Christian metal

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Christian Metal ကို White Metal ဟုလည်းသိကြပြီး Heavy Metal ဂီတအမျိုးအစားလည်းဖြစ်သည်။ သီချင်းစာသားများမှာ တီးဝိုင်းအဖွဲ့ဝင်များကို ခရစ်ယာန်ဘာသာသို့ ရည်စူးသော စကားလုံးများဖြစ်သည်။ Christian Metal သည်ထုံးစံအတိုင်း ဘာသာရေးယုံကြည်ချက်ကို ခရစ်ယာန်ဘာသာဝင်များအတွက် ကြေညာခြင်းဖြစ်သည်။ အဓိကအားဖြင့် Heavy Metal ဂီတ နားထောင်သော ခရစ်ယာန်ဘာသာဝင်များအတွက် ခရစ်ယာန်ကွန်ယက် (Christian Network)‎ များအကြားဖြတ်၍ မကြာခဏ ထုတ်ဝေဖြန့်ချိကြသည်။ Christian Metal တီးဝိုင်းများသည် Heavy Metal ဂီတ၏မျိုးအစားများကြားထဲတွင် တည်ရှိသည်။ ၎င်းဂီတသည် အကောင်းဘက်မြင်သော သီချင်းစာသားများပါရှိသည်။ Christian Metalကို ၁၉၇၀ နောက်ပိုင်းတွင် ပေါ်ထွက်လာပြီး အခြားဘာသာဝင်များကို ခရစ်ယာန်ဘာသာသို့ ကူးပြောင်းရင်း Heavy Metal ဂီတပိုမိုကျယ်ပြန့်စေရန် ရည်ရွယ်သည်။ American တီးဝိုင်းများဖြစ်သည့် Resurrection, Petra နှင့် ဆွီဒင်တီးဝိုင်း Jerusalem တို့မှတီထွင်ခဲ့ကြသည်။ California မှ Santa Ana မြို့မှ Stryper တီးဝိုင်းသည် ၁၉၈၀တွင် အောင်မြင်မှုများရရှိခဲ့သည်။ California မှ Tournique တီးဝိုင်းနှင့် Australia မှ Mortification တီးဝိုင်းတို့သည် ၁၉၉၀ ခုနှစ်တွင်ဦးဆောင်နိုင်ခဲ့သည်။ Rap Metal အုပ်စု P.O.D နှင့် Metalcore အုပ်စု Underoath, Demon Hunter, As I Lay Dying နှင့် Norma Jean တို့သည် ၂၁ရာစု၏ပထမဆယ်စုနှစ်တွင် ဂီတလမ်းကြောင်းပေါ်သို့ယူဆောင်လာနိုင်ခဲ့သည်။

ဝိသေသလက္ခဏာများ[ပြင်ဆင်ရန်]

ဂီတပုံစံတစ်မျိုးတည်းမဟုတ်ပါဘူး။ Umbrella Term အယူအဆနှင့်ဆိုင်ပြီး ၎င်းသည် Heavy Metal ၏မျိုးအစားခွဲများအားလုံးနီးပါးနှင့်ဖွဲ့စည်းထားသည်။ Christian metal တီးဝိုင်းများအတွင်း ဂီတပညာရှင်များသည် သူတို့၏စာသားများကို Judeo – Christian ဓလေ့များအကြောင်းကိုရေးသားထားသည်။ စာသားများတွင် ခရစ်တော်၏ ဟောပြချက်များမှ အကောင်းမြင်ကဏ္ဍများကို စကားအသုံးကြွယ်ဝစွာဖြင့်ထိန်းသိမ်းထားသည်။ စာအရေးအသားပုံစံများမှာ ယဉ်ကျေးမှု၊ ဘာသာရေးဂိုဏ်းခွဲအမည်နှင့် နိုင်ငံအပေါ်မှုတည်ပြီးကွဲပြားသည်။ တချို့တီးဝိုင်းများသည် ခရစ်ယာန်ရှုထောင့်မှနေ ၍နေ့စဉ်ဘ၀အတွေ့အကြုံများကို ဖလှယ်ကြသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

နောက်ခံ- ဟဲဗီးမက်တယ်ဂီတနှင့် ခရစ်ယာန်[ပြင်ဆင်ရန်]

