မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံ၏ မီးရထားပို့ဆောင်ဆက်သွယ်ရေးသမိုင်း

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံ၏ မီးရထားပို့ဆောင်ဆက်သွယ်ရေးသည် ၁၈၇၇ ခုနှစ်၊ မေလတွင် စတင်ခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ အောက်ပိုင်းသည် ကိုလိုနီအင်္ဂလိပ်တို့၏ လက်အောက်ခံ နိုင်ငံ ဖြစ်သည်။ ရန်ကုန်မှ ဧရာဝတီ မြစ်ဝှမ်းဒေသသို့ လမ်းကြောင်း ဖောက်လုပ်ခဲ့သည်။ ထိုလမ်းသည် ၁၆၃ မိုင် ရှည်လျား၏။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အပြိုင်ဖောက်လုပ်ထားပြီး အိန္ဒိယမှ ခေါ်လာခဲ့သည့် လုပ်သားတို့ဖြင့် ဖောက်လုပ်ခဲ့ရာ သုံးနှစ်ကျော် ကြာမြင့်၏။ ၁၈၈၄ ခုနှစ်တွင် ၊ ကုမွပဏီသစ်တစ်ခုသည် စစ်တောင်းမြစ်ဝှမ်းဒေသရထားလမ်း ဖောက်လုပ်ခဲ့သည်။ ထိုရထားလမ်းသည် ရန်ကုန်မှ ပဲခူးတိုင်း၊ တောင်ငူမြို့အထိ ၁၆၆ မိုင် ရှည်လျားသည်။ ဧရာဝတီလမ်းကြောင်းသည် စီးပွားရေးအရ အရေးပါ၏။ ထိုဒေသမှ ဆန်စပါးများကို ရန်ကုန်မြို့သို့ သယ်ဆောင်ရန် ဖြစ်၏။ စစ်တောင်းလမ်းကြောင်းသည် ဗျူဟာအရ အရေးပါ၏။ တောင်ငူမြို့သည် အထက်မြန်မာပြည်နှင့် နီးကပ်စွာ တည်ရှိ၏။[၁] ထိုလမ်းကြောင်းသည် ရထားလမ်းဖွင့်လှစ်ပြီး တစ်နှစ်ကြာပြီးနောက် ဖြစ်ပွားသည့် တတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲတွင် ထင်ရှားအရေးပါလာခဲ့သည်။[၂] နှစ်လမ်းသွားရထားလမ်းကို တည်ဆောက်ရာတွင် ကုန်ကျစရိတ်သည် ပေါင် ၁၉၂၆၆၆၆ (£1,926,666) ရှိခဲ့သည်။[၁] အထက်မြန်မာပြည်ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရထားလမ်းကို တောင်ငူမှ မန္တလေးအထိ တိုးချဲ့ခဲ့ရာ ၂၂၀ မိုင် ရှည်လျား၏။ ထိုလမ်းပိုင်း ဖွင့်လှစ်ပြီးနောက် မူးမြစ်ဝှမ်းဒေသရထားလမ်းကို တည်ဆောက်ခဲ့သည်။ တည်ဆောက်မှုကို စစ်ကိုင်းမှ မြစ်ကြီးနားအထိ စတင်ခဲ့သည်။ ထို့နောက် ၁၈၉၁ ခုနှစ်တွင် မန္တလေးမှ ရွှေဘိုအထိကို ဆက်သွယ်ခဲ့သည်။ ၁၈၉၃ ခုနှစ်တွင် ဝန်သိုအထိ ဆက်သွယ်ခဲ့သည်။[၃] ၁၈၉၅ ခုနှစ်တွင် ကသာမြို့ကို ဆက်သွယ်ခဲ့သည်။ ၁၈၉၈ ခုနှစ်တွင် မြစ်ကြီးနားသို့ ဆက်သွယ်ခဲ့သည်။ ထိုရထားလမ်းပိုင်းကို ဖွင့်လှစ်ပြီးခြင်းနှင့်အတူ ရန်ကုန်မှ မြစ်ကြီးနားအထိ လမ်းကို ကချင်တောင်တန်းများကို ဖြတ်ကျော်ဖောက်လုပ်ခဲ့သည်။[၁] ဧရာဝတီမြစ်ကို ဖြတ်ကူးရန် စစ်ကိုင်းမြို့အင်းဝတံတားကို ဆောက်လုပ်ခဲ့သည်။ အင်းဝတံတားသည် ဧရာဝတီမြစ်ကူးဖြတ်ကူးရန် တစ်ခုတည်းသော တံတားဖြစ်ပြီး ၁၉၃၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။[၄] ထိုတံတားတွင် ကားလမ်းနှင့် ရထားလမ်း ပါရှိသည်။[၅]

