ၏ အခြားပုံစံများနှင့် မတူသောပုံစံ symphonic metal ပေါ်ထွက်လာခဲ့သည်။

၂၁ရာစုအကုန်တွင် gothic metal ကိုဥရောပက mainstream သို့ ယူဆောင်လာခဲ့သည်။ တစ်ဦးချင်းအလိုက် ဖင်လန်မှ အုပ်စုများဖြစ်သော Entwine, HIM, Lullacry နှင့် Poisonblack တို့သည် single hit နှင့် chart-topping albums တို့ဖြစ်လာခဲ့သည်။ US တွင် တီးဝိုင်းအနည်းစုဖြစ်သော Type O Negative, Lacuna Coil, Evanescence နှင့် Cradle Filth တို့သည် စီးပွားရေးအရ အောင်မြင်မှုရရှိခဲ့သည်။

ဝိသေသလက္ခဏာများ[ပြင်ဆင်ရန်]

ဂီတ[ပြင်ဆင်ရန်]

gothic metal ၏ ထူးခြားချက်မှာ သူ၏ dark atmosphere ဖြစ်သည်။ Allmusic (All Music Guide (သို့) AMG) က ဤအမျိုးအစားကို goth rock ၏ အေးစက်စက်နိုင်သော Loud guitar နှင့် heavy metal ၏ aggression တို့ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

gothic metal သည် တီးဝိုင်းများနှင့်အတူ အမျိုးကွဲပြားပြီ ရှေးရှုရာလမ်းကြောင်း ကွဲပြားသည်။ doom metal background မှ အစောပိုင်းတီထွင်သူများမှာ Anathema, Paradise Lost နှင့် My Dying Bridge တို့ဖြစ်သည်။ နောက်ပိုင်းတီးဝိုင်းများဖြစ်သည့် Graveworm, Drastique တို့တွေ့ရှိချိန်တွင် black metal အုပ်စုများဖြစ်သည့် Cradle of Filth, Theatres des Vampire နှင့် အစောပိုင်းတွင် Moonspell တို့ချဉ်းကပ်လာသည်။ Epica, Sirenia နှင့် After Forever အုပ်စုတို့တွေ့ရှိချိန်တွင် symphonic metal အုပ်စုဖြစ်သည့် Tristania နှင့် Within Temptation တို့ချဉ်းကပ်လာသည်။ အခြားအပြောင်းအလဲမှာ death metal တီးဝိုင်းဖြစ်သည့် Trail of Tears, folk metal တီးဝိုင်းဖြစ်သည့် Midnattsol, industrial metal တီးဝိုင်းဖြစ်သည့် Deathstars, Gothminister နှင့် Neon Synthesis နှင့် alternative metal တီးဝိုင်းဖြစ်သည့် Katatonia, Lacuna Coil နှင့် Evanescence တို့ဖြစ်သည်။

အဆို[ပြင်ဆင်ရန်]

အမျိုးကွဲပြားသော အဆိုပုံစံများ gothic metal ထဲတွင် ရှိသည်။ ယောက်ျားလေးအဆိုတော်များသည် လည်ချောင်းသံများဖြင့် ကျယ်လောင်စွာ သီဆိုကြသည်။ gothic metal သည် အခြား heavy metal ၏ မျိုးခွဲများထက် အမျိုးသမီး အဆိုတော်များကြသည်။ ဤအမျိုးအစားသည် heavy metal ဂီတ၏ မျိုးခွဲများထက် အမျိုးသမီးဝါသနာအိုးများကို ပို၍ ဆွဲဆောင်သည်။

စာသားများ[ပြင်ဆင်ရန်]

gothic metal ၏ စာသားများသည် ဇာတ်ဆန်သည်၊ စိတ်ကူးညဏ်ယဉ် ဆန်သည်။ စိတ်ဓာတ်ကျသည့် အကြောင်းအရာများဖြစ်သည်။ My Dying Bride သည် သစ္စာမဲ့မှုနှင့် ဒုက္ခများကို ဂရုပြုထားကြောင်းတွေ့နိုင်သည်။ စာသားများမှ မိမိကိုယ်ကိုသတ်သေမှုနှင့် ဘဝအဓိပ္ပာယ်မဲ့မှုများကို Anathema တီးဝိုင်းတွေ့နိုင်သည်။

gothic fiction သည် horror နှင့် romance ကို ရောစပ်ထားသည်။ gothic metal တီးဝိုင်းများဖြစ်သော Cadaveria, Cradle of filth, Moonspell, Theatres des Vampires နှင့် Xandria တို့တွင် တွေ့နိုင်သည်။ Allmusic မှ ဝေဖန်ရေးဆရာ Eduardo Rivadavia က dramaနှင့် ဝမ်းနည်းကြေကွဲဖွယ်အလှအပသည် အမျိုးအစားအတွက် လိုအပ်သော အစိတ်အပိုင်းအဖြစ် ဖော်ထုတ်ခဲ့သည်။ My Dying Bride သည် သေခြင်းနှင့် ဆင်းရဲဒုက္ခနှင့် အချစ်ဆုံးရှုံးခြင်းနှင့် အချစ်နှင့် romance တို့သည် ကွဲပြားသော ရှုထောင့်မှ ထပ်တလဲလဲနီးကပ်လာသည်။

Gothic metal တီးဝိုင်းများဖြစ်သော Anathema, Elis, Tiamat, Midnattso နှင့် The Old Dead Tree တို့၏ထူးခြားချက်မှာ ကိုယ်တွေ့အတွေ့အကြုံကို အခြေခံထားသည့် စာသားများကိုရေးသားထားသည်။