အပါယ်လေးဘုံ
ပုံပန်းသွင်ပြင်
(အပါယ်လေးပါး မှ ပြန်ညွှန်းထားသည်)
အပါယ် ဆိုသည်မှာ ပါဠိဘာသာ`အပါယ´ပုဒ်ကလာသည်။
`အပါယ´ကို `အပ+အယ´ဟု ပုဒ်ခွဲရသည်။
အပ = ကင်းသည်၊ မရှိပါ ဟု အနက်ရသည်။
အယ = နတ်ရွာ နိဗ္ဗာန်ကိုရခြင်း၊ ရောက်ခြင်း အကြောင်းဖြစ်သည့် ကုသိုလ်ကောင်းမှုကို ခေါ်သည်။
`အပ + အယ´ နှစ်ပုဒ်ကိုပေါင်းလျှင် = ကုသိုလ်ကောင်းမှု မရှိသည့်နေရာ ဟု အဓိပ္ပာယ်ရသည်။
ထို့ကြောင့် အပါယ်ဘုံသို့ ရောက်သူများသည် ကုသိုလ်ပြုခွင့်၊ ကုသိုလ်ရခွင့် မရှိပေ။
ဘုံ ဆိုသည်မှာ ပါဠိစကား `ဖြစ်ရာနေရာ၊ ဖြစ်ရာအရပ်´ ဟု အနက်ရသည်။
အပါယ်ဘုံဆိုသည်မှာ ကုသိုလ်ပြုခွင့်၊ ကုသိုလ်ရခွင့် မရှိသည့် သတ္တဝါများ၏ နေရာကို ခေါ်ဆိုသည်။
- ငရဲဘုံ ၊
- တိရစ္ဆာန်ဘုံ ၊
- ပြိတ္တာဘုံ၊
- အသူရကာယ်ဘုံ (၄)ဘုံပေါင်းပြီး ခေါ်ခြင်းဖြစ်သည်။[၁][၂]