Heavy metal ဟူသော ဝေါဟာရသည် Lester Bangs နှင့် Dave Marsh တို့အသုံးပြုထားသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် Led Zeppelin ၏ Led Zeppelin 2, Deep Purple ၏ Deep Purple in Rock နှင့် Black Sabbath တို့၏ Paranoid တို့တွင် တွေ့နိုင်သည်။ Led Zeppelin ၏ Whole Lotta Love သီချင်းသည် လင်ယောက်ျားနှင့် မယားတို့ စကားစမြည် ပြောဆိုခြင်းဖြစ်သည်။ Ozzy Osbourne သူ၏ပရိသတ်ကို ဟောပြထားသည့်သီချင်းမှာ Children of the Grave ဖြစ်သည်။ “အချစ်ဟာ ရှင်သန်နေတာကို ကမ္ဘာကြီးကို ပြောလိုက်ပါ၊ သင်ဟာရဲရင့်ရမယ်…ဒါမှမဟုတ် ယနေ့ခေတ် ကလေးတွေဟာ ကလေးတွေရဲ့ သင်္ချိုင်းဖြစ်လာပါလိမ့်မည်။” နောက်ပြီး in My Time of Dying သီချင်းတွင် Robert Plant လျှောက်လဲထားသည်မှာ “ Jesus ကျွန်တော်ကို တွေ့ပါ။ ကျွန်တော်ရဲ့ တောင်ပံတစ်စုံကျရှုံးရင် သခင် ကျွန်တော်ကို နောက်တစ်စုံပေးပါ။” ဟူ၍ ဖြစ်သည်။

အစောပိုင်း heavy metal ဝါသနာအိုးများကို ပြည်သူလူထုကို ဆင်ခြင်သုံးသပ်လာကြသည်။ rock and roll ဝါသနာအိုးကဲ့သို့ဖြစ်သည်။ အစောပိုင်း heavy metal စာသားနှင့် အကြောင်းအရာများသည် ခရစ်ယာန်ဘာသာ၏ တန်ဖိုးကို စိန်ခေါ်စွပ်စွဲလာကြသည်။ အစောပိုင်းတီးဝိုင်းများကြားထဲတွင် အစောပိုင်း heavy metal စာသားများနှင့် အကြောင်းအရာများသည် မကောင်းဆိုးဝါးသို့တမ်းချင်းများဖြစ်သည်ဟု Black Sabbath ကိုစွပ်စွဲလာကြသည်။ အစောပိုင်းတီးဝိုင်းများသည် tritone များကို အသုံးပြုလာကြသည်။ ယိုးစွပ်လာကြသော်လည်း black Sabbath ၏ စာသားများသည် ခရစ်ယာန်ဘာသာကို ထောက်ခံလာကြပြီး မကောင်းဆိုးဝါးပရိသတ်များသို့ သေသေချာချာ သတိပေးလာကြသည်။

Motley Crue, Ratt နှင့် Twisted Sister တီးဝိုင်းတို့သည် စိတ်ပြင်းထန်စွာ လှုပ်ရှားခြင်း၏ အကြောင်းအရာများ၊ လိင်ပိုင်းဆိုင်ရာစွန့်ပစ်မှုများ၊ ဆေးဝါးအလွှဲသုံးစားပြုလုပ်ခြင်းများ၊ အကြမ်းဖက်မှုများကို ရေးသားလာကြသည်။ ၁၉၈၀တွင် metal ကို လက်ခံခြင်းကြီးထွားမှုနှင့်အတူ အမျိုးသားရေးပူးပေါင်းရေးအဖွဲ့များသည် ရုပ်မြင်သံကြားတွင် အာရုံစိုက်လာကြသည်။ အထူးသဖြင့် ဖျက်ဆီးစေတတ်သော ဂီတဗီဒီယိုများနှင့် အများစုမှာ အကြမ်းဖက်ခြင်းနှင့် တော်လှန်ပုန်ကန်ခြင်းတို့ အပေါ်အာရုံစိုက်လာကြသည်။ ဗြိတိန် ဘာသာရေးခေါင်းဆောင်နှင့် metal ဝါသနာအိုးများသည် distorted guitar အသံများ၊ ပြင်းထန်သော တီးလုံးများနှင့် muscular vocal များကို ခွဲခြားစိတ်ဖြာလာခဲ့သည်။ အီတလီ Capuchin ကရင်ဂျီဘာသာဝင်ဘုန်းကြီးနှင့် metal အဆိုရှင် Cesare Bonizzi က“အချို့ဆာတန် metal တီးဝိုင်းတို့သည့် သူတို့၏ဖျော်ဖြေမှုလုပ်ရပ်များကြောင့် သူတို့ပို၍ ရောင်းရပါလိမ့်မည်။ metal သည်ပိုမို၍ အားထုတ်ရခြင်း အလွန်အမင်းနက်ရှိုင်းသည့် ဘာသာရပ်တစ်မျိုးဖြစ်သည်ဟု ကျွန်တော်သိပါသည်” ဟု ဆိုသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

