Deathcore

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Deathcore သည် extreme metal ၏ မျိုးခွဲတစ်မျိုးတစ်ဖြစ်ပြီး death metal, metalcore နှင့် hardcore punk တို့၏ ဝိသေသလက္ခဏများဖြင့် ပေါင်းစပ်ထားသည်။ death metal ၏ riff များ၊ blast beat များနှင့် metalcore ၏ breakdowns တို့ဖြင့် ဖော်ပြကြသည်။ deathcore သည် အမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်းဒေသ၌ ထင်ရှားခဲ့သည်။ (အထူးသဖြင့် အရီဇိုးနားပြည်နယ်၊ တောင်ပိုင်းကယ်လီဖိုးနီးယား (အထူးသဖြင့် Couchellva Valley) ) အမှတ်ရစရာ တီးဝိုင်းများနှင့် ကွဲပြားသော ပွဲတော်များ၏ နေရာဌာနီဖြစ်သည်။

Musicianship[ပြင်ဆင်ရန်]

Deathcore နှင့်အတူ death metal ၏ လက္ခဏာများမှာ fast drumming (blast beat များပါဝင်သည်။) down-tuned guitar များ၊ tremolo picking နှင့် ဟိန်းဟောက်သံများကို စူးရှသော အသံများနှင့် ပေါင်းစပ်ထားသည် vocal ပုံစံမျိုးဖြစ်သည်။ အခြား extreme metal ၏ မျိုးခွဲများကဲ့သို့ deathcore guitar သမားများသည် down-tune guitar များဖြင့် ကြီးမားလေးလံသော အသံများကို ဖန်တီးကြသည်။ guitar solo များကို သုံးကြသည်။

Vocals[ပြင်ဆင်ရန်]

ညင်သာသော ဟိန်းသံများနှင့် စူးရှသံများဖြင့် အဓိက အသံထွက်စေသည်။ deathcore အဆိုရှင်များသည် pig squeals technique များကို သုံးထားသည်။ မည်သို့ပင်ဆိုစေ deathcore တီးဝိုင်းများတိုးတက်လာသကဲ့သို့ pig squeals အသုံးပြုခြင်းကို စွန့်ပစ်ရန်ပုံပေါ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Deathcore ဟူသော ဝေါဟာရသည် ၁၉၉၀ အလယ်မှ စတင်ခဲ့သည်။ Antagony နှင့် Despised Icon သည် deathcore တီထွင်သူများအဖြစ်ယူဆကြသည်။ Decibel magazine သည် death metal တီးဝိုင်းတစ်ခုဖြစ်သည့် Suffocation တီးဝိုင်းအကြောင်းရေးသားထားသည်မှာ Suffocation သည် deathcore ပေါက်ဖွားရာ တံဆိပ်တစ်ခုဖြစ် သည်ဟု ဆိုသည်။

