ရွှေမန်းမေ မီးရထား

ဝီကီပီးဒီးယား မှ
အထက်တန်းလူစီးတွဲအတွင်းပိုင်းအား ၁၉၆၀ခုနှစ်တွင် မြင်တွေ့ရစဉ်။

ရွှေမန်းမေ မီးရထား သည် မန္တလေးမြို့ မှ ရန်ကုန်မြို့ သို့ ပြေးဆွဲခဲ့သော မီးရထားလိုင်း တစ်ခုဖြစ်သည်။ ၁၉၅၉နှစ် နှစ်ဆန်းပိုင်းမှစတင်ပြီး မြန်မာ့မီးရထား မှပြေးဆွဲခဲ့ခြင်းဖြစ်ကာ အိပ်စင်၊ အထူးတန်း၊ ရိုးရိုးတန်းတွဲဆိုင်းများ၏ သန့်ရှင်းသပ်ရပ်မှုမှာလည်း တိုးတက်ခဲ့သည်။ [၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာ့မီးရထားမှ အထက်တန်းမီးရထားခရီးသည်များ သက်သာချောင်ချိစေရန်နှင့် သက်တောင့်သက်သာ ဖြစ်စေရန် ရည်ရွယ်၍ အထက်တန်းလူစီးတွဲသစ်များကို ဂျပန် စစ်လျော်ကြေးများဖြင့် အနောက်ဂျာမနီနိုင်ငံနှင့် ဂျပန်နိုင်ငံများ မှာယူခဲ့ခြင်းဖြစ်သည်။[၂] အဆိုပါ တွဲသစ်များကို ယခင် ပထမတန်းတွဲ နှင့် ဒုတိယတန်းတွဲများတွင် အစားထိုးပြီး ရန်ကုန်-မန္တလေး အစုန်အဆန် စာပို့ရထားများ အဖြစ် ပြေးဆွဲစေခဲ့သည်။ [၃]

အထက်တန်းတွဲသစ်ကြီးများတွင် ရွှေမန်းမေ ၊ ဒဂုံမေ စာတမ်းများချိတ်ဆွဲထားခဲ့သည်။ အတွင်းပိုင်းတွင် ကတီပါဖုံးများ ၊ အိပ်ရာထိုင်ခင်းများ၊ အရောင်တောင်ပသော အတွင်းသစ်သားများ၊ ရေခလုတ်၊ ကြည့်မှန်၊ အိမ်သာ၊ မီးဆိုင်း၊ ပန်ကာ စသည့်ဖြင့် ခရီးသည်များ သက်တောင့်သက်တာရှိ၍ စိတ်တိုင်းကျခဲ့ကြသည်။ အဆိုပါတွဲများ၏ တန်ဖိုးသည် ထိုခေတ်ကျပ်ငွေ တစ်သိန်းခွဲ ဖြစ်သည်။[၃] အမြင့်ဆုံး အမြန်နှုန်း တစ်နာရီ ၄၅မိုင်နှုန်းဖြင့် ပြေးဆွဲကြာချိန် (၁၀)နာရီဖြင့် ပြေးဆွဲနိုင်ခဲ့သည်။[၄]

၁၉၉၄ခုနှစ်တွင် အမှတ်(၁၈) အစုန် အမြန်ရထား အဖြစ် ပြောင်းလဲ ပြေးဆွဲခဲ့သည်။

လွတ်လပ်ရေးခေတ်ကာလ လူစီးရထားတွဲဆိုင်းများ

ရွှေမန်းမေ သီချင်း[ပြင်ဆင်ရန်]

သက်ဆိုင်ရာဌာနမှ တေးရေးဆရာရွှေပြည်အေးအား ရထားအတွက် သီချင်းအပ်ရာ ဆရာရွှေပြည်အေးက ရွှေမန်းမေဇာတ်ကားတွင် မာမာအေးသီဆိုခဲ့သောသီချင်းကို ခင်ယုမေနှင့် ပြန်လည်အသံသွင်းစေခဲ့ပါသည်။ ခင်ယုမေ ထပ်မံသီဆိုသောသီချင်းတွင် မီးရထားနှင့်လိုက်ဖက်အောင် မီးရထားခုတ်မောင်သံများ၊ မီးရထားဥဩသံများကို သီချင်းသံစဉ်နှင့်အညီ ထည့်သွင်းတီးမှုတ်စေခဲ့ပါသည်။

ထိုသီချင်းကို ရွှေမန်းမေ မီးရထားကြီး မန္တလေး-ရန်ကုန် ခုတ်မောင်းစဉ် ဖွင့်ခဲ့ပြီး လူကြိုက်များကာ အထူးအောင်မြင်ကျော်ကြားခဲ့ပါသည်။ ရွှေမန်းမေသီချင်း မူရင်းသီဆိုသူကိုလည်း ခင်ယုမေဟုပင် ပရိသတ်အများက ထင်မှတ်ခဲ့ကြသည်။

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. General Maung Maung Some Aspects of the Care-Taker Government An Experiment in Democratic Process
  2. ဂျပန်ပြည် တခေါက်၊ လူထုဦးလှ ၊ ၁၉၆၂ခုနှစ်
  3. ၃.၀ ၃.၁ မြန်မာပြည်မီးရထား မဂ္ဂဇင်း၊ ၁၉၅၅ခုနှစ် ဇူလှိုင်လ
  4. နှစ်တရာပြည့်မီးရထား ၁၉၇၇ခုနှစ်