Nu metal

ဝီကီပီးဒီးယား မှ

Nu Metal (new metal, neo-metal, nu metal,or aggro-metal ဟုလည်းသိကြသည်။) သည် alternative metal ၏ မျိုးခွဲတစ်မျိုးဖြစ်ပြီး heavy metal ဂီတ၏ အခြေခံသဘောတရားများနှင့် ပေါင်းစပ်ထားသည်။ အမျိုးအစားအဆင့်ဆင့်မှာ အထူးသဖြင့် hip hop, funk နှင့် grunge တို့ ဖြစ်သည်။

nu metal နှင့် ဆက်နွယ်သော တီးဝိုင်းများ၌ အမျိုးပြားထွေပြားသော ပုံစံများမှ အရှိန်အဝါဖြင့် လွှမ်းမိုးနိုင်ခဲ့ပြီး heavy metal ၏ အဆင့်ဆင့်မျိုးခွဲများ ပါဝင်သည်။ nu metal ဂီတသည် အဓိကအားဖြင့် syncopated နှင့် guitar riffs များတွင် မှုတည်သော်လည်း guitar solo များမှာ ရှားပါးသည်။ nu metal တီးဝိုင်းအများစုမှာ seven-string guitar များနှင့်အတူ low “B” ကို လေးလံကြီးမားသော အသံများ ဖန်တီးရာတွင် အသုံးပြုသည်။ DJ များမှာ တစ်ခါတစ်ရံမှာ စည်းကျကျ scratching and electronic background များတွင် သုံးလေ့ရှိသည်။ nu metal vocal ပုံစံများမှာ rapping, screaming နှင့် growing တို့ကြားတွင် စီစဉ်ထားသည်။

၁၉၉၇ တွင် nu metal သည် စတင်၍ လူကြိုက်များခဲ့သည်။ ၁၉၉၈ တွင် ယေဘုယျအားဖြင့် mainstream သို့စံချိန်ချိုးခဲ့သည်ဟု လက်ခံအသိအမှတ်ပြုခဲ့သည်။ ၁၉၉၀ နောက်ပိုင်းတွင် အချို့တီးဝိုင်းများသည် nu metal ကို အခြားအမျိုးအစားများနှင့် ပူးပေါင်းထားသည်။ (eg. industrial metal) ၂၀၀၂ ထဲတွင် ဝေဖန်ရေးသမားများက nu metal သည် mainstream တွင် လူကြိုက်များမှု ကျဆင်းလာခဲ့သည်ဟု ဆိုသည်။ သို့သော် တချို့တီးဝိုင်းများသည် စီးပွားရေးအရ အောင်မြင်မှုရှိဆဲ ဖြစ်သည်။ ၂၀၀၀ အလယ်အားဖြင့် metalcore သည် New Wave of American Heavy Metal အထဲတွင် လူကြိုက်အများဆုံးအမျိုးအစားတစ်ခုဖြစ်သည်။ ဤကာလအတွင်းတွင် nu metal တီးဝိုင်းများသည် အခြားအမျိုးအစားများနှင့် အသံများကို စမ်းသပ်လေ့လာခဲ့သည်။ ၂၀၁၀ တွင် ရေဒီယို အသံလွင့်ခြင်းနှင့် mainstream တွင် လူကြိုက်များမှု နည်းသော်လည်း nu metal တီးဝိုင်းတချို့တွင် အရေးပါသော အောင်မြင်မှုများရှိဆဲဖြစ်ခဲ့သည်။

Predecessors[ပြင်ဆင်ရန်]

၁၉၈၀ နှင့် ၁၉၉၀ ၏ alternative metal, funk metal, rap metal, grunge နှင့် industrial metal တီးဝိုင်းများဖြစ်သော Faith No More, Mr. Bungle, Red Hot Chilly Peppers, Jane’s Addiction, Tool, Primus, Rage Against the Machine, Helmet, Soundgarden, Alice in Chains, Godflesh, Nine Inch Nails နှင့် Ministry တို့က nu metal ၏ တီထွင်မှုကို groundwork ချပြခဲ့သည်။ ၎င်းမှာ heavy metal ဂီတ၏ အမျိုးအစားအများကြီးမှ aggressive riff များနှင့် pop structure နှင့် drawing influence များပေါင်းစပ်မှုဖြစ်ကြောင်းဆိုသည်။ Groove metal နှင့် thrash metal တီးဝိုင်းများ၏ ခေတ်မှာ Pantera, Sepultura, Metallica နှင့် Anthrax တို့သည် nu metal လွှမ်းမိုးမှုအရှိန်အဝါကို ဆင့်ခေါ်ခဲ့သည်။