၁၈၆၆ ခုနှစ် [၆]

[ပြင်ဆင်ရန်]

၁၈၆၈ ခုနှစ်[၆]

[ပြင်ဆင်ရန်]

၁၈၇၄ ခုနှစ်

[ပြင်ဆင်ရန်]
  • စက်တင်ဘာလတွင် ရန်ကုန်-ပြည် ရထားလမ်း ဖောက်လုပ်ရေးကို အိန္ဒိယအစိုးရမှ လက်ခံ၍ စတင်ဖောက်လုပ်သည်။
  • ဘားမားကုမ္ပဏီလီမိတက်က ရန်ကုန်-တောင်ငူ လမ်းပိုင်း ဖောက်လုပ်ရန် အစိုးရအား အဆိုပြုသည်။

၁၈၇၇ ခုနှစ်

[ပြင်ဆင်ရန်]
  • မေလ(၁)ရက်နေ့ ရန်ကုန်-ပြည် ရထားလမ်းဖွင့်လှစ်၍ ပထမဆုံး ရထားပြေးဆွဲသည်။
  • အောက်တိုဘာလတွင်ရှိသည့် ရန်ကုန်-ပြည် ရထားလမ်းပိုင်း၏ ကုန်ကျငွေမှာ တစ်မိုင်လျှင် ရူးပီးငွေကျပ် ၆၁,၅၅၅ ဖြစ်သည်။

၁၈၈၁ ခုနှစ်

[ပြင်ဆင်ရန်]
  • ရန်ကုန်-တောင်ငူလမ်းပိုင်းအား အစိုးရမှ ဖောက်လုပ်ရန် ဆုံးဖြတ်သည်။

၁၈၈၂ ခုနှစ်

[ပြင်ဆင်ရန်]
  • အောက်မြန်မာနိုင်ငံ မီးရထားလုပ်ငန်းများ အားလုံးကို ကုမ္ပဏီမှ ဦးစီးလုပ်ကိုင်ရန် အစိုးရအား အဆိုပြုသည်။

၁၈၈၄ ခုနှစ်

[ပြင်ဆင်ရန်]
  • ဖေဖော်ဝါရီ(၄)ရက်နေ့ ရန်ကုန်-ညောင်လေးပင် လမ်းပိုင်း ဖွင့်လှစ်သည်။

၁၈၈၅ ခုနှစ်

[ပြင်ဆင်ရန်]
  • ဇူလှိုင်လ(၁)ရက်နေ့ ညောင်လေးပင်-တောင်ငူ လမ်းပိုင်း ဖွင့်လှစ်သည်။
  • ရန်ကုန်-တောင်ငူလမ်းပိုင်း၏ စုစုပေါင်း ကုန်ကျစရိတ်မှာ ရူးပီးငွေကျပ်(၁၃)သန်းဖြစ်သည်။
  • ဇန်နဝါရီလ(၁၅)ရက်နေ့ အထက်မြန်မာဘုရင်အစိုးရ မှ ပြင်သစ်အစိုးရနှင့် ကူးသန်းရောင်းဝယ်ရေး စာချုပ်ချုပ်ဆိုကြသည်။
  • နိုဝင်ဘာလ(၂၉)ရက်နေ့ အထက်မြန်မာနိုင်ငံကို ဗြိတိသျှတို့မှ သိမ်းပိုက်သည်။