Christian metal သည် ခရစ်ယာန်ဘာသာ စိတ်ကူးစိတ်သန်းများနှင့်အတူ ၁၉၆၀ နောက်ပိုင်းနှင့် ၁၉၇၀အစောပိုင်းတွင် Jesus movement Hippie movement တို့မှစတင်ခဲ့သည်ဟုဆိုသည်။ ဤလှုပ်ရှားမှုနှင့်အတူ Christian hippies ကို Jesus People ဟု သိကြသည်။ ဖွံ့ဖြိုးတိုးတက်လာသည့် ဂီတဆိုင်ရာလှုပ်ရှားမှုကို Jesus music ဟုလည်းခေါ်သည်။ ပထမဦးစွာ Southern California မှ စတင်ခဲ့ပြီး hippie street ဂီတသမားများက ခရစ်ယာန်ဘာသာသို့ ပြောင်းလဲခဲ့သည်။ ထိုဂီတသမားများသည် သူတို့၏စာသားများသည် ခရစ်ယာန်အမှာစာနှင့် စီးဝင်ခဲ့သော်လည်း သူတို့ပြောင်းလဲမတီးခတ်စဉ် တူညီသော ဂီတပုံစံအတိုင်းပြောင်းလဲတီးခတ်ကြသည်။ အစောပိုင်း Christian rock ဂီတသမားများထဲမှ Larry Norman သည် သူတို့၏ ပထမဆုံး album Upon Thick Rock ၁၉၆၉တွင် ဖြန်ချိခဲ့ပြီး ပထမဆုံး Christian rock album ထုတ်လွှတ်ခြင်းဖြစ်သည်။ Norman ၏ သီချင်း “Why Should the Devil Have All the Good Music သည် ထိုဂီတသမားတို့၏ အကျဉ်းချူပ်စိတ်ကူးဖြစ်သည်။

ပထမဆုံး Christian hard rock အုပ်စုသည် California အခြေစိုက်တီးဝိုင်း Agape ဖြစ်ပြီး ၁၉၆၀ နောက်ပိုင်းတွင် တည်ဆောင်ခဲ့သည်။ သူတို့၏ Psychedelic rock နှင့် blue လွှမ်းမိုးမှုများကြောင့်လူသိများသည်။ အယ်လ်ဘမ်ခေါင်းစဉ်မှာ Gospel Hard Rock ဖြစ်ပြီး ၁၉၇၁ တွင် ဖြန့်ချိခဲ့ပြီး ၁၉၇၅တွင် Victims of tradition ကို ၁၉၇၂တွင် ဖြန့်ချိခဲ့သည်။ Agape ပြီးနောက် Resurrection တီးဝိုင်းကို ၁၉၇၂တွင် ဖွဲ့စည်းခဲ့သည်။ Milwaukee မှ Jesus People community သည် Music to Raise the Dead hard rock albumကို ၁၉၇၄ တွင်ဖြန့်ချိခဲ့ပြီး ဆွီဒင်တီးဝိုင်း Jerusalem ကို ၁၉၇၅ တွင် တည်ထောင်ခဲ့ပြီး ကိုးကားချက်အရ အစောပိုင်း Chritian hard rock အုပ်စုဟု သိရသည်။ ၁၉၇၈ တွင် Resurrection တီးဝိုင်းသည် “Awaitinn Your Reply” album ကိုထုတ်ဝေခဲ့ပြီး Jerusalem က Jerusalem (volume 1)ကို ဖြန့်ချိခဲ့သည်။ album နှစ်ခုစလုံးသည် Christian ဂီတယဉ်ကျေးမှုတွင် သတိပြုဖွယ် ရိုက်ခတ်ခြင်းဖြစ်သည်။ ထိုအချိန်အတောအတွင်းတွင် heavy metal သည် Christian ဂီတစက်မှုဇုံတွင် ပုံစံသစ်ဂီတတစ်မျိုးဖြစ်လာခဲ့သည်။ Christian label များသည် ရောင်းရန် မမျှော်လင့်ပေ။ မည်သို့ပင်ဆိုစေ Awaiting Your Reply သည် Chritian ဈေးကွက်အကြီးမားဆုံးရိုက်ခတ်ခြင်း ဖြစ်လာခဲ့သည်။ Gospel album sales chart တွင်နံပါတ် ၆နေရာသို့ရောက်လာခဲ့သည်။ Jerusalem သည်လည်း နားထောင်သူများကြားထဲတွင် မရှေးမနှောင်းရိုက်ခတ်လာခဲ့သည်။ ပထမခြောက်လအတွင်း အချပ်ရေ ၂၀၀၀၀ အချပ်ရေ ရောင်းချနိုင်ခဲ့သည်။ ကနေဒါတီးဝိုင်း Daniel တီးဝိုင်းသည်လည်း ကိုးကားချက်အရ ပထမဆုံးတီးဝိုင်းဖြစ်သည်ဟု သိရသည်။


