Death metal

ဝီကီပီးဒီးယား မှ

Death metal သည် heavy metalဂီတ၏ ပြင်းထန်သော မျိုးခွဲတစ်မျိုးဖြစ်သည်။ ထုံးစံအတိုင်း ကြီးမားလေးလံသော distorted နှင့် low tuned guitar များကို အသုံးပြုထားပြီး palm muting နှင့် tremolo picking technique များဖြင့် တီးခတ်ထားသည်။ နက်ရှိုင်းသော မာန်ဖီသံ(သို့) စူးရှသောအဆိုပုံစံဖြင့် သီဆိုကြသည်။ ဒရမ်တီးခတ်ပုံမှာ double kick (သို့) blast beat နည်းပညာများဖြင့် ထူးခြားသည်။ minor key များ၊ ရုတ်တရက်ဖြစ်သော tempo, key, time signature များပြောင်းလဲပြီး chromatic chord progression များအသုံးပြုထားသည်။ စာသားများမှာ slasher film များဖြင့် ဖော်ပြပြီး ဆာတန်ဝါဒ၊ ခက်ခဲနက်နဲသည့် ပညာများ၊ lovecraftian horro၊ သဘာဝ၊ စိတ်စွမ်းအင်နှင့် ဆိုင်ခြင်း၊ ဒဿနိကဗေဒ၊ သိပ္ပံပညာနှင့် ဆိုင်သောတီထွင် ဖန်တီးခြင်း နှင့် နိုင်ငံရေးအကြောင်းအရာများကို ရေးစပ်ထားသည်။ သူတို့သည် ပြင်းထန်စွာ ဖျော်ဖြေတင်ဆက်ကြသည်။ ဖယ်ရှားဖျက်ဆီးခြင်း၊ ခွဲခြားစိတ်ဖြာ ဆန်းစစ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ဇာတ်တူသားစားခြင်းတို့ပါဝင်သည်။

thrash metal နှင့် အစောပိုင်း black metal များမှ ဂီတတည်ဆောက်ပုံများဖြင့် တည်ဆောက်ထားသည်။ death metal သည် ၁၉၈၀ အလယ်ပေါ်ထွက်လာခဲ့သည်။ Venom, Slayer, Celtic Frost နှင့် Kreator စသော တီးဝိုင်းများမှာ ဤအမျိုးအစားဖန်တီးမှုတွင် အရေးပါစွာ လွှမ်းမိုးခဲ့သည်။ Possessed နှင့် Death တီးဝိုင်းတို့နှင့်အတူ Autopsy, Obituary, Decide, Cannibal Corpse နှင့် Morbid Angel တို့သည် ဤအမျိုးအစားကို တီထွင်သူဖြစ်သည်ဟု ယူဆကြသည်။ ၁၉၈၀ နောက်ပိုင်းနှင့် ၁၉၉၀ အစောပိုင်းတွင် death metal သည် media ၏ အာရုံစူးစိုက်မှုကို ခံရပြီး ကျော်ကြားသော record label များဖြစ်သော Combat, Earacheနှင့် Roadrunner တို့နှင့် death metal တီးဝိုင်းများ လက်မှတ်ရေးထိုးကြသည်။

Death metal သည် မျိုးခွဲများ ပေါက်ပွားလာခဲ့သည်။ melodic death metal သည် New Wave of British Heavy Metal နှင့်အတူ death metal အစိတ်အပိုင်းများနှင့် ပေါင်းစပ်ထားသည်။ technical death metal သည်ရှုပ်ထွေးသောပုံစံများနှင့် ယေဘုယျမဟုတ်သော ဟာမိုနီနှင့် melody များပါဝင်သည်။ Death-doom ၏ နက်ရှိုင်းသော ဟိန်းဟောက်သံများနှင့် death metal ၏ slow tempoနှင့်အတူ double-kick ဒရမ်တီးခတ်ပုံနှင့် doom metal မှ atmosphere တို့နှင့် ပေါင်းစပ်ထား သည်။ deathgrind, goregrind နှင့် pornogrind တို့၏ ရှုပ်ထွေးသော death metal အမြန်နှုန်းနှင့် ရောစပ်ထားသည်။ Deathcore သည် death metal နှင့် metalcore ကို ပေါင်းစပ်ထားသည်။ Death n’ roll သည် death metal ၏ ဟိန်းဟောက်သံနှင့် မြင့်မားသော distort, detune guitar riff များနှင့် ၁၉၇၀ hard rock နှင့် heavy metal ၏ အစိတ်အပိုင်းများနှင့် ပေါင်းစပ်ထားသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပေါ်ထွက်လာခြင်းနှင့် အစောပိုင်းသမိုင်းကြောင်း[ပြင်ဆင်ရန်]

