Death-doom

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Death-doom တစ်ခါတစ်ရံ death/doom, deathdoom တစ်နည်းအားဖြင့် doomdeath ဖြစ်ပြီး heavy metal ၏ ပြင်းထန်သော မျိုးခွဲတစ်မျိုးဖြစ်သည်။ ၎င်းသည် slow tempoများ၊ အဆိုးမြင်ဝါဒများ(သို့) doom metal၏ စိတ်ဓာတ်ကျဆင်းခြင်းနှင့်အတူ နက်ရှိုင်းသော growling vocalများနှင့် death metal ၏ double kick drumming တို့ဖြင့် ပေါင်းစပ်ထားသည်။ ဤအမျိုးအစားသည် ၁၉၈၀ အလယ်တွင် ပေါင်းစပ်ထားပြီး ၁၉၉၀ အတောအတွင်းတွင် တိကျသော လူကြိုက်များမှု ဖြစ်လာခဲ့သည်။ သို့သော် ၂၁ ရာစုအတောအတွင်းတွင် လျော့နည်းလာခဲ့သည်။ death/doom သည် funeral doom နဲ့ melodic နှင့် romatic gothic metal နဲ့ဆက်စပ်လာခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အစောပိုင်း traditional doom metal, thrash နှင့် death metal အခြေတည်စအချိန် ၁၉၈၀ ရာစုအလယ်တွင် death/doom အမျိုးအစား စတင်ခဲ့သည်။ အစောပိုင်း Paradise Lost, My Dying Bride နှင့် Anathema တီးဝိုင်းတို့သည် ၁၉၈၀ အလယ် sound များဖြစ်သော Celtic Frost နှင့် အမျိုးသမီးအဆိုသံများ အသုံးပြုထားသော Candlemass တို့နှင့် ပေါင်းစပ်ခဲ့သည်။ ဤ death/doom သည် ရှေ့ဆယ်စုနှစ်အတောအတွင်းတွင် လူကြိုက်များမှု လျော့နည်းလာမည်ပုံ ပေါ်သည်။ မည်သို့ပင်ဖြစ်စေ ပုံစံသည် funeral doom ထဲတွင်ဆက်လက်တည်ရှိနေခဲ့သည်။ ၁၉၉၀ အလယ်တွင် ပေါ်ထွက်လာခဲ့သည်။ အထူးအားဖြင့် ဖင်လန်တီးဝိုင်းများဖြစ်သော Thergothon, Unholy နှင့် Skepticism တို့၏ အမျိုးအစားထဲတွင် တွေ့ရှိရသည်။