၁၉၈၀ ခုနှစ်များ[ပြင်ဆင်ရန်]

၁၉၈၀ အစောပိုင်းတွင် သတိပြုဖွယ်ရာ christian heavy metal လေးခုရှိသည်၊ Messiah Prophet, Leviticus, Saint နှင့် Stryper တို့ဖြစ်သည်။ Orange Country မှ glam metal အုပ်စု Stryper အကျော်ကြားဆုံး အုပ်စုတစ်ခုဖြစ်သည်။ Stryper သည် ပထမဆုံး christian အုပ်စုအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ ပထမဆုံးတွင် christian များသည် Stryper ဖျော်ဖြေပွဲသို့ လာရောက်ကြသော်လည်း non-chritian ပရိသတ်များဖြစ်လာခဲ့သည်။ ၁၉၈၀တွင် Chritian metal တီးဝိုင်းများသည် mainstream metal တီးဝိုင်းများနောက်သို့ တိမ်းညွတ်လိုက်ပါခဲ့သည်။

၁၉၈၀ အလယ် အတောအတွင်းတွင် heavy metal ဂီတသည် ကိုယ်ပိုင်အုပ်ချုပ်သော မျိုးခွဲများသို့ ပိုင်းခြားခဲ့သည်။ ၁၉၈၀တွင် white metal နှင့် black metal ဟူ၍ ပေါ်ပေါက်လာခဲ့သည်။ သူတို့၏ စာသားအကြောင်းအရာများသည် တစ်ခုနှင့်တစ်ခု ကျောချင်းကပ်ဖြစ်လာသည်။ တစ်ခုက ကောင်းသတင်းဖြစ်ပြီး နောက်တစ်ခုက သတင်းဆိုးဖြစ်သည်။ တီးဝိုင်းများသည် သူတို့၏အသံများသည် metal ရောင်စဉ်တန်းများအဖြစ် လည်ပတ်လာသည်။ white metal ကို အများအားဖြင့် christian metal ဟုလည်း ခေါ်သည်။ heavy metal ၏ ကျော်ကြားမှုသို့ တုံ့ပြန်သောအားဖြင့် Christian metal သည် အဖွဲ့ဝင်များဖြင့် အားသစ်ပြန်ဖြစ်စေခဲ့သည်။ ဆာတန်သင်္ကေတနှင့် ပုံရိပ်သည် Black Sabbath နှင့် Led Zeppelin တို့နှင့် စတင်ကတည်းက heavy metal အတွက် ပဓာနကျသည်ဟု ဆိုသည်။ Chicago doom metal အုပ်စု Trouble white metal အတွက် ပထမဆုံးတီးဝိုင်းဖြစ်သည်ဟု သူတို့၏ Psalm 9 နှင့် The Skull တို့၏ သမ္မာကျမ်းစာ ကိုးကားချက်အရ သိရသည်။ white metal ၏ မူလဝေါဟာရ မရှင်းလင်းပေ။ black metal နှင့် ကွဲပြားစေရန် non-christian label Metal Blade Record က အသုံးပြုထားသည်ဟု သိရသည်။