Deathcore သည် ၂၀၀၀နောက်ပိုင်းတွင် (အထူးသဖြင့် ၂၀၀၆နှင့် ၂၀၀၇)တွင် လူကြိုက်များမှု လျော့နည်းလာသည်။ အမှတ်ရစရာကောင်းသောတီးဝိုင်းများမှာ Bring Me the Horizon နှင့် Suicide Silence တို့ဖြစ်သည်။ Suicide Silence ၏ No Time to Bleed သည် Billboard 200 တွင် နံပါတ် ၃၂၊ Rock Albumd Chart တွင် နံပါတ် ၁၂၊ Hard Rock Albums Chart တွင် နံပါတ် ၆ နေရာသို့ ရောက်ရှိခဲ့သည်။ သူတို့၏ “The Black Crown” album သည် Billboard 200 တွင် နံပါတ် ၂၈၊ Rock Albums Chart တွင် နံပါတ် ၇ နှင့် Hard Rock Albums Chart တွင် နံပါတ်၃ နေရာသို့ ရောက်ရှိခဲ့သည်။ ပြီးနောက် Whitechapel ၏ “This is Exile” album အချပ်ရေ ၅၉၀၀ကျော်ရောင်းချခဲ့ပြီး Billboard 200 chart တွင် ၁၁၈ နေရာသို့ ရောက်ရှိခဲ့သည်။ သူတို့၏ self-title album သည် Canadian Albums Chart တွင် နံပါတ် ၆၅ နေရာနှင့် Billboard 200 တွင် နံပါတ် ၄၇သို့ ရောက်ရှိခဲ့သည်။ သူတို့၏ “A New Era of Corruption’’ album အချပ်ရေ ၁၀၆၀၀၀ ကို အမေရိကန်ပြည်ထောင်စုတွင် ရောင်းချနိုင်ခဲ့ပြီး ဖြန့်ချိပြီး ပထမအပတ်အတွင်းတွင် Billboard 200 chart တွင် နံပါတ် ၄၃ နေရာသို့ ရောက်ရှိခဲ့သည်။ British deathcore တီးဝိုင်း Bring Me the Horizon သည် သူတို့၏ “Count Your Blessings” album ထွက်ပြီးနောက် Best British Newcomer အတွက် 2006 Kerrang! Awards ရရှိခဲ့သည်။ မည်သို့ပင်ဆိုစေ Bring Me Horizon သည် သူတို့၏ album ထွက်ပြီးနောက် deathcore အမျိုးအစားကို စွန့်လွှတ်ခဲ့သည်။ San Diego မှ Carnifex တီးဝိုင်းသည် သူတို့၏ Dead in My Arms နှင့်အတူ အောင်မြင်မှုရရှိခဲ့သည်။ အချပ်ရေ ၅၀၀၀ရောင်းချခဲ့သည်။ သူတို့၏ non-stop touring နှင့် methodical songwriting ကြောင့် Victory Records တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

Deathcore တီးဝိုင်းများသည် အခြားအမျိုးအစားများနှင့် စမ်းသပ်လေ့လာဖန်တီးခဲ့သည်။ Fallujah တီးဝိုင်း deathcore နှင့် blackmetal အသီးသီးလွှမ်းမိုးခဲ့သည်။ Emmure တီးဝိုင်းသည် nu metal ကြီးမားစွာလွှမ်းမိုးခဲ့ပြီး Limp Bizkit အသစ်ဟုလည်း ဖော်ပြကြသည်။

ဝေဖန်ခံရခြင်းများ[ပြင်ဆင်ရန်]

Deathcore သည် ဝေဖန်ရေးသမားများ၏ အထင်သေးခြင်းကို ခံရသည်။ The Acacia Strain မှ Vincent Bennett နှင့် interview တွင် Deathcore နှင့် ပတ်သက်၍ “Deathcore ဟာ nu metal အသစ်ပါပဲ’’ ဟုပြောကြခဲ့သည်။

Through the Eyes of the Dead မှ Justin Longshore နှင့် interview deathcore နှင့် ပတ်သက်၍ “ကျွန်တော်တို့ဟာ တံဆိပ်ကပ်ပြီးပါပြီ။ death metal နှင့် hardcore ရောနှောထားတာထက် ပိုပြီးတော့ ကျွန်တော်တို့ ဂီတမှ ရှိပါတယ်။

အဆိုရှင် Bryce Lucien နှင့် အင်တာဗျူးတွင် Lucien က “၂၀၀၀အလယ်တွင် metalcore တိုးတက်လာသကဲ့သို့ deathcore တီးဝိုင်းများလျော့နည်းလာပါတယ်။ heavy တီးဝိုင်းများဖြစ်သော Ion Dissonance နှင့် The Red Chord တွင် တို့က ကျွန်တော်တို့ တီးဝိုင်းသည် deathcore ဟုရည်ညွှန်းပါတယ်။ ကျွန်တော်တို့လွှမ်းမိုးမှုကို ကျွန်တော် သိပါတယ်။ Deathcore တီးဝိုင်း Carnifex မှ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ တီးဝိုင်းမဟုတ်ပါဘူး။ တီးဝိုင်းတွေအများကြီးကြိုးစားနေတာ ကျွန်တော်သိပါတယ်။ သူတို့မှာ ဒါနဲ့ပတ်သက်ပြီး ပြဿနာရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ဂီတကို နားထောင်ရင် သူတို့ဟာ deathcore ဆိုတာ သိနိုင်ပါတယ်။