Characteristics[ပြင်ဆင်ရန်]

nu metal နှင့် ဆက်နွယ်သော တီးဝိုင်းများ၌ အမျိုးပြားထွေပြားသော ပုံစံများမှ အရှိန်အဝါဖြင့် လွှမ်းမိုးနိုင်ခဲ့သည်။ ပါဝင်သည့် အမျိုးအစားများမှာ electronic music, funk, glam metal, gothic rock, hardcore punk, hip hop, new wave music, industrial metal, jazz, post-punk, symphonic rock နှင့် synthpop တို့ဖြစ်သည်။ nu metal သည် heavy metal ၏အဆင့်ဆင့်များမျိုးခွဲများမှလည်း အရှိန်အဝါရရှိခဲ့သည်။ ပါဝင်သည့် အမျိုးအစားများမှာ rap metal, funk metal, alternative metal နှင့် thrash metal တို့ဖြစ်သည်။

nu metal ဂီတသည် အဓိကအားဖြင့် syncopated guitar riff များတွင် မှုတည်သည်။ nu metal သည် mid-song bridges နှင့် ယေဘုယျ guitar solo များနည်းပါးခြင်းမှာ heavy metal ၏ အမျိုးအစားများနှင့် သိသိသာသာကွဲပြားကြောင်း ပေါ်လွင်သည်။ အခြားကွဲပြားခြင်းမှာ အခြား metal အမျိုးအစားများသည် ၎င်းတို့၏ အသားပေးမှုမှာ rhythm ဖြစ်ပြီး nu metal ဘေ့စ်ဂီတာသမားနှင့် ဒရမ်သမားများသည် funk, hip hop break beat များလွှမ်းမိုးမှု ပုံကြမ်းများဆွဲကြသည်။ တူညီချက် များမှာ များသော heavy metal မျိုးခွဲများမှာ common time, distorted guitar power chord နှင့် note structures များသုံးပြီး အခြေခံ Dorian, Aeolian, Phrygian mode တို့လည်ပတ်ခြင်းတို့ဖြစ်သည်။

များသော nu metal တီးဝိုင်းများသည် seven-string guitar များနှင့် ရှားပါသော eight-string guitar (Deftones) ကို ပုံမှန် six-string guitar များကို ကျော်လွန် ၍ အသုံးပြုကြသည်။ နောက်ဆုံးမှာ bass ဂီတာသမားများသည် five-string နှင့် six-string instrument များကို အသုံးပြုကြသည်။ DJ များသည်လည်း တစ်ခါတစ်ရံမှာ စည်းဝါးကျကျ music sampling, scratching နှင့် electronic background များတွင် သုံးလေ့ရှိသည်။

Nu metal သည် တစ်ခါတစ်ရံတွင် အမျိုးသမီးများပါဝင်ခြင်းမှာ အခြား metal အမျိုးအစားများနှင့် သိသိသာသာ ကွဲပြားကြောင်းပေါ်လွှင်သည်။ ပါဝင်သည့်တီးဝိုင်းများမှာ Coal Chamber,Otep နှင့် အမျိုးသမီးများနှင့် ဖွဲ့စည်းထားသော Kittie တို့ဖြစ်သည်။ nu metal vocal style များမှာ rapping, screaming နှင့် death growling ကြားတွင် စီစဉ်ထားသည်။ စာသားများမှာ နာကျင်မှုနှင့် အထီးကျန်ခြင်းတို့ဖြစ်သည်။ အခြား metal မျိုးခွဲများထက် grunge နှင့် ပို၍ ဆင်တူသည်။ nu metal သည် Pop structure of verses, choruse နှင့် bridge များကို အခြားmetal မျိုးခွဲများဖြစ်သော thrash နှင့် death metal များနှင့် ယှဉ်၍ သုံးထားသည်။ nu metal fashion များမှာ ပျော့ခွေတွန့်လိပ်၍ တွဲကျနေသော shirt အင်္ကျီ၊ အားကစား jersey နှင့် jacket များ၊ basketball singlest နှင့် short hoodies, cargo pant, sweatpant, dreadlock, ဆူးချွန်ကဲ့သို့ ထောင်ထားသော ဆံပင်များ၊ ကတုံးဆံတောက်၊ body piercing tattoo များ, ဆံပင်ရှည်များနှင့် လက်ရှည်ကော်လံထောင် တစ်ဆက်တည်း အင်္ကျီဘောင်းဘီရှည်ဝတ်စုံနှင့် ခပ်ပွပွဆွယ်တာများပါဝင်သည်။ nu metal fashion သည် goth နှင့် hip hop စသော ဂီတများမှ လွှမ်းမိုးလာခြင်း ဖြစ်သည်။