christian metal တီးဝိုင်းများသည် metal ဂီတအဖြစ်အပျက်တွင် အငြင်းပွားဖွယ်ရာ သူတို့၏ ယုံကြည်မှုနှင့် ခရစ်တော်နှင့်ဆိုင်သော ပန်းတိုင်များဖြစ်လာခဲ့သည်။ Stryper တီးဝိုင်းသည် စီးပွားရေးအရ အောင်မြင်မှုရခဲ့သော်လည်း ၁၉၈၅ Dutch metal festival ၌ ရန်သူကဲ့သို့ လက်ခံခြင်းကို ရရှိသည်။ Stryper သည် ဤအမျိုးအစားကျော်ကြားစေရန် ကူညီခဲ့သည်။ သူတို့သည်ပထမဆုံး ခရစ်ယာန်တီးဝိုင်းဖြစ်ပြီး album တွင် platinum နေရာရရှိခဲ့သည်။ ၁၉၈၀ album to Hell with the Devil သည် အချပ်ရေ ၂ သန်း ရောင်းချနိုင်ခဲ့ပြီး Grammy nomination ရရှိခဲ့သည်။ ဂီတဗီဒီယို “ free” , “Calling on You နှင့် “Honestly” များသည် Music Television တွင် top 10 နေရာသို့ အပတ်ပေါင်းများစွာရရှိခဲ့ပြီး “free” နံပါတ်၁နေရာသို့ ၁၂ ပတ်ကြာ မေလ ၄ - ဇူလိုင်၂၄, ၁၉၈၇ တွင် ရပ်တည်နိုင်ခဲ့သည်။

christian metalသည် non-christian metal ဝါသနာအိုးတို့၏ ဝေဖန်ခြင်းခံခဲ့ရသည်သာမက လှုပ်ရှားမှုသည်လည်း တင်းကျပ်သော ဘာသာရေး၏ ဝေဖန်ခြင်းခံခဲ့ရသည်။ Allmusic ကရေးသားထားသည်မှာ ခရစ်ယာန်ဘုန်းတော်ကြီးများသည် heavy metal ဆာတန်မာရ်နတ်ဝါဒ၏ အပြစ်တင်ခြင်း ခံရချိန်တွင် Stryper သည် metal နှင့် hard rock သည် ခရစ်ယာန်ဘာသာကို ထောက်ကူအားပေးခဲ့သည်ကို သက်သေပြခဲ့သည်။ Stryper သည် album များကို Christian နှင့် secular ပရိသတ်တို့ထံရောင်းချရန် စီမံခဲ့သည်။ Jimmy Swaggart သည် Religiou Rock n’ Roll A Wolf in Sheep’s clothing စာအုပ်ကို ၁၉၈၇တွင် ထုတ်ဝေခဲ့ပြီး အဖြစ်အပျက်များကို ဝေဖန်ခဲ့သည်။ အထူးသဖြင့် heavy metal ဂီတကို အသုံးပြု၍ ခရစ်ယာန်ဘာသာကို ကြေညာခဲ့သော Stryper တီးဝိုင်းကိုဖြစ်သည်။

Christian evangelist နှင့် church organization များသည် အခန်းဏ္ဍာများကို ထောက်ပံခဲ့သည်။ ဥပမာအားဖြင့် Jim Bakker သည် Stryper အုပ်စုကိုဖော်ပြခဲ့ပြီး သူတို့၏ ဖျောဖြေတင်ဆက်မှုများနှင့် အဖွဲ့ဝင်များကို ရင်းနှီစေခဲ့သည်။ တီးဝိုင်းအသစ်များစတင်၍ ပေါ်ပေါက်လာပြီး record label များသည် Chritian ဂီတဆီသို့ အာရုံစိုက်လာခဲ့သည်။

Emergence of Fanzines, record labels and Sanctuary international[ပြင်ဆင်ရန်]

Christian metal သည် ကိုယ်ပိုင် independent record label နှင့်network များဖွံဖြိုးလာခဲ့သည်။ ပထမဆုံး chritstian metal label မှာ Pure Metal Record ဖြစ်ပြီး Refuge Record ၏ Label ခွဲ ဖြစ်သည်။ R.E.X Record နှင့် intense Records များလည်းပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်အတောအတွင်း chritian record label တိုင်းလိုလို Christian metalကို စိတ်ဝင်စားလာခဲ့သည်။ Metal တီးဝိုင်းများသည် သူတို့၏ Heaven’s Metalကို ဖော်ပြခဲ့သည်။ မကြာမီတွင် Heaven Metal သည် ကျော်ကြားလာခဲ့ပြီး အများသိအောင် ကြေညာလာခဲ့သည်။ Heaven’s Metal သည်စာဖတ်သူ ၁၅၀၀၀ကို နှစ်မြုပ်ထားနိုင်ခဲ့သည်။ magazine များတွင် ဖုံးလွှမ်းလာပြီး တီးဝိုင်းများ၏ အရောင်းစာရင်းမြှင့်တက်လာခဲ့သည်။ ၁၉၈၀ အတောအတွင်းနှင့် ၁၉၉၀ အစောပိုင်းတွင် Christian metal သည် Christian metal cassette များကုန်သွယ်လာခဲ့သည်။