အင်္ဂလိပ် heavy metal တီးဝိုင်း Venom (Newcastle) သည် သူတို့၏ ၁၉၈၁ album “Welcome to Hell” နှင့်အတူ thrash metal, death metal နှင့် black metal ဟု လူသိများကြသည်။ သူတို့၏ ဒေါသထွက်နေသောအသံများ၊ စူးရှသော သီဆိုခြင်းနှင့် ဆာတန်မာရ်နတ်ပုံရိပ်သည် extreme metal တီးဝိုင်းများကို လှုံ့ဆော်ထားသည်။ အခြားအရှိန်အဝါရှိသော တီးဝိုင်းမှာ slayer ဖြစ်ပြီး ၁၉၈၁တွင် ဖွဲ့စည်းခဲ့သည်။ တီးဝိုင်းသည် thrash metal ဖျော်ဖြေတင်ဆက်သော်လည်း slayer ဂီတသည် သူ၏ thrash ခေတ်ပြိုင်များဖြစ်သော Metallica, Megadeth နှင့် Anthrax တို့ထက် ပြင်းထန်သည်။ သူတို့၏ ဇက်ကျိုးလောက်အောင်မြန်သော အရှိန်နှုန်းနှင့် တူရိယာကျွမ်းကျင်မှုနှင့် သေခြင်းတရား၊ ဒေါသနှင့် စစ်ပွဲနှင့် ဆာတန်မှုဝါဒ ကို ရေးဖွဲ့ထားသည့် စာသားများကြောင့် အနိုင်ရခြင်းဖြစ်သည်။ AllMusic အရ သူတို့၏ တတိယ album “Reign in Blood” death metal အမျိုးအစားကို လုံး၀ လှုံ့ဆော်ခဲ့သည်။ Death, Obituary နှင့် Morbid Angel တို့၏ဦးဆောင် သူတို့အပေါ် ကြီးမားစွာ ထိတွေ့ခဲ့သည်။

Possessed တီးဝိုင်းသည် ၁၉၈၃ အတောအတွင်းတွင် San Francisco Bay Area တွင် တည်ထောင်ခဲ့သည်ဟု ဆိုသည်။ Allmusic က သူ၏ “Seven Churches” album သည် thrash metal နှင့် death metal ကြားထဲတွင် ရှိသည်ဟု ဆိုသည်။ Slayer ၏ လွှမ်းမိုးမှုများပါဝင်ပြီး Venom နှင့် Motorhead တို့ကိုလည်း ကိုးကားထားသည်ဟုလည်း ဆိုသည်။ ဤအုပ်စုသည် studio album နှစ်ခုဖြန့်ချိခဲ့ပြီး ဂီတဂျာနယ်လစ်နှင့် ဂီတသမားတို့က death metal ပုံစံဖွံ့ဖြိုးမှုတွင် အထိမ်းအမှတ်ဖြစ်စေခဲ့သည် ဟုဆိုသည်။