Early Development (early – mid 1990 s)[ပြင်ဆင်ရန်]

producer Ross Robinson ကို တစ်ခါတစ်ရံမှာ Godfather Nu metal ဟုလည်း ခေါ်ကြသည်။ nu metal တီးဝိုင်းအများစုက California က ဖြစ်ပြီးတော့ Korn အစရှိသောတီးဝိုင်းသည် nu metal တီထွင်ခဲ့ပြီး သူတို့၏ demo album ကို ၁၉၉၃ မှာထုတ်လွှင့်ခဲ့ပြီး Deftone တီးဝိုင်းတို့လည်း ပါဝင်သည်။ အခြားလွှမ်းမိုးခဲ့သော တီးဝိုင်းများမှာ Massachusetts က Staind, Florida က Limp Bizit နှင့် Iowa က Slipknot တို့ဖြစ်သည်။ Korn ၏ aggressive riff များ၊ Limp Bizkit ၏ rapping နှင့် Staind ၏ acoustic သီချင်းသည် nu metal အတွက် sonic template အဖြစ် ကျန်ရစ်ခဲ့သည်။

၁၉၉၄ တွင် Korn ၏ ပွဲဦးထွက် “blind music video” သည် Mtv က ပြသခဲ့သည်။ grunge ဂီတလွှမ်းမိုးနေချိန်တွင် nu metal ကို ဖော်လှစ်ပြခြင်းဖြစ်သည်။ nu metal သည် ဆက်လက်ပြီး ၁၉၉၅ တွင် Mtv က အသိအမှတ်ပြုသော Ozzy Osbourne ၏ မိတ်ဆက်ပွဲဖြစ်သော Ozzfest ပွဲတော်ကို ကျင်းပခဲ့သည်။

Mainstream Popularity (late 1990s and early 2000s)[ပြင်ဆင်ရန်]

၁၉၉၇ မှာ nu metal သည် Korn ၏ Life is Peachy album ထဲက A.D.I.D.A.S single song ထုတ်လွင့်ပြီးချိန်မှာ စတင်ပြီး လူကြိုက်များလာခဲ့သည်။ Life is Peachy album သည် billboard 200မှာ နံပါတ်၃ နေရာရောက်ရှိခဲ့ပြီး A.D.I.D.A.S သီချင်းသည်လည်း “bubbling Under Hot 100 Singles” မှာ နံပါတ် ၁၃ နေရာရောက်ရှိခဲ့သည်။

၁၉၉၈သည် Korn၏ သုံးခုမြောက် album ဖြစ်သော Follow the Leader ဖြင့် nu metal သည် mainstream သို့ ထိုးဖောက်လာသည့် နှစ်တစ်နှစ်ဟုလည်း ဆိုနိုင်သည်။ ဤ album သည် billboard 200 တွင် နံပါတ်တစ်နေရာသို့ရောက်ရှိခဲ့ပြီး multi-platinum hit ဟုလည်းဆိုနိုင်သည်။ nu metal တီးဝိုင်းများသို့ လမ်းခင်းပေးခဲ့သည်ဟုလည်း ဆိုနိုင်သည်။ nu metal တီးဝိုင်းများသည် heavy metal, hip hop, industrial, grunge နှင့် hardcore punk ပေါင်းစပ်ခြင်းဖြင့် တီးခတ်ခဲ့ကြသည်။ ထိုသို့တည်ထောင်ပြီး တီးခတ်ခဲ့သည် အနုပညာရှင်များမှာ Sepultura, Slayer, Vanilla, ice, Primus, Ice Cube, Factory နှင့် Machine Head တို့ဖြစ်ပြီး album များထုတ်ခဲ့သည်။ Korn ၏ Issue album သည် billboard 200 မှာ နံပါတ်၁နေရာသို့ ရောက်ရှိခဲ့ပြီး Billboard Hot 100 မှာ Falling Away From Me သီချင်းသည်လည်း ပါဝင်ခဲ့သည်။ ၁၉၉၀နောက်ပိုင်းနှင့် ၂၀၀၀ခုနှစ် အစောပိုင်းမှာ Korn အပါအဝင် nu metal တီးဝိုင်းများသည် MTV’s Total Request Live တွင် ပါဝင်ခဲ့သည်။ ၁၉၉၄ တွင် ကျင်းပသည့် Woostock ဂီတပွဲတော်တွင် Korn, Kid Rock, Limp Bizkit နှင့် Sevendust အစရှိသော nu metal တီးဝိုင်းများ ပါဝင်ခဲ့သည်။