rock နှင့် metal ဝါသနာအိုးများသည် ၁၉၈၀ တွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများမှာ ငြင်းပယ်ခံရသော christian metal တီးဝိုင်းများသည် christian များကို ဖြတ်သန်းလာခဲ့သည်။ ၁၉၈၄ တွင် california မှ ခရစ်ယာန်တရားဟောဆရာ Bob Beeman သည် ဤပြဿနာကိုတွေ့ခဲ့ပြီး Sanctuary – The Rock and Roll Refuge ဟု ခေါ်ခဲ့သည်။ ဂီတသမားအများစုအတူတကွနှင့် Tourniquet, Deliverance, Vengeance နှင့် Mortal တို့သည် Chritian ဂီတယဉ်ကျေးမှုထဲတွင် ground breaking ဖျော်ဖြေတင်ဆက်ခဲ့သည်။ Sanctuary ၏ ပထမဆုံးLeader မှာ Stryperမှ အဆိုရှင် Michael Sweet နှင့်နောက်ပိုင်းတွင် Barren Crossမှ ဘေ့စ်ဂီတသမား Jim Laverde ဖြစ်သည်။ Sanctuary သည် ပထမဆုံး Christian metal festival ကိုတာဝန်ယူခဲ့သည်။ The Metal Mardi Gras ကို ၁၉၈၇တွင် Los Angeles တွင်ကျင်းပခဲ့သည်။ သိသာစွာလွှမ်းမိုးခဲ့ပြီး Christian metal ပွဲတော်များ အခြားနေရာများ၌ ပေါင်းစပ်ဖွဲ့စည်းကြသည်။ Sanctuary မှ လှုပ်ရှားမှုများကျင်းပခဲ့ပြီး ကျယ်ပြန့်လာခဲ့သည်။ ၁၉၉၀တွင် အမေရိကန်ပြည်ထောင်စုမှ အင်္ဂလိပ်ဘုန်းကြီးစီရင်စုနယ် ၃၆ ခုထိပ်ဆုံးသို့ ရောက်လာခဲ့သည်။ Sanctuary parish များသည် christian metal လှုပ်ရှားမှုတွင် ထိတွေ့စေခဲ့သည်။ P.O.D ကဲ့သို့အုပ်စုများသည် Sanctuary တွင် ဖျော်ဖြေရင်း သတိပြုဖွယ်ကောင်းလာခဲ့သည်။

၁၉၉၀နောက်ပိုင်းတွင် rocker နှင့် punk များပို၍ လွတ်လပ်လာပြီး Sanctuary ၏လှုပ်ရှားမှုကို မည်သို့မှ မခံစားရတော့ပေ။ ထိုကြောင့် Sanctuary မှ parish များပိတ်ကုန်သည်။ Sanctuary သည် Sanctuary international ဖြစ်လာပြီး နိုင်ငံတကာလေ့လာခြင်းနှင့် သင်ခန်းစာများ ခရစ်ယာန်ဘာသာတွင် သင်ကြားရသည်။ Sanctuary သည် ၂၀၀၃တွင် internet radio များထုတ်လွင့်ခဲ့ပြီး နားထောင်သူ ၁၅၀၀၀၀နီးပါးလောက်ရောက်ရှိခဲ့သည်။

၁၉၈၀ ခုနှစ်များ နှောင်းပိုင်းနှင့် ၁၉၉၀ ခုနှစ်များ[ပြင်ဆင်ရန်]

HM magazineမှ Doug Pelt သည် chritian metal မှ heyday ကို ၁၉၈၀နောက်ပိုင်းနှင့် ၁၉၉၀အစောပိုင်းတွင် အသေးစိတ်ဖော်ပြခဲ့သည်။ ၁၉၈၇ တွင် chritian metal တီးဝိုင်းများ ရာကျော်ဖြစ်လာခဲ့သည်။ သူတို့၏မှတ်တမ်းများသည် Christian bookstore များနှင့် non-christian တွင် လက်လီရောင်းချနိုင်ခဲ့သည်။ ၁၉၈၈ တွင် Bloodgood, Barren Cross, White Cross နှင့် Leviticus သည် ကြီးမားသော Christian metal တီးဝိုင်းလေးခုဖြစ်လာခဲ့သည်။ ကင်တပ်ကီပြည်နယ်အခြေစိုက်တီးဝိုင်း Bridge သည် အစ၌ speed metal တီးခတ်ပြီးအထူးသဖြင့် Live to Die တွင်ဖြစ်ပြီး ၁၉၉၂ တွင် Snakes in the Playbackground ဖြန့်ချိချိန်၌ ပရိသတ်များကျယ်ပြန့်လာခဲ့သည်။ ရုတ်တရက်ပြောင်းလဲလာသော ပုံစံအတွက် ဝေဖန်ခံခဲ့ရသည်။