Possessed တီးဝိုင်းစတင်ချိန်တွင် florida တွင် ဒုတိယမြောက် Death ဟူသော တီးဝိုင်းတစ်ခု ဖွဲ့စည်းခဲ့သည်။ ၁၉၈၃ တွင် Chuck Schuldiner, Kam Lee နှင့် Rick Rozz တို့ ဖွဲ့စည်းထားသည်။ ၁၉၈၄ တွင် သူတို့၏ ပထမဆုံး demo album “ Death by Metal”ကို ဖွဲ့စည်းခဲ့သည်။ တိတ်ခွေများဖြင့် ကမ္ဘာအနှံ့သို့ ကူးသန်းရောင်းဝယ်ခဲ့ပြီး တီးဝိုင်းနာမည်ကို လျင်မြန်စွာ တည်မြဲစေခဲ့သည်။ Death တီးဝိုင်းမှ ဂီတာသမား Schuldiner အဆိုလေ့ကျင့်စဉ်တွင် အဓိက ထိတွေ့စေခဲ့သည်။ မြန်သော minor-key riff များနှင့် solo များသည် လျင်မြန်သော ဒရမ်တီးခတ်ပုံနှင့်အတူ ပြည့်စုံစေခဲ့သည်။ ပုံစံကို ဖန်တီးပြီး တိတ်ခွေရောင်းဝယ်ပြီး နှစ်နှစ်သက်သက်လက်ခံစေခဲ့သည်။ Schuldiner သည် Allmusic တွင် “Father of Death Metal” ဟု ကျယ်ပြန့်စွာ အသိအမှတ်ပြုစေခဲ့သည်။ Death ၏ ၁၉၈၇ Scream Bloody Gore ဖြန့်ချိခဲ့ပြီး About.com တွင် “evolution from thrash metal to death metal” ဟုဖော်ပြခဲ့သည်။ San Fransico Chronicle တွင် ပထမဆုံး death metal မှတ်တမ်းဖြစ်လာသည်။ Possessed နှင့် Death တို့နှင့်အတူ United States မှ death metal တီထွင်သူများတွင် Necrophagia, Massacre, Autopsy, Immotation, Cannibal Corpse နှင့် Post Mortem တို့ပါဝင်သည်။

ကျော်ကြားမှု ကြီးထွားလာခြင်း[ပြင်ဆင်ရန်]

၁၉၈၉ တွင် တီးဝိုင်းများ စိတ်တက်ကြွစွာ label များတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ဖလော်ရီဒါမှ Obituary, Morbidနှင့် Decide တို့လည်းပါဝင်သည်။ စုဝေးထားသော death metal တီးဝိုင်းများကို “Florida death metal” ဟု ဖော်ပြခဲ့ကြသည်။ death metalသည် ၁၉၈၀ နောက်ပိုင်းတွင် ဆွီဒင်သို့ပျံ့နှံခဲ့သည်။ Carnage, God Macabre, Entombed, Dismember နှင့် Unleashed အစရှိသော တီထွင်သူများနှင့် တိုးတက်စေခဲ့သည်။ ၁၉၉၀ အစောပိုင်းတွင် melodic death metal ပေါ်ထွက်လာပြီး Dark Tranquillity, At the Gates နှင့် In Flames တီးဝိုင်းတို့နှင့်အတူ အသိအမှတ်ပြုကြသည်။

မူလ death metal ဆန်းသစ်တီထွင်သူများနှင့်အတူ ဆယ်စုနှစ်အဆုံးတွင် မျိုးခွဲအသစ်များ စတင်ခဲ့သည်။ ဗြိတိန်တီးဝိုင်း Napalm Death သည် death metalနှင့် ဆက်နွယ်၍ တိုးမြှင့်လာခဲ့သည်။ အထူးသဖြင့် ၁၉၉၀ Harmony Corruption တွင်ဖြစ်သည်။ ထို album တွင် aggressive နှင့် guitar riffing နည်းပညာများ၊ ရှုပ်ထွေးသော rhythm များ၊ ဆန်းပြားသော ဟိန်းဟောက်သံများနှင့် စာသားအကြောင်းအရာများမှာ လူမှုရေးအကြာင်းအရာဖြစ်ပြီး grindcore မျိုးခွဲပေါ်ထွက်လာခြင်းနှင့်အတူ ဦးဆောင်ခဲ့သည်။ အခြားတီးဝိုင်းများလည်း ဤအစောပိုင်းလှုပ်ရှားမှုတွင် သိသာထင်ရှားစွာ ပါဝင်ကူညီခဲ့သည်။ ဗြိတိန်မှ Bolt Thrower နှင့် Carcass နှင့် New Yorkမှ Suffocation တို့ပါဝင်သည်။

