ဆေးဖြတ်ကုန်းရွာ၊ သရက်ချောင်းမြို့နယ်

ဝီကီပီးဒီးယား မှ
ဆေးဖြတ်ကုန်း
ရွာ
ဆေးဖြတ်ကုန်းရွာ
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
ခရိုင်ထားဝယ်ခရိုင်
မြို့နယ်သရက်ချောင်းမြို့နယ်
ကျေးရွာအုပ်စုကင်းရှေ့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

'ဆေးဖြတ်ကုန်းရွာ(အင်္ဂလိပ်: Sayhpyatkone)သည် တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်သရက်ချောင်းမြို့နယ်ကင်းရှေ့ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၇၂၄၇ ဖြစ်သည်။[၁]


ရွာ၏တည်နေရာ[ပြင်ဆင်ရန်]

ဆေးဖြတ်ကုန်းရွာသည် ထားဝယ်မြို့ မှ သရက်ချောင်းမြို့နယ် နှင့် မြိတ်မြို့ သွာလမ်းမကြီးရှိ ထားဝယ်နာမည်ကြီး ရှင်ကိုးရှင်သမိုင်းဝင် ရှင်မုတ္ထီးဘုရား၊ရှင်မုတ္ထီးရွာ၏ အရှေ့ဘက်တွင် ရောင်းမော်ရွာ(ထားဝယ်မြို့နယ်) ကို ကျော်လွန်ပါက တောင်တစ်လုံးကိုပတ်၍တည်ရှိနေသော ဆေးဖြတ်ကုန်းရွာကို ရောက်ရှိမည့်ဖြစ်သည်။ဆေးဖြတ်ကုန်းရွာ နှင့် ရောင်းမော်ရွာတို့သည် နီးကပ်စွာ ရှိနေသော်လည်း မြို့နယ်များမှမတူကြပေ ရောင်းမော်ရွာသည် ထားဝယ်နယ်ဖြစ်ပြီး ဆေးဖြတ်ကုန်းရွာသည် သရက်ချောင်းနယ် ဖြစ်ကြသည်။ ဆေးဖြတ်ကုန်းရွာသည် မြို့နယ်ပြုသရက်ချောင်းမြို့နယ်နှင့် ၁၂ မိုင်ခန့် ဝေးသော်လည်း ခရိုင်ပြု ထားဝယ်မြို့နှင့် ၆.၈ မိုင်ခန့်သာဝေးသည်။


ကိုးကား[ပြင်ဆင်ရန်]