ပါစာ သဘာဝထိန်းသိမ်းရေးနယ်မြေ
ပါစာ သဘာဝထိန်းသိမ်းရေးနယ်မြေသည် တာချီလိတ်မြို့နယ်၊ ရှမ်းပြည်နယ်တွင် တည်ရှိသည်။ သစ်တောကြိုးဝိုင်းအဖြစ် ၁၉၉၆ ခုနှစ်ထိရှိခဲ့ပြီး၊ the Pagoda of Lwan Lin town အနီးတဝိုက်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် ရှမ်းလူမျိုးဖြစ်သော မိုင်းဖုံ( Maing Fone)ဆရာတော်ဘုရား၏ ကျေးဇူးတော်ကြောင့် ၁၉၉၆ ခုနှစ်တွင် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။
တည်နေရာ
မြောက်လတ္တီတွဒ်၂၀°၃၁'၊ အရှေ့လောင်ဂျီတွဒ် ၁၀၀°၀၀'၊ တာချီလိတ်မြို့နယ် ရှမ်းပြည်နယ်တွင် တည်ရှိသည်။ စတုရန်းကီလိုမီတာ ၇၇.၃ ကီလိုမီတာ ကျယ်ဝန်းသည်။[၁]
သဘာဝရင်းမြစ်များ
သစ်တောဝန်ထမ်းများ၏ ပြောကြားချက်အရ ပသျှူးဝက်ဝံ(နေဝက်ဝံ ဟုလည်းခေါ်ကြသည်) (Ursus malayanus) ရှိသည်ဟု သိရသည်။
ခြိမ်းခြောက်နေသောအန္တရာယ်များ
ရွေ့ပြောင်းတောင်ယာများက သဘာဝထိန်းသိမ်းရေးနယ်မြေအား ထိုးနှက်လျက်ရှိသည်။
ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ
သစ်တောဦးစီးဌာန(ကျိုင်းတုံ) ၏ လက်အောက်တွင်တည်ရှိသည်။ လုံခြုံရေးပြဿနာများကြောင့် စီမံကိန်းများပြုလုပ်နိုင်ခြင်းမရှိပေ။
ခရီးသွားလာရေးလုပ်ငန်း
လုံခြုံရေးကန့်သတ်ချက်များကြောင့် ဒေသခံများသာ ဘုရားဖူးအနေဖြင့် လာရောက်လေ့ရှိပြီး၊ နိုင်ငံခြားသားခရီးသွား ဧည့်သည်များသည် တာချီလိတ်မြို့တွင်းထိသာ အထူးဗီဇာဖြင့် ခွင့်ပြုသည်။ ထိုင်းနိုင်ငံနယ်စပ်မှာတဆင့် သို့တည်းမဟုတ် ရန်ကုန်မြို့မှ တဆင့် လေယာဉ်ဖြင့် သွားရောက်နိုင်သည်။
ကိုးကား
- ↑ မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံ မျိုးကွဲများကြွယ်ဝမှု။ သစ်တောဦးစီးဌာန။ 23 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- Report: Myanmar Protected Area (2011)