၁၉၉၁တွင် Death တီးဝိုင်း၏ လေးခုမြောက် album “Human” ကို ဖြန့်ချိခဲ့သည်။ modern death metal ပုံစံမျိုးဖြစ်သည်။ Death တီးဝိုင်းတည်ထောင်သူ Schuldiner သည် တင်းမာကျပ်တည်းသော အရှိန်နှုန်းနှင့် နည်းပညာကျွမ်းကျင်မှုတို့နှင့် ကူညီခဲ့သည်။ ရှုပ်ထွေးသော rhythm guitar နှင့် ရှုပ်ထွေးသော arrangement များနှင့် ခံစားမှုကို လှုံ့ဆော်သော guitar solo များ ပါဝင်သည်။ အခြားဥပမာများမှာ Carcass ၏ Necrotiscism – Descanting the Insalubrious၊ Suffocation ၏ Effigy of the Forgotten နှင့် Entombed ၏ Clandestine တို့ဖြစ်သည်။ ဤအချက်တွင် လက္ခဏာအားလုံးတွင် ရုတ်တရက်ဖြစ်သော tempo နှင့် မြန်ဆန်၍ ပြင်းထန်သော ဒရမ်တီးခတ်ခြင်း၊ သေခြင်းတရားနှင့်ဆိုင်သော စာသားများနှင့် ဟိန်းဟောက်မာန်ဖီသံတို့ဖြစ်သည်။

Earache Records, Relativity Records နှင့် Road Runner Records များမှာ ဤအမျိုးအစား၏ အရေးပါသော label များဖြစ်လာခဲ့သည်။ ဤ label များမှာ death metal label များမဟုတ်သော်လည်း ၁၉၉၀ အစပိုင်းတွင် ဤအမျိုးအစား၏ အထင်ကရ label များဖြစ်လာခဲ့သည်။ Nuclear Blast, Century Media နှင့် Peaceville labelများလည်း ဖွဲ့စည်းခဲ့သည်။ ၁၉၉၀ တစ်လျှောက် ဤ label များသည် metal ၏ အခြားအမျိုးအစားများထဲတွင် အောင်မြင်မှုရရှိခဲ့သည်။

၁၉၉၀ စက်တင်ဘာလတွင် Death တီးဝိုင်း၏ မန်နေဂျာ Eric Greif သည် ပထမဆုံး မြောက်အမေရိကန် death metal ပွဲတော်ကို ကျင်းပခဲ့သည်။ Autopsy, Broken Hope, Hellwitch, Obivenon, Revenant, Viogression, Immolation, Atheist နှင့် Cynic တို့အပါဝင် တီးဝိုင်း၂၆ခုပါဝင်ခဲ့သည်။

နောက်ပိုင်းသမိုင်းကြောင်း[ပြင်ဆင်ရန်]

death metal သည် ၁၉၉၂-၉၃ ခေတ်တွင် ကျော်ကြားမှုထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။ Morbid Angel, Cannibal Corpse နှင့် Obituary တို့သည် စီးပွားရေးအရ အောင်မြင်မှု ရရှိခဲ့သည်။ မည်သို့ပင်ဆိုစေ ဤအမျိုးအစားသည် mainstream မှ ပြိုကွဲမည် မဟုတ်ပေ။ နော်ဝေး black metal နှင့် ဆွီဒင် death metal ဖြစ်ရပ်များကြားထဲတွင် ဤအမျိုးအစားသည် လူကြိုက်များမှု မြင့်တက်လာခဲ့သည်။ Darkthrone မှ Fenriz သည် နော်ဝေး black metal ဂီတသမားများသည် death metal ဖြစ်ရပ်နှင့်အတူ စိတ်ပျက်လာခဲ့သည်ကို ဂရုပြုမိသည်။ death metal သည် ၁၉၉၀ တွင် မျိုးခွဲများကွဲလာပြီး ယနေ့ခေတ်တွင် underground ၌ မျိုးခွဲများစွာရှိသည်။

ဝိသေသလက္ခဏာများ[ပြင်ဆင်ရန်]