Sepultura တီးဝိုင်းကို စတင်ဖွဲ့စည်းခဲ့သူ Cavalera သည် Soulfly တီးဝိုင်းအသစ်ကို ဖွဲ့စည်းခဲ့သည်။ သူတို့၏ ပွဲဦးထွက် album Soulfly ကို ဧပြီ၂၁၊ ၁၉၉၈ တွင် ထုတ်ဝေခဲ့ပြီး American တွင် ရွှေလက်မှတ်ဆု တံဆိပ်ကို ရရှိခဲ့သည်။ ဆက်လက်ပြီး heavy, aggressive sound ဖြင့် ဖန်တီးထားသော Roots album ကို ထုတ်ဝေခဲ့သည်။ California Deftones တီးဝိုင်းသည် သူတို့၏ “Around the Fur’’ album ကို ထုတ်လွှင့်ခဲ့ပြီး The Billboard 200 တွင် ၂၉ နေရာသို့ ရောက်ရှိခဲ့သည်။ ၁၇ ပတ်အတွင်း ပထမအပတ်အတွင်းမှာ အချပ်ရေ ၄၃၀၀၀ ရောင်းချနိုင်ခဲ့သည်။ Around the Fur နှင့် Adrenaline album သည် ၁၉၉၉ နွေရာသီတွင် ရွှေတံဆိပ် လက်မှတ်ရရှိခဲ့သည်။ ၎င်း album သည် ၁၉၉၉ ဇူလိုင်၇ တွင် RIAA (Recording Industry Association of America) တွင် ရွှေတံဆိပ်လက်မှတ် မှတ်တမ်းတင်ခဲ့သည်။ nu metal တီးဝိုင်း Coal Chamber ၏ ပွဲဦးထွက် Chamber Music album သည် The Billboard 200 တွင် ၁၀နေရာသို့ရောက်ရှိခဲ့ပြီး ၎င်း album မှာ Peter Gabriel cover ပြန်ဆိုထားသည် Shock the Monkey သည် Hot Mainstream Rock Tracks Chart တွင် ၂၆ နေရာသို့ ရောက်ရှိခဲ့သည်။ ၎င်း album သည် RIAA တွင် ရွှေတံဆိပ်လက်မှတ်နှင့် မှတ်တမ်းတင်ခဲ့သည်။ အမေရိကတွင် အချပ်ရေ ၅၀၀၀၀၀ ကျော်ကျော် ရောင်းချနိုင်ခဲ့သည်။

Orgy သည်လည်း “Candyass” album ဖြင့် ၁၉၉၉နှင့် ၂၀၀၀တွင် အလွန်လူကြိုက်များခဲ့သည်။ ၎င်း album သည် RIAA တွင် platinum ရွှေတံဆိပ်ဖြင့် မှတ်တမ်းတင်ခံ ရသည်။ Blue Monday ဖြင့် Billboard Hot 100 တွင် နံပါတ် ၅၆နေရာသို့ ရောက်ရှိခဲ့သည်။ ၁၉၉၉ မေလတွင် nu metal ဂီတသမား Kid Rock သည် “Devil Without A Cause” album ကို ၁၉၉၉ ဧပြီတွင် ဖြန့်ချိခဲ့ရာတွင် ရွှေဓာတ်ပြားဆုရရှိခဲ့သည်။