၁၈၈၇ ခုနှစ်

[ပြင်ဆင်ရန်]
  • စက်တင်ဘာလတွင် ပဲခူး-မုတ္တမလမ်းပိုင်းအား ဖောက်လုပ်ရန် ကုမ္ပဏီဘက်မှ အဆိုပြုသည်။

၁၈၈၈ ခုနှစ်

[ပြင်ဆင်ရန်]
  • မေလ(၁)ရက်နေ့ တောင်ငူ-ပျဉ်းမနား လမ်းပိုင်း ဖွင့်လှစ်သည်။
  • နိုဝင်ဘာလ(၁၅)နေ့ ပျဉ်းမနား-ရမည်းသင်း လမ်းပိုင်း ဖွင့်လှစ်သည်။

၁၈၈၉ ခုနှစ်

[ပြင်ဆင်ရန်]
  • မတ်လ(၁)ရက်နေ့ ရမည်းသင်း-မန္တလေး လမ်းပိုင်း ဖွင့်လှစ်သည်။
  • နှစ်ကုန်ဆုံးချိန် တောင်ငူ-မန္တလေး လမ်းပိုင်း၏ ကုန်ကျငွေ စုစုပေါင်းမှာ ရူးပီးငွေကျပ် (၂၁)သန်း ဖြစ်သည်။ တစ်မိုင်လျှင် ရူးပီးငွေကျပ် ၉၄,၇၇၀ ဖြစ်သည်။
  • ဧပြီလ(၁၃)ရက်နေ့ မန္တလေး-မန္တလေးဆိပ်ကမ်း လမ်းပိုင်း ဖွင့်လှစ်သည်။
  • အောက်တိုဘာလ(၃၀)ရက်နေ့ ရန်ကုန်-ကြည်မြင့်တိုင် ဒွေးလမ်း ဖွင့်လှစ်သည်။

၁၈၉၀ ခုနှစ်

[ပြင်ဆင်ရန်]
  • ဇန်နဝါရီလတွင် စစ်ကိုင်း-မြစ်ကြီးနား ရထားလမ်း ဖွင့်လှစ်သည်။
  • ဇန်နဝါရီလ(၁)ရက်နေ့ ကြည်မြင့်တိုင်-အင်းစိန် လမ်းပိုင်းဖွင့်လှစ်သည်။
  • ဇူလှိုင်လ(၁၅)ရက်နေ့ ရန်ကုန်ဆင်ခြေဖုံး ကုန်ရထားလမ်းပိုင်း ဖွင့်လှစ်သည်။

၁၈၉၁ ခုနှစ်

[ပြင်ဆင်ရန်]
  • ဇူလှိုင်လ(၁)ရက်နေ့ စစ်ကိုင်း-ရွှေဘို လမ်းပိုင်းဖွင့်လှစ်သည်။
  • နိုဝင်ဘာလ(၂၂)ရက်နေ့ မြို့ဟောင်း-အမရပူရ လမ်းပိုင်း ဖွင့်လှစ်သည်။

၁၈၉၂ ခုနှစ်

[ပြင်ဆင်ရန်]
  • ဧပြီလ(၄)ရက်နေ့ ရွှေဘို-ဝန်းသိုလမ်းပိုင်း ဖွင့်လှစ်သည်။

၁၈၉၃ ခုနှစ်

[ပြင်ဆင်ရန်]
  • မေလ(၁၀)ရက်နေ့ သာစည်-မိတ္တိလာလမ်းပိုင်း ဖွင့်လှစ်သည်။
  • အိန္ဒိယ-မြန်မာ ရထားလမ်း ဖောက်လုပ်နိုင်ရေး လေ့လာတိုင်းတာခြင်းများ ပြုလုပ်သည်။