တီးခတ်ခြင်း[ပြင်ဆင်ရန်]

death metalတွင် ဂီတာသမားနှစ်ယောက်၊ ဘေ့စ်သမားတစ်ယောက်၊ အဆိုရှင်တစ်ယောက်နှင့် ဒရမ်သမားတစ်ယောက်ပါဝင်ပြီး double – bass blast beat ကိုအသုံးပြု ထားသည်။ ဤပုံစံမှာ စံနှုန်းဖြစ်သော်လည်း တီးဝိုင်းများသည် electronic keyboard ကဲ့သို့ အခြားတူရိယာများဖြင့် ပေါင်းစပ်ကြသည်။ ဤအမျိုးအစားသည် မြန်၍မြင့်သော distorted နှင့် low tuned ဂီတများဖြင့် palm muting နှင့် tremolo picking နည်းပညာများဖြင့် တီးခတ်ကြသည်။ ပြင်းထန်၍ အားကောင်းစွာ တီးခတ်ကြသည်။

Death metal ကို ဟိန်းဟောက်သံသီဆိုပုံနှင့် ရုတ်တရက်ဖြစ်သော tempo၊ key နှင့် time signature များဖြင့် သိကြသည်။ death metal သည် chromatic chord progression နှင့် သီချင်းတည်ဆောက်ပုံများ ပြောင်းလဲကြသည်။ တချို့အဖြစ်အပျက်တွင် melodic riffများနှင့် ဟာမိုနီများကို အကျိုးသက်ရောက်စေရန် ပေါင်းစပ်ထားသည်။ melody နှင့် harmony များကို melodic death metal ဖန်တီးခြင်းတွင်လည်း ပေါင်းစပ်ထားသည်။


သီဆိုခြင်းနှင့် စာသားများ[ပြင်ဆင်ရန်]

death metal သီဆိုပုံမှာ death growl ပုံစံဖြစ်ပြီး အက်ကွဲသံ၊ ဟိန်းဟောက်သံနှင့် မာန်ဖီသံများဖြစ်သည်။ death growling သည် screaming ၏ ပုံစံတစ်မျိုးဖြစ်ပြီး vocal fryဟူသော နိမ့်သော သီဆိုသံတွင် အသုံးပြုသည်။ မည်သို့ပင်ဆိုစေ vocal fryသည် screaming ၏ လေသံတစ်မျိုးဖြစ်သည်။ growling ဖြင့် ဖျော်ဖြေတင်ဆက်နေစဉ် အဆိုရှင်များသည် fry screaming technique ကို အသုံးပြုထားသည်။ death growling တွင် အခြားကွဲပြားသော နည်းပညာများကို သုံးထားသည်။ အဓိကနည်းလမ်းသုံးမျိုးတွင် ကြမ်းတမ်းစူးရှသော သီဆိုပုံများကို အသုံးပြုထားသည်။ vocal fry screaming၊ false chord screaming နှင့် death growl ဟူ၍ ခြုံမိသည်။ High-pitched screaming ကိုလည်း death metal တွင် တစ်ခါတစ်ရံ အသုံးပြုထားသည်ကို တွေ့ရသည်။ Death၊ Exhumed၊ dying fetus၊ Cannibal Corpse နှင့် Deicide တို့၏ သီချင်းများတွင် နားထောင်နိုင်သည်။ ထို့ပြင် အနုပညာရှင်များသည် ပို၍ပြင်းထန်စေရန် ပါဝင်ကူညီကြသည်။

မူလအသုံးအနှုန်း[ပြင်ဆင်ရန်]

မျိုးခွဲများသည် လူကြိုက်များလာခဲ့သည်မှာ Possessed တီးဝိုင်း၏ ၁၉၈၄ demo album တွင်ဖြစ်သည်။ ၁၉၈၅ album “Seven Churches” တွင်လည်း ထူးခြားခဲ့သည်။ Possessed တီးဝိုင်းမှ အဆိုရှင်နှင့်ဘေ့စ်သမား Jeff Becerra သည် ၁၉၈၃ အစောပိုင်းတွင် ဖန်တီးခဲ့သည်ဟု ဆိုသည်။ ဤစကားရပ်သည် Noise Records မှ ဖြန့်ချိသော Death metal Compilation (၁၉၈၄)တွင် ပါဝင်ခဲ့သည်။ အခြား recording ဖြစ်သော Death တီးဝိုင်း၏ demo ဖြစ်သည့် (Death by Metal (1984)တွင် မှုလစတင်ခဲ့သည်။


ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

  • Wikimedia Commons ရှိ Death metal နှင့်ပတ်သက်သော မီဒီယာများ