၁၉၉၉တွင် Iowa မှ nu metal တီးဝိုင်းဖြစ်သည့် Slipknot ၏ heavy sound များဖန်တီးထားသည့် ပွဲဦးထွက် album ကို အချပ်ရေ ၂သန်းကို အမေရိကတွင် ဖြန့်ချိခဲ့သည်။ Limp Bizkit ၏ ဒုတိယမြောက် album “ Significant Other” ကို ၁၉၉၉တွင် ဖြန့်ချိခဲ့သည်။ ၎င်း album သည် Billboard 200 နံပါတ်၁သို့ ရောက်ရှိခဲ့ပြီး ဖြန့်ချိပြီး ပထမအပတ်တွင် ၆၄၃၈၇၄ ချပ်ရေ ရောင်းချနိုင်ခဲ့သည်။ ဒုတိယအပတ်တွင် ၃၃၅၀၀၀ ချပ်ရေ ရောင်းချနိုင်ခဲ့သည်။ ၁၉၉၉တွင် nu metal တီးဝိုင်း Staind ၏ ဒုတိယမြောက်album “Dysfunction”တွင် ပါဝင်သော Mudshovel သီချင်းသည် United States တွင် အချပ်ရေ ၂သန်း ရောင်းချပြီး RIAA တွင် platinum ဆုတံဆိပ် ၂ကြိမ် တိုင်တိုင် မှတ်တမ်းတင်ခဲ့သည်။ ၂၀၀၀ခုနှစ်တွင် limp Bizit၏ album “ Chocolate Starfish and Hot Dog Flavored Water”သည် USတွင် ၁သန်းကျော် ရောင်းချခဲ့သည်။ ထိုနှစ်အတွင်းတွင် Pa Pa Roach ၏ပွဲဦးထွက် album “Infest” နှင့် Disturbed ၏ The Sickness တို့သည် platinum hit ဖြစ်လာခဲ့သည်။

၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် Linkin Park ၏ Hybrid Theory ထွက်လာခဲ့သည်။ ၎င်း album သည် ရောင်းအားအကောင်းဆုံး nu metal album ဖြစ်လာခဲ့သည်။ ၎င်း album သည် ၂၀၀၁ တွင်အမျိုးအစားအားလုံးထဲတွင် ရောင်းအားအကောင်းဆုံးဖြစ်လာခဲ့သည်။ သူတို့၏ ဒုတိယမြောက် single song ဖြစ်သည့် crawling နှင့် စတုတ္ထမြောက် single “ In the End” တို့ကို ၂၀၀၁ ခုနှစ်နောက်ပိုင်းတွင် ထုတ်ဝေခဲ့ပြီး Grammy ဆုရရှိခဲ့သည်။ ၂၁ရာစု၏ ဆယ်စုနှစ်အတွင်း အသိအမှတ်ပြုဆုံးသီချင်းများ ဖြစ်လာခဲ့သည်။ ထိုနှစ်အတွင်းမှာ prog rock ခေါ် progressive rock တီးဝိုင်း Mudvayne ၏ album “ L.D.50” သည် ချီးကျူးဂုဏ်ပြုခြင်းခံခဲ့ရသည်။

၂၀၀၁ တွင် ထွက်ရှိခဲ့သော Staind ၏ album “ Break The Cycle” သည် ထွက်ထွက်ချင်းမှာ Billboard 200တွင် နံပါတ်၁နေရာရောက်ခဲ့ပြီး ပထမရက်သတ္တပတ်အတွင်းတွင် ၇၁၆၀၀၃ ချပ်ရေ ရောင်းချနိုင်ခဲ့သည်။

ထိုနှစ်အတွင်းတွင် Slipknot ၏ ဒုတိယမြောက် album “ lowa”ကို ဖြန့်ချိခဲ့ပြီး Billboard 200 တွင် နံပါတ်၃နေရာသို့ရောက်ရှိခဲ့သည်။ အချပ်ရေ ၁သန်းကျော်ရောင်းချရန် United States တွင် ဖြန့်ချိခဲ့သည်။ ဝေဖန်ရေးဆရာ John Mulvey ကဒီ album ဟာ တကယ့် nu metal ပါပဲဟု လူသိရှင်ကြားပြောဆိုခဲ့သည်။ P.O.D တီးဝိုင်း၏ satellite album သည် platinum သုံးဆုရရှိခဲ့ပြီး Billboard 200 တွင် နံပါတ်၆နေရာသို့ ရောက်ရှိခဲ့သည်။ Drowning Pool တီးဝိုင်းသည် Sinner album ကို ထုတ်ဝေခဲ့ပြီး ၎င်း album တွင် ပါဝင်သည့် Bodies သီချင်းသည် ဖြန့်ချိပြီး၆ပတ်ကြာပြီးနောက် MTV တွင် မကြာခဏပြသခြင်းခံရသည်။ nu metal တီးဝိုင်းတစ်ခုဖြစ်သည့် Aliem Ant Farm ၏ Anthology album သည် Top Heatseeker တွင် နံပါတ်၁နေရာသို့ ရောက်ရှိခဲ့ပြီး Michael Jackson၏ Sooth Criminal သီချင်း cover ပြန်ဆိုထားသည်။