၁၈၉၄ ခုနှစ်

[ပြင်ဆင်ရန်]
  • နိုဝင်ဘာလ(၁)ရက်နေ့ ဝန်းသို-နမ့်ခမ်း လမ်းပိုင်း ဖွင့်လှစ်သည်။

၁၈၉၅ ခုနှစ်

[ပြင်ဆင်ရန်]
  • မန္တလေး-ကွမ်းလုံလမ်းပိုင်း ဖောက်လုပ်ရန် ကုမ္ပဏီမှ အဆိုပြုသည်။
  • အောက်တိုဘာလ(၂)ရက်နေ့ နဘား-ကသာလမ်းပိုင်း ဖွင့်လှစ်သည်။
  • အောက်တိုဘာလ(၂၁)ရက်နေ့ နမ့်ခမ်း-မိုးညှင်းလမ်းပိုင်း ဖွင့်လှစ်သည်။

၁၈၉၆ ခုနှစ်

[ပြင်ဆင်ရန်]
  • အိန္ဒိယ-မြန်မာ ရထားလမ်း ဖောက်လုပ်နိုင်ရေး လေ့လာတိုင်းတာခြင်းများ ပြုလုပ်သည်။
  • မတ်လ(၁)ရက်နေ့ မိုးညှင်း-မိုးကောင်းလမ်းပိုင်း ဖွင့်လှစ်သည်။
  • စက်တင်ဘာလ(၁)ရက်နေ့ မီးရထားလုပ်ငန်းများကို မြန်မာနိုင်ငံမီးရထားကုမ္ပဏီသို့ လွှဲပြောင်းသည်။
  • အိန္ဒိယ-မြန်မာ ရထားလမ်း ဖောက်လုပ်နိုင်ရန် ဘုရင်ခံချုပ်မှ ပယ်ချလိုက်သည်။

၁၈၉၇ ခုနှစ်

[ပြင်ဆင်ရန်]
  • ဖေဖော်ဝါရီလ(၂၂)ရက်နေ့ မီးရထားလုပ်ငန်းများကို အစိုးရမှ ကုမ္ပဏီကိုယ်စား ဝင်ရောက်လုပ်ကိုင်ပေးသည်။
  • မတ်လ(၂)ရက်နေ့ အစိုးရနှင့် ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုကြသည်။

၁၈၉၈ ခုနှစ်

[ပြင်ဆင်ရန်]
  • ဇန်နဝါရီလ(၁)ရက်နေ့ မိုးကောင်း-မြစ်ကြီးနားလမ်းပိုင်း ဖွင့်လှစ်သည်။
  • ဇန်နဝါရိလ(၁)ရက်နေ့ စစ်ကိုင်-မြစ်ကြီးနားလမ်းပိုင်း တောက်လျှောက် ဖွင့်လှစ်သည်။
  • ဇန်နဝါရီလ(၁)ရက်နေ့ မြို့ဟောင်း-ဆည်တော်လမ်းပိုင်း ဖွင့်လှစ်သည်။
  • ပဲခူး-မုတ္တမလမ်းပိုင်း ဖောက်လုပ်ရန် လေ့လာတိုင်းတာမှုများ ပြုလုပ်သည်။

၁၈၉၉ ခုနှစ်

[ပြင်ဆင်ရန်]
  • အောက်တိုဘာလ(၃)ရက်နေ့ မြို့ဟောင်း-မန္တလေး ဒွေးလမ်းဖွင့်လှစ်သည်။
  • နိုဝင်ဘာလ(၁၅)ရက်နေ့ မိတ္ထီလာ-မြင်းခြံလမ်းပိုင် ဖွင့်လှစ်သည်။

၁၉၀၀ ခုနှစ်

[ပြင်ဆင်ရန်]
  • ဧပြီလ(၁)ရက်နေ့ ဆည်တော်-မေမြို့လမ်းပိုင်း ဖွင့်လှစ်သည်။
  • ဧပြီလ(၁၅)ရက်နေ့ ရွာထောင်-အလုံလမ်းပိုင်း ဖွင့်လှစ်သည်။
  • မေလ(၂၀)ရက်နေ့ မေမြို့-နောင်ချိုလမ်းပိုင်း ဖွင့်လှစ်သည်။

