မြနန်းနွယ်

ဝီကီပီးဒီးယား မှ
မြနန်းနွယ်ရုပ်တု
ဗိုလ်တထောင်ဘုရားရှိ မြနန်းနွယ်ဘုရား

ယနေ့ခေတ်တွင် ဗိုလ်တစ်ထောင်စေတီတော်‎သမိုင်းနှင့် မြနန်းနွယ်၏ သမိုင်းစဉ်သည်လည်း ယှဉ်လျက် ပါလာသည်ကို တွေ့ရသည်။ အချို့က မြနန်းနွယ်သည် သိုက်နန်းရှင်ဖြစ်သည် ဟု ဆို၏။ အချို့က မြနန်းနွယ် သည် သိုက်ချုပ် ဟုပင်ဆို၏။ သိုက်နှင့် ဆက်နွယ်သူများ သိုက်ကြိုးဖြတ် လိုသူများက မြနန်းနွယ်ထံသို့ အရောက်သွားကြသည်။ မြနန်းနွယ် နတ်နန်းတွင် ပွဲထိုးခြင်း၊ ပုဝါအဝတ်အထည် လှူခြင်းများနှင့် ပူဇော်ပသကာ ဆုတောင်းကြသည်။ အမ မြနန်းနွယ် ဟာ လူအများကို အကျိုးဩဇာသက်ရောက်မှု ကြီးမားသည်။ ရန်ကုန်အနှံ့တွင် မြနန်းနွယ်နှင့် မြနန်းနွယ် အဆက်အနွယ်တို့က မင်းမူနေသည်မှာ အမှန်ပင်။ မြနန်းနွယ်တို့ ညီအစ်မ သုံးဖော်ဟု တချို့က ပြောကြသည်။ တချို့က မြနန်းနွယ်တွင် ညီအစ်မနှစ်ဖော် ရှိသည်ဟု ပြောကြသည်။ အချို့က မြနန်းနွယ် သည် ရှမ်းပြည်မှ ရောက်လာရဟုပြော၏။ တချို့က မြနန်းနွယ် ဆိုတာ သိုက်နန်းက လူ့ပြည်ကို အလည်လာသူဟု ပြော၏။

မြနန်းနွယ်အား ဗိုလ်တထောင်ဆံတော်ဦးစေတီတော်တွင်သာမဟုတ်၊ လှိုင်သာယာရှိ ရှေးဟောင်းရွှေရင်အေး စေတီတော်၌ လည်းကောင်း၊ အောင်မြေသာယာရွှေစေတီတွင် လည်းကောင်း၊ သန်လျင်မြို့ရှိ မွေ့လွန်းရှင်စေတီတော်တွင်လည်းကောင်း မြနန်းနွယ်နတ်နန်း တွေ့ရှိရသည်။

ကိုးကား