၂၀၀၂တွင် ဝေဖန်ရေးဆရာများက nu metal ၏ mainstream အောင်မြင်မှုသည် အားနည်းလာခဲ့သည် ဟုဆိုခဲ့သည်။ သက်သေခံ အချက်အနေဖြင့် Korn ငါးခုမြောက် album Untouchables နှင့် Papa Roach ၏ သုံးခုမြောက် album “Lovehatetragedy” များသည် သူတို့၏ နဂိုဖြန့်ချိတုန်းက မရောင်းရဘူးဟု ဆိုခဲ့သည်။ nu metal တီးဝိုင်းများသည် radio တွင်ထုတ်လွှင့်ခံရမှုနည်းလာခဲ့ပြီး MTV သည် pop punk, metalcore နှင့် emo ဂီတများတွင် သာ အာရုံစိုက်လာခဲ့သည်။ Evanescence ၏ ပွဲဦးထွက် album “Fallen’’ ကို မတ်လ ၂၀၀၃ တွင် ဖြန့်ချိခဲ့သည်။

ဝေဖန်ရေးဆရာများက ၎င်း album တွင် ပါဝင်သည့် Grammy ဆုတွင် ဦးဆောင်နေသော Bring Me to life သီချင်းကို Linkin Park ၏ သီချင်းများနှင့် နှိုင်းယှဉ်ခဲ့သည်။ ၂၀၀၃ခုနှစ် အကုန်တွင် Linkin Park ၏ Meteora နှင့် Evanescence ၏ Fallen album တို့သည် ၂၀၀၃ ခုနှစ် ရောင်းအားအကောင်းဆုံး album အဖြစ် တတိယနှင့် စတုတ္တ နေရာတွင် ရောက်ရှိခဲ့သည်။ ၂၀၁၂ခုနှစ်ကဲ့သို့ ၃၅သန်းနီးပါးရောင်းချနိုင်မည်ဟု ဆိုခဲ့သည်။ ထိုတီးဝိုင်း၏ single သီချင်းများသည် ၂၀၀၃မှ ၂၀၀၄နှစ် နှစ်လယ်အထိ သီချင်းများဖော်ပြသည့် အပတ်စဉ်စာရင်းတွင် အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်။ ၂၀၀၃တွင်လည်း Korn နှင့် Limp Bizkit တို့၏ album များဖြစ်သည့် take a look in the mirror နှင့် Resultrs May Vary များသည် ယခင်ထက် ရောင်းအားကျဆင်းခဲ့သည်ဟု ခန့်မှန်းရသည်။ ၂၀၀၅တွင် Linkin Park၏ Hybrid Theory သည် ၁၀ သန်းကျော် ရောင်းချနိုင်မှုအတွက် RIAA တွင် diamond certification ရရှိခဲ့သည်။ Jane’s Addiction တီးဝိုင်းသည် ၂၀၀၃ခုနှစ် Stray album ဖြင့် ပြန်လည် ရောက်ရှိခဲ့သည်။

Decline in popularity (mid 2000s)[ပြင်ဆင်ရန်]

၂၀၀၀ခုနှစ် အလယ်လောက်တွင် metalcore( a fusion of extreme metal and hardcore punk) သည် New Wave of American Heavy Metal နှင့်အတူ mainstream နှင့်metal ပရိသတ်များထဲတွင် လူကြိုက်များလာသည့် ဂီတအမျိုးအစားဖြစ်သည်။ Linkin Park နှင့် Evanescence တို့အောင်မြင်ပြီး နောက်ပိုင်းမှာ nu metal သည် လူကြိုက်များမှု ကျဆင်းလာခဲ့သည်။