၁၉၈၉တွင် Orange County မှ X-Sinner တီးဝိုင်းသည် ပထမဦးဆုံး Get it album ထွက်လာခဲ့သည်။ white metal အဖြစ်အပျက်ပြောစမှတ်ပြုကြသည်။ classic metal သည် AC/DC အတွက် သတိပြုဖွယ်ကောင်းသော်လည်း X-Sinner သည်လည်း christian classic metal အဖြစ်အပျက်တွင် စီမံနိုင်ခဲ့သည်။

Glam metal တီးဝိုင်း Holy Soldier သည် သူတို့၏ self-titled albumသည် Word and A&M Records (Myrrh imprint)တွင် ဖြန့်ချိခဲ့ပြီး ၁၉၉၀ တွင် စီးပွားရေးအရ ချီးကျူးခံရသည်။ ၂နှစ်ကြာပြီးနောက် သူတို့၏ Last Train ထွက်လာခဲ့ပြီး မြို့ပေါင်း၆၀သို့ ခရီးစဉ်များ လှည့်ပတ်ခဲ့သည်။ Guardian တီးဝိုင်းသည် သူတို့၏ Fire and Love album သည် mainstream တွင်အာရုံစိုက်ခြင်းခံရသည်။ heavy metal တီးဝိုင်း Angelica သည် အဆိုရှင် Rob Rock မိတ်ဆက်ခဲ့ပြီး နာမည်ကျော်ကြားခဲ့သည်။ သူသည် ၁၉၈၀ နှင့် ၁၉၉၀ အတောအတွင်း Chris Impellitteri ၏တီးဝိုင်း Impellitteri မှ အဆိုရှင်တစ်ဦးဖြစ်ပြီး သူ၏ “Rage of Creation” album ထွက်လာခဲ့သည်။

၁၉၉၀အစောပိုင်းတွင် ဂီတပုံစံများတိုးမြှင့်လာသည်။ အထူးသဖြင့် grunge သည် mainstream မှ ကျော်ကြားသောပုံစံများမှ နေရာယူခဲ့သည်။ heavy metal ဂီတသည် ကျော်ကြားမှု လျော့နည်းလာပြီး ဆယ်စုနှစ် underground သို့ပြန်လည်ရောက်ရှိခဲ့သည်။ Christian metal ဂီတသမားအများစုသည် extreme metal ကို စတင်တီးခတ်ပြီး thrsh metalအစား death metalနေရာဝင်ယူလာခဲ့သည်။ underground metal အဖြစ်အပျက်ထဲမှ ပရိသတ်များသည် ပြင်းထန်သောအသံများကို ကြိုက်နှစ်လာပြီး ကျော်ကြားသောပုံစံများကို အထင်အမြင်သေးလာခဲ့သည်။ glam metal ဖျော်ဖြေတင်ဆက်သကဲ့သို့ Stryperသည် ကျော်ကြားမှု လျော့နည်းလာသည့် ၁၉၉၃တွင် ပြိုကွဲခဲ့သည်။ ၁၉၉၀အတောအတွင်းတွင် Christian metal ရပ်ဆိုင်းချိန်တွင် Bruce Moore သည် e-book metal Missionaries ကိုရေးခဲ့သည်။ ပြင်းထန်သော ဂီတအဖြစ်အပျက်နှင့် အတူတစ်သားတည်း ကျလာခဲ့သည်။ ဂီတအရည်အသွေး မြင့်တက်မှုနှင့်အတူ Christian metal နှင့် hardcore တီးဝိုင်းများသည် Tooth and Nail, Solid State, Facedown Record နှင့် secular label များဖြစ်သော Metal Blade နှင့် victory record အစရှိသောrecord များတွင် လက်မှတ်ရေးထိုးလာကြသည်။ Christian metal သည် non-christian outlet မှ ရရှိလာခဲ့သည်။ The German secular metal label Nuclear Blast Records သည် Christian metal ကိုဖြန့်ချိခဲ့သည်။ Norway မှ Arctic Serenades Record မှ Torodd Fuglesteg က အခိုင်အမာဆိုသည်မှာ nuclear Blast ပိုင်ရှင်သည် ခရစ်ယာန်များကို လွှဲအပ်ခဲ့သည်။ သူသည် Nuclear Blast ဖြတ်လျက်သူသည် ဘာသာရေးမှတ်တမ်းနှင့် အတူ အရာအားလုံးကို တွန်းထိုးခဲ့သည်။