၁၉၀၁ ခုနှစ်

[ပြင်ဆင်ရန်]
  • ဇွန်လ(၁)ရက်နေ့ နောင်ချို-သီပေါလမ်းပိုင်း ဖွင့်လှစ်သည်။
  • ဇွန်လ(၁)ရက်နေ့ ရန်ကုန်-ပုဇွန်တောင် ဒွေလမ်းဖွင့်လှစ်သည်။

၁၉၀၂ ခုနှစ်

[ပြင်ဆင်ရန်]
  • ဒီဇင်ဘာလ(၁၅)ရက်နေ့ ပုသိမ်-ဟင်္ဿတလမ်းပိုင်း ဖွင့်လှစ်သည်။

၁၉၀၃ ခုနှစ်

[ပြင်ဆင်ရန်]
  • ပဲခူး-မုတ္တမလမ်းပိုင်း စတင်ဖောက်လုပ်သည်။
  • မတ်လ(၁)ရက်နေ့ သီပေါ-လာရှိုးလမ်းပိုင်း ဖွင့်လှစ်သည်။
  • မတ်လ(၂၀)ရက်နေ့ ဟင်္ဿတ-ဟင်္ဿတဆိပ်ကမ်းလမ်ပိုင်း ဖွင့်လှစ်သည်။
  • မတ်လ(၂၀)ရက်နေ့ သာရဝေါ-လက်ပံတန်းလမ်းပိုင်း ဖွင့်လှစ်သည်။

၁၉၀၄ ခုနှစ်

[ပြင်ဆင်ရန်]
  • အိန္ဒိယ-မြန်မာ ရထားလမ်း ဖောက်လုပ်နိုင်ရန် မြန်မာနိုင်ငံအစိုးရမှ စီစဉ်သည်။
  • ဧပြီလ(၁၉)ရက်နေ့ ပုဇွန်တောင်-သင်္ကန်းကျွန်း ဒွေးလမ်းဖွင့်လှစ်သည်။
  • သြဂုတ်လ(၂၅)ရက်နေ့ အင်းစိန်-လှော်ကား ဒွေးလမ်းဖွင့်လှစ်သည်။

၁၉၀၅ ခုနှစ်

[ပြင်ဆင်ရန်]
  • ဧပြီလ(၁၀)ရက်နေ့ ပဲခူး-ညောင်ခါးရှည်လမ်းပိုင်း ဖွင့်လှစ်သည်။
  • ဇူလှိုင်လ(၁)ရက်နေ့ ဟင်္ဿတ-ဓမ္ဘီလမ်းပိုင်း ဖွင့်လှစ်သည်။
  • သြဂုတ်လ(၁၅)ရက်နေ့ ညောင်ခါးရှည်-ကျိုက်ထိုလမ်းပိုင်း ဖွင့်လှစ်သည်။
  • စက်တင်ဘာလ(၁၄)ရက်နေ့ ကျိုက်ထို-ကော့ကဒွတ်လမ်းပိုင်း ဖွင့်လှစ်သည်။
  • စက်တင်ဘာလ(၂၅)ရက်နေ့ ကော့ကဒွတ်-မုတ္တမလမ်းပိုင်း ဖွင့်လှစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ Nisbet၊ John (1901)၊ Burma Under British Rule - and Before, v1၊ London: Archibald Constable and Co. Ltd
  2. White၊ Herbert Thirkell (1913)၊ A Civil Servant in Burma၊ London: E. Arnold
  3. Dautremer, Joseph (1913) Burma under British Rule (translated from Dautremer, Joseph (1912) La Birmanie sous le régime britannique: une colonie modèle Guilmoto, Paris, OCLC 250415892) T.F. Unwin, London, page 205, OCLC 9493684; full text pp. 194-213 Archived 13 August 2017 at the Wayback Machine. from the online library eBooksRead.com
  4. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named vthompson
  5. Kratoska၊ Paul (2001)၊ South East Asian, Colonial History၊ Taylor and Francis
  6. ၆.၀ ၆.၁ နှစ်တရာပြည့် မီးရထား ၊ ၁၉၇၇ခုနှစ် ၊ စာ၁၉၀-၁၉၅