nu metal တီးဝိုင်းအများစုသည် အခြား အမျိုးအစားများနှင့် အသံများကို စမ်းသပ်လေ့လာနေခဲ့သည်။ Deftone တီးဝိုင်းသည် များပြားစွာသော nu metal ၏ စရိုက်လက္ခဏာများကို ထိန်းသိမ်းထားခဲ့သည်။ ၎င်းတို့သည် နောက်ပိုင်းတွင် သူတို့၏သီချင်းများအားလုံးနီးပါးမှ rapping များကို ဖယ်ထုတ်ပြီး alternative metal ပုံစံသို့ ပြောင်းလဲခဲ့သည်။ Linkin Park ၏ တတိယမြောက် album “Minutes to Midnight” ကို ၂၀၀၇တွင်ဖြန့်ချိခဲ့ပြီး note များသည် ၎င်းတို့၏ nu metal အသံများမှ ပြည့်စုံသော ထွက်ခွာခြင်းဖြစ်သည်။ အခြား nu metal တီးဝိုင်းများဖြစ်သည် Disturbed, Drowning Pool နှင့် Slipknot တို့ heavy metal ဘက်သို့ကူးပြောင်းချိန်တွင် Staind နှင့် Papa Roach တို့သည် ပေါ့ပါးသော အသံများဖြစ်သော post-grunge နှင့် hard rock တို့ဘက်သို့ကူးပြောင်းကြသည်။ nu metal တီးဝိုင်း Korn နှင့် Mudvayne တို့သည် ၂၀၀၀ခုနှစ်အလယ်လောက်ထိ လူကြိုက်များဆဲဖြစ်သည်။ Korn သည် industrial လွှမ်းမိုးမှုနှင့် စီးပွားရေးအရ ကျေနပ်ဖွယ်ကောင်းသော အသံများပါဝင်သည်။ pop producers The Matrix ကူညီပြီး ၂၀၀၅ album “See You on the Other Side” ထုတ်ဝေခဲ့သည့် “Coming Undone နှင့် Twisted Transistor’’ တို့မှာ လူကြိုက်များလျက်ရှိခဲ့သည်။ ဝေဖန်ရေးသမားများက Mudvayne တီးဝိုင်း၏ ၂၀၀၅ album “Lost and Found” တွင် တီးဝိုင်း၏ ဂီတပုံစံများ ပြောင်းလဲထားသည်ဟုဆိုသည်။

2010s and slight revival[ပြင်ဆင်ရန်]

လူကြိုက်များမှုနှင့် radio တွင် ထုတ်လွှင့်မှုနည်းပါးသော်လည်း တချို့ nu metal တီးဝိုင်းများမှာ ဝေဖန်ရေးနှင့် စီးပွားရေးဘက်တွင် အောင်မြင်မှုရှိဆဲဖြစ်သည်။ Korn ၏ ကိုးခုမြောက် album “ Remember Who We Are” သည် ပထမရက်သတ္တပတ် အတွင်းတွင် US တွင် ၆၃၀၀၀ ခွေ ရောင်းချနိုင်ခဲ့ပြီး Billboard 200 တွင် ဒုတိယနေရာသို့ရောက်ရှိခဲ့သည်။ ၂၀၁၁ ဒီဇင်ဘာ ၆ရက်နေ့တွင် album အချပ်ရေ ၁၈၅၀၀၀ စံနှုန်း U.S တွင်ရောင်းချနိုင်ခဲ့သည်။ Limp Bizkit ၆ခုမြောက် album “ Gold Cobra” သည် ပထမအပတ်တွင် United States တွင် ၂၇၀၀၀ခွေရောင်းချနိုင်ခဲ့ပြီး Billboard 200တွင် ၁၆ နေရာသို့ရောက်ရှိခဲ့သည်။ ၂၀၁၁တွင် Staind ၏ Self-titled album သည် သူတို့၏အရင် nu metal ပုံစံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ album သည် Billboard 200 တွင် နံပါတ် ၅ နေရာသို့ ရောက်ရှိခဲ့သည်။ ထွက်ထွက်ချင်းတွင် ပထမအပတ်တွင် ၄၇၀၀၀ရောင်းချနိုင်ခဲ့သည်။