၂၀၀၀ ပြည့်နှစ်များ[ပြင်ဆင်ရန်]

ပထမဆုံး ၂၁ရာစု၏ဆယ်စုနှစ်အတွင်းတွင် အချို့အုပ်စုများသည် mainstream လူကြိုက်များလာခဲ့သည်။ Christian metal တီးဝိုင်းများသည် metal မျိုးခွဲတိုင်းကို ဖျော်ဖြေတင်ဆက်ကြသည်။ ၁၉၈၀အစောပိုင်းတွင် ထွက်ပေါ်လာခဲ့ကတည်းက christian metal လှုပ်ရှားမှုသည် ကမ္ဘာတစ်ဝန်းသို့ ကျယ်ပြန့်လာခဲ့သည်။ ယခုအခါ chritian metal တီးဝိုင်းများ ရာနှင့်ချီ ၍ရှိနေသည်။ metal revivalတို့၏ လှုံဆော်မှုကြောင့် ၁၉၈၀ တီးဝိုင်းများဖြစ်သည့် Saint, Bloodgood နှင့် Stryper တို့ပြန်လည်အသက်ဝင်လာခဲ့သည်။ ၂၀၀၄အောက်တိုဘာတွင် Doug Van Peltသည် Heaven’s Metal ကိုပြန်လည်ယူဆောင်လာခဲ့သည်။ internet တွင် Christian metal revival များပြန်လည်အရေးပါလာခဲ့သည်။ website အများစုနှင့် online community များသည် Christian metal ဂီတ၊ အဖြစ်အပျက်နှင့် တီးဝိုင်းများအကြောင်းဆွေနွေးလာကြသည်။

၁၉၈၀ တွင် Stryper အောင်မြင်ပြီးကတည်း Underoath နှင့် P.O.D အပါအဝင် Christian metal အနုပညာရှင်များသည် Christianနှင့် non-christian ဝါသနာအိုးများထံသို့ သန်းနှင့်ချီသော album များရောင်းချနိုင်လာသည်။ Metalcore သည် လူကြိုက်များသော christiam တီးဝိုင်းများနှင့်အတူ ထူးခြားလာခဲ့သည်။ crossover တီးဝိုင်းများဖြစ်သော Underoath, As I Lay Dying, August Burns Red, Blessthefall, Norma Jean, Haste the Day, The Devil Wears Prada, Disciple နှင့် Demon Hunter အစရှိသော တီးဝိုင်းများပါဝင်သည်။ As I lay Dying သည် Billboard 200တွင် နံပါတ်၈နေရာသို့ရောက်ရှိခဲ့ပြီး သူတို့၏ ၂၀၀၇ album “An Ocean Between Us” မှ Single Nothing Left သီချင်းသည် Grammy တွင် Best Metal Performance အတွက် နာမည်သွင်းခံရသည်။ ထို album သည် ကနေဒါမှ Metal Blade Record တွင် နံပါတ် ၁၉ နေရာသို့ရောက်ရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးအချပ်ရေ ၄၀၀၀၀ ရောင်းချနိုင်ခဲ့သည်။ ဒုတိယအပတ်တွင် United States နှင့် ကနေဒါနိုင်ငံတွင် နံပါတ် ၃၉ နေရာသို့ ရောက်ရှိခဲ့သည်။ United Kingdom တွင် နံပါတ်၁၁၇နှင့် Japan တွင် နံပါတ် ၁၅၄နေရာသို့ ရောက်ရှိခဲ့သည်။ ၂၀၀၆ခုနှစ် Revolver magazineတွင် Chritian metalသည် phenomenon of the year ဖြစ်လာခဲ့သည်။ As I Lay Dying, Demon Hunter, Norma Jean နှင့် Underoath, Tim Lambesis, Ryan Clark, Cory Brandan Putman နှင့် Spencer Chamberlain တို့ အဆိုရှင်များအကြောင်း မဂ္ဂဇင်း၏ ရှေ့စာမျက်နှာ ဆောင်းပါးတွင် ပါဝင်လာခဲ့သည်။