Evanescence၏ self-title album သည် ထွက်ထွက်ချင်းချင်းBillboard 200 နှင့် U.S Chart တွင် နံပါတ်တစ်နေရာသို့ရောက်ရှိခဲ့သည်။ ပထမအပတ်ထဲတွင် ၁၂၇၀၀၀ကျော် ရောင်းချနိုင်ခဲ့သည်။ ၂၀၁၁ ဒီဇင်ဘာ ၂ရက်နေ့တွင် Korn သည် The Path of Totality ကိုဖြန့်ချိခဲ့ပြီး ပထမအပတ်အတွင်း အချပ်ရေ ၅၅၀၀၀ ရောင်းချနိုင်ခဲ့သည်။ ဤ album တွင် nu metal ပုံစံနှင့် electronic music လွှမ်းမိုးမှုများပါရှိသည်။ အထူးသဖြင့် dubstep ဖြစ်သည်။ Album တွင် Skrillex, 12th Planet, Kill the noise Jon Gooch နှင့် EXicision တို့ပါဝင်သီဆိုထားသည်။ အကောင်းဆုံး album အဖြစ် Revolver Golden Gold award ရရှိခဲ့သည်။ nu metal ပြန်လည်အသက်ဝင်ခြင်းဟုလည်း media များက ပြောစမှတ် ပြုကြသည်။

nu metal သည် metalcore နှင့် deathcore တီးဝိုင်းများဖြစ်သည့် Emmore, Here Comes the Kraken, Suicide Silence of Mice & Men နှင့်Issues တို့လွှမ်းမိုးလာပြီး ၂၀၁၀တွင် အလယ်အလတ် အောင်မြင်မှုရရှိခဲ့သည်။ မကြာသေးမီက Linkin Park သည် ၆ခုမြောက် album Hunting Party ကိုဖြန့်ချိခဲ့ပြီး nu metal နှင့် rap metal၏ heavier style များအဖြစ် ထင်ရှားသည့် ပုံစံများဖြစ်သည်။ Billboard 200တွင် နံပါတ်၃နေရာသို့ရောက်ရှိခဲ့ပြီး ပထမအပတ်တွင် ၁၁၀၀၀၀ ကို United States တွင် ရောင်းချနိုင်ခဲ့သည်။ သူတို့၏သီချင်းဖြစ်သည့် Until it’s Gone သည် Best Rock video အဖြစ် ၂၀၁၄ MTV video Music Awards တွင် အဆိုပြုသည်။

Criticism[ပြင်ဆင်ရန်]

nu metal သည် အခြား metal အမျိုးအစားများ၏ fan များထဲတွင် မကြာခဏ အငြင်းပွားဖွယ်ရာဖြစ်သည်။ allmusic( online music guide service website)မှ Gregory Heaney သည် metalများထဲမှ တစ်ခု သည် မမျှော်လင့်ဘဲ mainstream ထဲသို့ တွန်းပို့ခြင်းခံရသည်ဟု ဆိုသည်။

တချို့တီးဝိုင်းများက nu metal ဟာသူပုံစံကနေ ခပ်ဝေးဝေး ဖြစ်သလို လွှမ်းမိုးလာတယ်လို့ ယူဆခဲ့သည်။ Deftones မှ Chino Moreno က ဂီတအမျိုးအစားအပေါ်အပြစ်ရှာခဲ့သည်။ အထူးသဖြင့် ၂၀၀၂ခုနှစ် ထုတ်ဝေခဲ့သော Untouchable album ကို “ ဒါ ငယ်ဘ၀အကြောင်းအရာတွေ၊ အမေကို ဆိုလိုပါတယ်။ Jonathan ဟာ အသက်ဘယ်လောက်ရှိ ပြီလဲ။ သုံးဆယ်လား သူဟာ သူမိဘနဲ့ဘယ်လောက်ထိနေထိုင်ခဲ့လဲ” ဟု ဆိုသည်။

Korn တီးဝိုင်းမှ Jonathan Davis က အင်တာဗျူးတစ်ခုတွင် ပြန်လည်၍ တုံပြန်ခဲ့သည်။ “Chino ဟာ ကျွန်တော်ရဲ့သီချင်းတွေကို နားမထောင်ဖူးမှန်း သိသာပါတယ်။ သူဟာ ကျွန်တော် မိဘအကြောင်းရော၊ ငယ်ဘ၀ရော မသိပါဘူး။ ကျွန်တော်သူပြောတာတွေကို ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့ စစချင်းမှာ အဆင်ပြေပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ကို အာရုံစိုက်ခံရရင် သူတို့တွေမုန်းလာကြတယ်”ဟုဆိုပါတယ်။

ကိုးကား[ပြင်ဆင်ရန်]